မျက်ရည်တွေနဲ့ အိပ်စက်ထားသည်မို့ မနက်ခင်းမျက်လုံးပွင့်တော့ မျက်လုံးကကျိန်းစက်နေသည်။ဆိုဖာပေါ် အိပ်ရတာကြောင့်လဲသက်သာမှုမရှိ ဂုတ်ဇက်တွေပါ နာနေသည်။
Win မွေ့ယာထက်ကြည့်လိုက်တော့ မောင်ကမနိုးသေး။ခြေသံကိုတတ်နိုင်သမျှ ဖွ လျှောက်ကာ ရေချိုးခန်းထဲ ဝင်ခဲ့သည်။
" မောင်နိုးပြီလား ..."
" Win ... မင်းကလေ ငါပြောရတာမောတယ် သိလားဘယ်နှခါပြောရမလဲ ငါနိုးလာလို့ မင်းငါ့ကိုတွေ့နေရတာပေါ့ "
" Win တောင်းပန်ပါတယ်မောင်ရယ် "
ဟွင်း !
မောင့်ထံမှ အစိမ်းသက်သက် အကြည့်စူးစူးတွေကိုရှောင်ကာ ကော်ဖီ ခွက်လေးကိုငှဲ့ရင်း မျက်လွှာချထားလိုက်သည်။Win မျက်လုံးတွေ မို့နေတာကြောင့်မောင့်ကိုမမြင်စေလိုပါ။
" မောင်အတွက် မနက်စာ ပြင်ထားတယ် မောင်က ဖိုင်တွဲတွေနဲ့ "
" မနက်စာမစားတော့ဘူး မင်းလက်ရာနဲ့ဆို ငါစားရမှာလဲမဟုတ်ဘူး "
" မောင်ဘယ်သွားမလို့လဲ "
"Bright Flower ကုမ္ပဏီ ကိုသွားမလို့အစက ဒယ်ဒီရဲ့လူယုံကို ထားထားပေမယ့်ငါပြန်ရောက်ပြီဆိုတော့ သွားမလို့ "
" ဒါဆို Win က ဒီမှါတစ်ယောက်တည်း "
" ဘာလဲ တစ်ယောက်ထဲ မနေရဲပြန်ဘူးလား မနေရဲလဲ မင်းအက်ုဆီပြန်လေ ဟွင်း ငါကတော့ပြန်ခေါ်မှာမဟုတ်ဘူးနော် "
" Win မ မပြန်ပါဘူးမောင်ရဲ့ Win နေရဲပါတယ် "
"သဘောပဲ "
ဝူး !
ပိုင်ရှင်မဲ့ ထိုင်ခုံလေးမှာဝင်ထိုင်လိုက်ရင်း မောင့်အတွက်သီးသန့်ဖျော်ထားတဲ့ ကော်ဖီ ခါးခါး တစ်ခွက်ကို မော့သောက်လိုက်သည်။မောင့်ကိုချစ်ရတဲ့ Win အချစ်တွေကလဲ ဒီကော်ဖီ တစ်ခွက်လိုပါပဲလားမောင်ရယ် ခါးလွန်းလိုက်တာ ...
Win အိမ်သန့်ရှင်းရေး လုပ်ပြီး နေ့လည် ၂ နာရီလောက်မှအားလုံးပြီးစီးသည်။TV ထိုင်ကြည့်နေရင်း အတွေးတွေကမောင့်ဆီဝင်လာပြန်သည်။
ESTÁS LEYENDO
" မောင် " [ Completed ]
FanficBrightWin Fan Fic လေးပါ အသက်မပြည့်သေးသူများမဖတ်ပါနဲ့နော် Fb မှာလဲတင်ပါတယ်နော်💕