Part 2

706 45 2
                                    

မောင့်ဆီက ရနေကြ ကိုယ်သင်းရနံ့ အစား စူးရှရှ အနံ့ပြင်းပြင်းတစ်ချို့တွေကနေရာယူနေသည်။လူမှန်းသူမှန်းတောင်မောင်မသိတော့ မျက်လုံးအစုံမှိတ်ကာ လူကလည်း ဘကြီးမိုး ဆွဲခေါ်ကတစ်ယိမ်းထိုး ။Win ကူချင်ပေမယ့် မောင်ကပါးသည် Win လက်ထိတာနဲ့ကို ပုတ်ချနေခြင်းဖြစ်သည်။

" အာ့ " "ဗုန်း"

" ဘကြီးမိုး အိပ်နှင့်တော့နော် "

" ဖြစ်ပါ့မလား Win လေး "

ဘကြီး မိုးအသံတွေကြားစိုးရိမ်သံတွေပါနေကြောင်း ဘကြီးမိုး အကြည့်တွေကနေတစ်ဆင့် Win သိသည်။

" ရပါတယ်နော် ဘကြီးမိုး Win လိုအပ်ရင် လှမ်းခေါ်လိုက်ပါ့မယ် "

"အေးကွယ် အရင်က သခင်လေး တစ်ခါမှခုလိုမသောက်ဖူးဘူး "

"ဟုတ်ကဲ့"

Win လဲတစ်ခါမှ မောင် သောက်တတ်သည်ဆိုတာ မမြင်ဖူးမကြားဖူး ။မောင်က Win ရှေ့ဆိုအမြဲ ကြင်နာယုယပြီး ချစ်ပြတတ်သူကြီးမဟုတ်လားWin ခုမြင်တွေ့လိုက်ရတဲ့ မောင် ကWin သိတဲ့မောင်နဲ့တစ်ခြားစီ အပြောဆိုတွေကပါအစ။

" ချလောက် "

ဘကြီးမိုး တံခါးပိတ်လိုက်သည်နဲ့Win အောက်ကိုဖရိုဖရဲ ကျနေသည့်မောင့်ခြေထောက်နှစ်ဖက်အား ဆွဲယူလိုက်ပြီး ဖိနပ်ချွတ်လိုက်သည်။ခြေအိတ်တွေပါ ချွတ်လိုက်သည်။

ရေဇလုံ တစ်ခွက်ရယ် ရေချိုးကန်ထဲက ပုဝါတစ်ထည်ကိုကိုင်ကာ ရေချိုးခန်းထဲကနေWinထွက်လာသည်။ ချွေးစို့နေသည့် မောင့်မျက်နှာပေါ် ရေနှစ် ထားတဲ့ ပုဝါနဲ့ဖြည်းဖြည်းချင်းသုတ်လိုက်တော့ မောင်က ညည်းသံနဲ့အတူ ခေါင်း ကိုခါရမ်းသည်။

"အင်း ဟင်း "

ရှူပ်ပွနေတဲ့မောင့်ရဲ့ ဆံနွယ်အကောက် လေးတွေကို နဖူးကနေ နောက်ကို လက်နဲ့လှန်တင်လိုက်ရင်း အဖုအထစ်မရှိ ကြည်လင်နေတဲ့မောင့်မျက်နှာလေးကချောမောမှုထက်ပိုသည်။အထက်အောက် လှုပ်နေသည့် ဇလုပ်လေးကမောင့်လည်ပင်းအထက်တွင် ပြေးလွှားနေသည်။မောင်ကလေ အရမ်းမြတ်နိုးစရာကောင်းတယ် ချွန်ထွက်နေတဲ့ဇလုပ်လေးက အစပေါ့။

" မောင် " [ Completed ]Where stories live. Discover now