အချစ်ဆိုတာ
ဘယ်လိုမျိုးလဲ ဘယ်လိုအရာလဲမေးလာခဲ့ရင်
အချစ်ဆိုတာ ငါ့အတွက်တော့မောင်ဆိုသော လူသားလေးတစ်ဦးလို့.....အလှဆုံးအပြုံးတွေနဲ့ပြန်ဖြေမယ်ကမ္ဘာပေါ်မှာအပျော်ဆုံး လူသားလေးဆိုလျှင် Winနဲ့မောင် ပဲဖြစ်ပေလိမ့်မည်။မိဘ များရဲ့အလိုနဲ့ အကို ရဲ့ဆန့်ကျင်မှုများကြားကနေ ချစ်ရသူ မောင့် နောက်အရဲစွန့်ကာ Win ဘဝပုံအပ်ကာ လိုက်လာခဲ့သည်။
မြို့ပြင်သို့ ရောက်လာသည်နှင့် လေစိမ်းတွေတိုက်ခတ်လာသည်။ညနေအေးဖြစ်တာကြောင့်လေပူတွေမဟုတ်ဘဲ တစ်ဖြူးဖြူးနဲ့ တိုက်ခိုက်လာတဲ့လေအေးတွေကြောင်Win ရဲ့စိတ်တို့ပိုကြည်နူးရသည်။မောင် နဲ့အတူရှိသည် ဆိုတဲ့ခံစားချက်တစ်ချို့ကြောင့်လဲပါပေလိမ့်မည်။
" မောင် Win တို့ ခုဘယ်ကိုသွာနေကြတာလဲဟင် "
" ဘန်ကောက်ကို "
မောင့်အဖြေက ပြတ်သတ်လှပြီးမောင်တစ်ခုခုဖြစ်နေသည်ဆိုတာကိုWin သိသည်။မောင်က အရမ်းနူးညံ့သည်Win ကိုအချစ်ကြောင်းသင်ပေးခဲ့တဲ့မူကြိုပြဆရာလေးပေါ့ ။
ငယ်ငယ်တည်းက မိဘလက်အောက် အကို့ လက်အောက်ကနေကြီးပျင်းလာတဲ့Win အတွက် ဘွဲ့ရသည်အထိစာဂျပိုး တစ်ယောက်ရယ်ပါ။မောင်က Win ကိုပျော်ရွှင်အောင်လုပ်ပေးခဲ့သလို မောင်နဲ့နီးကပ်တဲ့အချိန်တိုင်း ခုန်စေတဲ့နှလုံးသားလေးကိုလဲတစ်ယုတယ နမ်းရှိုက်ရင်း ကုသပေးတယ်။
ဝူးးးး
Win တွေးနေတုန်းမှာပဲ မောင်က ခြံတစ်ခြံထဲ မောင်းဝင်လာသည်။ကားကို အရှိန်သတ်လိုက်ရင်း Bright ဆင်းလိုက်သည်။
အရပ်အမောင်း 6'2" အရွယ်ရှိသည့်အပြင် ပေပြစ်တဲ့အသား အရောင်က အရမ်းကြီးအဖြူဘက်မသွားပေမယ့် ပါးသိုင်းမွှေး အစိမ်းနုရောင်တွေကရိတ်ထားသည့်ကြားက ထင်းထင်းလေးပေါ်ထွက်နေသည်။ဘေးခွဲ ခွဲထားတဲ့ထူထပ်တဲ့ဆံနွယ်အကောက်လေးတွေက Bright ရဲ့ချောမောမှုကိုပိုခန့်ညားစေသည်။
လက်နှစ်ဖက်ကို ဘောင်းဘီ အိတ်ထဲ လျှိုသွင်းလိုက်ကာ အနက်ရောင်စူးစူး မျက်ဝန်းတစ်စုံက နန်းတော်အလား မြင့်မားပြီးထည်ဝါလှတဲ့ စံအိမ်တော်ကြီးကိုမော့ကြည့်ရင်း ခက်ထန်တဲ့ ကကြီးပုံသဏ္ဏန် နှုတ်ခမ်းလွှာနှစ်ခုတို့က အဓိပ္ပါယ်ပါပါ မသိမသာကွေးညွှတ်သွားသည်။

ВЫ ЧИТАЕТЕ
" မောင် " [ Completed ]
ФанфикBrightWin Fan Fic လေးပါ အသက်မပြည့်သေးသူများမဖတ်ပါနဲ့နော် Fb မှာလဲတင်ပါတယ်နော်💕