Zawgyi
Jong Kook သူမလေး၏မျက်နှာကို အသေအချာကြည့်ရင်း ပြုံးမိပြန်သည်။
အိပ်နေတာလေးကိုက နတ်သမီးလေးအလား။Jong Kook လည်း သူမနဖူးလေးကို တစ်ချက်နမ်းလိုက်ကာ
"Morning kiss ပါကလေးရေ"
Jong Kook ထမည်အလုပ်တွင်၊ သူ့ကိုယ်ပေါ်ကျရောက်နေသော လက်တစ်စုံကြောင့် ပြန်လှဲနေလိုက်ရသည်။
သေချာကြည့်လိုက်တော့မှ သူ့ကိုဖက်ထားတဲ့ ကလေးဆိုးလေး။သူမရဲ့ နွေးထွေးသော လက်တစ်စုံကို သူဒီတိုင်းဖယ်မပစ်ရက်ပါ။ နံရံပေါ်က နာရီကြည့်လိုက်တော့လည်း 6 နာရီတောင် မထိုးသေး။
Jong Kook သူမကိုစိုက်ကြည့်နေရင်း၊ သူမမျက်နှာလေးပေါ်သို့ လျှောကျလာသော ဆံနွယ်လေးတွေကို အသာသပ်တင်ပေးနေမိသည်။
"အွန်းးး"
ရုတ်တရက်မျက်လုံးပွင့်လာပြီး အိပ်မှုန်စုပ်ဖွားနှင့် သူ့ကိုငေးကြည့်နေသော ထိုကလေးမကို Jong Kook အသည်းတွေယားနေမိသည်။
KJK- စောသေးတယ်လေ ကလေးရဲ့၊ နည်းနည်းပြန်အိပ်လို့ရသေးတယ်။
JH- ဘယ်နှနာရီထိုးပြီလဲ ဦးလေး?
KJK- 5:50 လေ။
JH- အဲ့ဒါဆိုရင် ဆယ်မိနစ်လောက် မှေးလိုက်ဦးမယ်။
ပြောရင်း မျက်လုံးလေးပြန်မှိတ်သွားသော Jihyo ကို Jong Kook နားမလည်နိုင်ဖြစ်သွားသည်။
KJK- ဆယ်မိနစ်တည်းလား? နွေလယ်ခေါင်ကြီးမိုးရွာချနေပါဦးမယ် ချာတိတ်ရယ်။
JH- ရုံးသွားရမယ်လေ။
အိပ်ချင်မူးတူးအသံနှင့် ထပ်ပြောလိုက်သော စကားကြောင့် Jong Kook မျက်လုံးပြူးသွားသည်။
ဟုတ်သားပဲ၊ ဒီနေ့အင်္ဂါနေ့။
KJK- ရုံးက အရေးမကြီးပါဘူး ကလေးရဲ့။ တစ်ပတ်လုံးခွင့်ယူတောင် ရတာပဲကို။
JH- အာ...မဖြစ်ပါဘူး။ မနေ့ကလည်း ရုံးမတက်ရဘူးလေ၊ ပြန်လုပ်တော့ အလုပ်တွေများနေမှာပေါ့။
KJK [အဲ့ဒါကျွန်တော့်ရဲ့ ကလေးလေး။ အလုပ်အရမ်းလောဘကြီးတယ်။ ကျွန်တော် CEO တောင် သူ့လောက်အလုပ်မလုပ်ဘူး]
YOU ARE READING
My Little Secretary (Season 2)
Fanfiction(Zawgyi & Unicode) ပထမဆုံးချစ်ဖူးတဲ့လူတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ အလျင်စလိုကြီးဖြစ်သွားလို႔ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လားတောင်မဆန်းစစ်ခဲ့မိဘူး။ Song Jihyo ပထမဆုံးချစ်ဖူးတဲ့လူတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ အလျင်စလိုကြီးဖြစ်သွားလို့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လားတေ...