အိပ်မော ကျနေတဲ့ မောင်ရဲ့ မျက်နှာလေးကိုနောက်ဆုံးအနေနဲ့မြတ်မြတ်နိုးနိုး ကြည့်လိုက်သည်။ဒီမျက်ဝန်းတွေကနေ မောင့်ပုံရိပ်တွေ ကိုတစ်သက်တာသိမ်းဆည်းထားတော့မယ်မောင်ပျော်ပါစေ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့မောင့်ရဲ့မျက်နှာလေးက ကြည်လင်ပြီး အေးချမ်းလွန်းသည်။Win နဲ့မောင် လက်ထပ်ယူပြီးတည်းက မောင့်ဆီမှ ဒီမျက်နှာလေးကိုမမြင်ခဲ့ရတာ ကြာခဲ့ပြီ။ခုတော့ အေးချမ်းလိုက်တာမောင်ရယ်။
အသင့်ထည့်ထားတဲ့ အိပ်ယာအောက်က အဝတ်အိတ်လေးကိုဆွဲထုတ်လိုက်ရင်း မောင့်နှဖူးလေးကိုတစ်ယုတစ်ယ မွတ်မွတ်သိပ်သိပ် နမ်းရှိုက်လိုက်ရင်း
"Win ချစ်ခဲ့ပါတယ် မောင် ..."
မောင်ဆိုတဲ့ နာမ်စားလေးကို နောက်ဆုံးအနေနဲ့သုံးလိုက်ရတာမို့ ရင်ထဲက နင့်လာသည်။ပါးပြင်ပေါ် စီးကျနေတဲ့မျက်ရည်စတွေကိုသုတ်ဖယ်လိုက်ရင်းကျောခိုင်းလိုက်တော့ ပြီးဆုံးသွားပြီ ဆိုတဲ့အသိနဲ့ ရင်ထဲက စူးနေအောင် နာကျင်ရသည်။
"အင်း ..."
မှုန်ဝါးနေတဲ့ မျက်လုံတွေကို မဖွင့်သေးဘဲ ခေါင်းက်ုဘယ်ညာလှိမ့်ကာ ခန္ဓာကိုယ်ကို ဘေးတစ်စောင်းစောင်းလိုက်သည်။ကိုက်ခဲနေတဲ့ခေါင်းထဲ ဝိုးတဝါးပုံရိပ်တွေက ခေါင်းထဲရောက်လာသည်။မွှန်ထူနေတဲ့ချွေးနံ့ပြင်းပြင်းတွေက နှာခေါင်းထဲတိုးဝင်လာသည်။
Win နဲ့အတူ အိပ်ယာထက် လွန်ကြူးမိသည့် ပုံတွေ...
"Winnn ... "
အိပ်ယာကချက်ချင်းဆိုသလို ထထိုင်လိုက်ရင်း နှုတ်ဖျားက Win ဆိုတဲ့နာမည်ကို အကျယ်ကြီးအော်ခေါ်မိသွားသည်။
" ညက ငါနဲ့Win ..."
"အား ကျစ် ! ခေါင်းတွေ မူးလိုက်တာကွာ "
နားထင် နှစ်ဖက်ကို လက်နဲ့ဖိထောက်ရင်း သေချာပြန်စဥ်းစားတော့ သူအအေးဗူးကိုသောက်ရင်း ပူလောင်လာသည်ပြီး သူနဲ့Sanny !
" ဒီမိန်းမ တော်တော်ယုတ်မာတာပဲ "
"ဟူး ! "
"ကိုယ်တောင်းပန်ပါတယ် Win ရယ် ကိုယ် မင်းကိုစော်ကားဖို့ထိ မရည်ရွယ်ခဲ့ပါဘူး ကိုယ်အတတ်နိုင်ဆုံးထိန်းခဲ့တာပါ "
BẠN ĐANG ĐỌC
" မောင် " [ Completed ]
FanfictionBrightWin Fan Fic လေးပါ အသက်မပြည့်သေးသူများမဖတ်ပါနဲ့နော် Fb မှာလဲတင်ပါတယ်နော်💕