Part 8

590 41 1
                                    

မှောင်မိုက်နေတဲ့အခန်းအိမ် ငယ်လေးကြားထဲ အလင်းရောင်တစ်စိုးတစ်စိမျှမရှိ။ညဥ့်နက်လာလေ ပို၍မှောင်လာလေပင်။နှစ်ခြိုက်စွာအိပ်ပျော်နေသူအဖို့ အလင်းရောင်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ  မထူးဆန်းပေမယ့် အိပ်မပျော်နိုင်သူအဖို့ပို၍မှောင်လာလေ ခံစားချက်တွေပို၍ နက်ရှိုင်းလာလေပင်။

အခန်းထောင့်တစ်ခုတွင် ဆောင့်ကြုံထိုင်ကာ ဒူးနှစ်ချောင်းထက် မျက်နှာအပ်ကာ Win တစ်ယောက် ငိုနေမိသည်။အသံကြားလျှင်မောင်နိုးမည်စိုး၍ လက်ဖမိုးကို ပါးစပ်ထဲထည့်ကာ အံကြိတ်ရင်းအသံတိတ်ရှိုက်နေမိသည်။

"အင်း  ဟင်း "

ညည်းသံနဲ့အတူ ခေါင်းတွေကမထူနိုင်အောင်ကိုက်ခဲနေသည်။Bright အားယူထကာ ခေါင်းကိုလှုပ်ခါရမ်းလိုက်တော့ အခန်းထောင့်တွင် ငုတ်တုပ်အိပ်ပျော်နေသော Win ...

နည်းနည်းဂရုဏာ သက်ပေမယ့် Brightလဲမတတ်နိုင်ကံကြမ္မာက ဒီလိုမျိုးတွေ့ဆုံစေခဲ့တာပဲမဟုတ်လား။မျက်လွှာချကာ  ရေချိုးခန်းထဲဝင်လာလိုက်သည်။

"ဟိတ်  ဟိတ် "

"ဟင် "

Bright ခြေထောက်နဲ့ကန်ကာ  နှိုးလိုက်တော့နိုးလာသည်။အိပ်မှုန့်စုံဝါးမျက်နှာလေးကလဲ တကယ်ကိုပင်ချစ်စရာကောင်းနေသည်။မျက်လုံးအိမ်ကျဥ်းကျဥ်းလေးအောက်က မျက်ခမ်းလေးက မို့မောက်ပြီးနီရဲနေသည်။ပါးနှစ်ဖက်ကပါနီရဲနေတာကြောင့် Win ငိုထားသည်ဆိုတာသိသာသည်။

" ထတော့ နောက်ကျနေပြီ  "

"ဟုတ် "

Win ကုန်းထလိုက်တော့တစ်ညလုံး ထိုင်နေတာကြောင့်ခြေထောက်နှစ်ဖက်ကထုံပြီး ကျဥ်နေသည်။ရှေ့ကိုယိုင်သွားတာကြောင့်Brightအမြန်ထိန်းလိုက်ရသည်။Win မျက်နှာ နဲ့ Bright မိက်နှာတို့နီးကပ်သွားပြီး မျက်လုံးချင်းဆုံမိသည်။

" မင်း ..."

Bright မျက်နှာ ကိုWin မျက်နှာနားကပ်လိုက်တော့ မဝံ့မရဲ ရှက်သွေးဖြာနေတဲ့မျက်ဝန်းတစ်စုံကို မျက်လွှာချကာ သိသိသာသာ ခေါင်းကိုရှောင်သွားသည်။

"ငိုထားတာလား..."

"ဟို...မ...မငိုပါဘူး "

"မင်းမျက်လုံးတွေ နီရဲနေတယ် Win "

" မောင် " [ Completed ]Donde viven las historias. Descúbrelo ahora