EXTRA(2)

1.5K 31 2
                                    

AN//နောက်ကြောင်းလေးပါ။🥺

"ပါး!ပါးပြောနေတာတွေက ဘာအဓိပ္ပာယ်လဲ?"

ဖုန်းစပီကာမဖွင့်ထားသော်လည်း ကျယ်လောင်လှသည့် Suri၏အော်သံက နားစည်ကွဲလောက်တော့မည်အထိပင်။

"ပါးမရည်ရွယ်ပါဘူး။ဒါပေမဲ့ အလုပ်အတွက်ပဲလေ။အလုပ်ရဲ့လှည့်ကွက်တစ်ခုသက်သက်ပါ။"

"ပါး...ပါးရက်စက်တယ်။"

Suri၏ နှုတ်ခမ်းပါး တစ်ဆတ်ဆတ်တုန်လာသည်။ရင်ခုန်သံတွေလည်း ထိန်းမရအောင်ဒုန်းဆိုင်းလာပြီ။နောက်ဆုံး တုန်ခါစွာနှာဖျားကတွေထွက်လာသည့် လေသံသဲ့သဲ့လေးနှင့် မျက်ဝန်းထဲမှ မျက်ရည်တွေစီးကျလာတော့သည်။

အသံမထွက်အောင် ပါးစပ်ကိုလက်နှင့်အုပ်လိုက်ရင်း ဖုန်းချလိုက်တော့သည်။

မစ္စတာရှောင်းကျန့်၏ မွေးနေ့ပွဲကို Xiar Xiarခေါ်လို့ အတင်းရောက်လာကာ မွန်းကြပ်လှသဖြင့် သီးသန့်အခန်းထဲမှာ အဓိပ္ပာယ်မဲ့စွာထိုင်နေရင်း Suri၏ ဖခင်ဆီမှာ ဖုန်းဆက်လာခြင်းပင်။

အခုတော့...နဂိုကတည်းက အဓိပ္ပာယ်မဲ့နေသည့် Suri၏ ဘဝက ပိုအဓိပ္ပာယ်မဲ့သွားသလို။

"ရှောင်းကျန့်...နဲ့...ဝမ်ရိပေါ်ရဲ့...မိဘတွေကို...သတ်လိုက်ပြီ?"

မှန်တယ်။စီးပွားရေးလောက။ပုံမှန်မြင်နေရတဲ့စီးပွားရေးဆိုတာ မျက်နှာဖုံးသက်သက်ပဲ။စီးပွားရေး နောက်ကွယ်က အာဏာတွေ...ငွေရဲ့ အရှိန်အဝါတွေ။ထိုအရာတွေကြောင့်...အကျိုးရမည့်သူ့က စတေးခံသက်သက်ပင်။

Suri၏ လက်များအားမရှိတော့။ခန္ဓာကိုယ်တစ်ခုလုံးဆိုရင်ပိုမှန်ပေလိမ့်မည်။

စိတ်ထဲဝင်ရောက်လာသည့် ချေမိုးသည့် အကြည့်တစ်ချက်။ထိုအကြည့်မှာ နာကျင်မှု အငွေ့အသက်တွေလွှမ်းမိုးနေသည်။ဘဝတူသည့် သူ့အတွက်တော့ ထိုအကြည့်ကို သေချာသိနိုင်သည်။ဒါပေမဲ့ မထင်ထားမိခဲ့ဘူး။သူက...အနက်ရှိုင်းဆုံးနေရာအထိ ဆွဲခေါ်သွားလိမ့်မယ်ဆိုတာ။

Suriမွန်းကျပ်လာသည်။ဝတ်ထားသည့် အင်္ကျီ ဆွဲသားဂါဝန် အနက်ရောင်က ကျပ်လာသလိုဖြစ်လာသည်။ရင်ညွှန့်မှ ဇာခြည်တွေကလည်း စိတ်ရှုပ်စရာဖြစ်လာသည်။

Why me!?(complete)Where stories live. Discover now