Why me!?#10

1.2K 96 3
                                    

(Uni)
.
.

"Wang သခင်လေး Breakfast အသင့်ဖြစ်ပါပြီ"

တံခါးခေါက်ကာပြောပြီးထွက်သွားတဲ့အိမ်ဖော်မလေးရဲ့အသံကြောင့် Yibo နံရံပေါ်ကဓာတ်ပံုများထဲကပစ်မှတ်တစ်ခုကိုမှတ်လိုက်ပြီးအခန်းထဲကထွက်လာခဲ့တယ်။
သူ့အခန်းထဲကိုလူဝင်ရင်မကြိုက်တာမလို့ဘယ်သူမှသူ့အခန်းထဲမဝင်ရဲပေ။

အခန်းထဲကနံရံမှာ ပြည့်နှက်နေတဲ့တည်နေရာတွေနဲ့ အနီမှတ်တွေရယ် ကုတင်တစ်လုံးရယ်ကလွဲလို့ ဘာမှမရှိ။

Oct. 13.2021
Yibo -24
Xiao Zhan-30

"အာ..ဒီနေ့လည်းအလုပ်ရှုပ်အုံးမှာပဲ"

အကင်္ျီ အမဲရောင်လက်ရှည်ကို ဝတ်ပြီး ထမင်းစားခန်းထဲကိုဝင်လာခဲ့တယ်။

"Hello Yibo"

"Hi mom"

အမြဲတမ်းကြားနေကြနှုတ်ဆက်သည့်အသံ
Yiboရဲ့မိထွေးပင်။
Yiboရဲ့အမေအရင်းက သူကိုမွေးပြီးပြီးဆုံးသွားတယ်လို့ သူ့ရဲ့ အဖေအရင်းဖြစ်တဲ့မစ္စတာ Wangက ပြောပြဖူးတော့....
သူ့ရဲ့သွေးသားရင်းဆိုလို့အဖေတစ်ယောက်ပဲရှိတယ်လို့မှတ်ယူထားလိုက်တယ်။

ထမင်းစားပွဲမှာ အဖေကလွဲလို့လူစုံနေတယ်။

မိထွေး,အလီရှာ(မိထွေးရဲ့သမီး),ဘန်(မိထွေးရဲ့သား)

လူစုံနေပေမဲ့ Yiboက လူများလျှင်ထမင်းစားမဝင်တဲ့အကျင့်ရှိတော့ အမြဲတမ်းအပြင်စာကိုတစ်ယောက်တည်းစားဖြစ်သည်။

"အဖေရော"

Yiboရဲ့စကားသံကိုမိထွေးဖြစ်သူ ဆူဇီ ကပြန်ဖြေသည်။

"ကုမ္ပဏီ မှာကိစ္စရှိသေးလို့တဲ့သူနောက်ကျမှ ပြန်လာမယ်ပြောတယ်"

"မနေ့ကတည်းကပြန်မလာတာမလား"

"Yiboထမင်းစားဝိုင်းမှာစကားမများရဘူးလေ"

ပြောနေတာကိုဟန့်တားလာတဲ့ ဆူဇီ။

အလီရှာနဲ့ဘန်က Yiboကိုပေစောင်းပေစောင်းနဲ့ကြည့်သည်။
အလီရှာက 12နှစ်ဖြစ်ပြီးဘန်က 10နှစ်ပဲရှိသေးတယ်။
အမြဲသီးခြားနေတဲ့ Yiboကသူတို့နဲ့ ရင်းနှီးတယ် ဆိုတာမရှိပေ။

"Ring...Ring.."

ဖုန်းလာသံကြောင့်Yiboတစ်ချက်ကြည့်လိုက်သည်။

Why me!?(complete)Where stories live. Discover now