အကျည်းတန်လွန်တဲ့ ထိုနေရာကနေ ချက်ချင်းလှည့်ထွက်လာရင်း ခြေဖဝါး အောက်ကအိမ်နေရင်းဖိနပ်ပါးလေးက ဘယ်နေရာမှာကျွတ်ကျကျန်ခဲ့သည်မသိ။စိတ်နဲ့ကိုယ်နဲ့မကပ် ဘဲ အတွေးတွေးကနေ ထိုမြင်ကွင်းကိုဖျောက်ဖျက်လိုမရ။ခေါင်းကို ချာချာလည်ခါးရမ်းလိုက်ရင်း
" မဟုတ်ဘူး မဟုတ်ဘူး "
" ငါမြင်ခဲ့ရတာက အမှန်မဟုတ်ဘူး "
ကိုယ့်စိတ်ကိုငြင်းကာ မျက်စိစုံမှိတ်ရင်း ငိုချလိုက်သည်။အောက်နှုတ်ခမ်းလေးကို တင်းတင်းကိုက်ထားရင်း နာကျင်သမျှ ကိုစုပုံချလိုက်သည်။
" ရက်စက်လိုက်တာမောင်ရယ် မောင်ပြန်ရှင်းပြခဲ့ရင် Win နားလည်ပေးမယ် မောင်...မောင်ကWin ကိုသစ္စာဖောက်မဲ့လူမျိုးမဖြစ်ဘူး ...ဟုတ်တယ် မောင်ကငါ့ကိုသစ္စာဖောက်မှာမဟုတ်ဘူး ..."
မျက်ရည်တွေစီးကျနေတဲ့ပါးပြင်ကိုကြမ်းကြမ်းတမ်းတမ်းဖိသုပ်ချပစ်လိုက်ကာ လက်ထဲ ကိုင်ထားတဲ့ ဖိုင်တွဲလေးက ကြေတောင်နေပြီဖြစ်သည်။
Taxi ကားတွေများစွာ လမ်းမကြီးပေါ်ဖြတ်မောင်းနေသော်လဲ တားစီးရန် သတိမရ။ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်နာကျင်မှုနဲ့ကိုယ်သာဖြစ်တာကြောင့် မျက်ဝန်းအိမ်တွင် မျက်ရည်တွေပြည့်လျှံလာပြန်လာသည်။ဖိနပ်မပါ ခြေပြောင်းနေပူပူထဲတွင်လျှောက်ရ၍နာကျင်ရတာထက် ရင်ထဲကနှလုံးသားကွဲကြေပျက်စီးတာကပိုနာကျင်ရသည်။
"ဟာ ! Win "
Bright အမြန် Sanny လက်ကိုဖယ်လိုက်ပေမယ့် နောက်ကျသွားသည်။Win ကပြေးထွက်သွားသည်။ခါးတွင်ဖက်ထားသည့် လက်ကို ကိုင်ကာဖယ်ချလိုက်တော့ Sanny ရဲ့အကြည့်တွေက အလိုမကျစွာ။နီရဲနေတဲ့ နှုတ်ခမ်းနီတွေနဲ့တပြေးတည်းဖြစ်အောင် နှုတ်ခမ်းကိုတင်းတင်းစေ့အံကြိတ်လိုက်ကာ မျက်လွှာ ပင့်ကာ
" ဘာလို့ Sanny ကိုမောင်းထုတ်နေရတာလဲ ကို "
" ကျစ် ! "
Brightစိတ်မရှည်စွာ စုတ်တချက်သတ်လိုက်ရင်း
"ဒီမှါ Sanny မင်းနဲ့ငါ ဇာတ်လမက လွန်ခဲ့တဲ့ ၅နှစ်တည်းက ပီးဆုံးသွားခဲ့ပြီ "
VOUS LISEZ
" မောင် " [ Completed ]
FanfictionBrightWin Fan Fic လေးပါ အသက်မပြည့်သေးသူများမဖတ်ပါနဲ့နော် Fb မှာလဲတင်ပါတယ်နော်💕