Why me!?#15

1.1K 89 4
                                    

(Uni)
.
.
.
.
.
.
"အဖေ?"

"တရုတ်ရောက်နေတာကိုမပြောဘူးနော် ...မင်းအဖေဖြစ်တဲ့ငါက အမြဲတမ်းသူများပြောမှသိရမှာလား"

"ဒီတိုင်းအဖေအလုပ်ရှုပ်နေလို့ မပြောဖြစ်တော့တာ"

ဖုန်းနံပါတ်ဘယ်လိုရလဲဆိုတာ မေးစရာမလိုတော့ဘူးထင်တယ်။
ကမ္ဘာ့ထိပ်တန်းကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ သူ့အဖေကဘာမဆိုလုပ်နိုင်တာပဲလေ။

"ဒါနဲ့မင်းကအဲ့မှာကလေးထိန်းလုပ်နေတာလား "

ကလေးစိတ်ပေါက်နေတဲ့ Xiao Zhanကိုသူ အရိပ်တကြည့်ကြည့်လုပ်နေသည်မလား။

အဖေကအကုန်စုံစမ်းထားတာပဲ.....

Yiboစိတ်ထဲမှာတွေးလိုက်ရင်း ကိုယ့်ကိုယ်ကိုအကျယ်ချုပ်ကျနေတဲ့အကျဥ်းသား တစ်ယောက်လို ခံစားမိလာသည်။

"အဖေ!ကျွန်တော့်ကိုဒီတိုင်းလွှတ်ထားပေးလို့မရဘူးလား?!"

မွန်းကြပ်လာတဲ့စိတ်တွေကြောင့်Yibo အော်ပြောလိုက်ခြင်းဖြစ်သည်။

"ကောင်းပြီကောင်းပြီ လွှတ်ထားပေးမယ် ဒါပေမဲ့ မင်းမှာ အန္တရာယ်တွေဝိုင်းနေတယ်ဆိုတာ မမေ့လိုက်နဲ့"

Xiao Xhan!ဟုတ်သားပဲဖုန်းပြောရင်း Xiao Zhanကိုမေ့သွားတယ်။

Yibo လှည့်ကြည့်လိုက်တော့

"ဒါပဲ..ပါး..အဲ..မှားလို့...အဖေ!"

ချားရဟတ်ပေါ်ခြေလှမ်းလှမ်းနေတဲ့ Xaio Zhan ကြောင့် Yibo အပြေးသွားဆွဲရသည်။

တကယ့်ကလေးထိန်းနေရတာပဲ ဟူး...

"Ge အဲ့တာဘာတက်လုပ်မလို့လဲ"

အမေးကပေါ့ပေါ့ပါးပါးလေးပါပဲ။
ပြန်ဖြေတဲ့Xiao Zhanကတော့ပြောင်စပ်စပ်နဲ့။

"စီးမလို့လေ ..ဟီး..Yiboဖုန်းပြောနေတော့ပျင်းတာပေါ့"

"အခုဖုန်းပြောပြီးပြီ ဟမ်း...ဘယ်အချိန်ရောက်နေပြီလဲ မသိဘူး"

Yiboသက်ပြင်းချရင်း လက်ကနာရီကိုကြည့်လိုက်တော့ 5နာရီတောင်ခွဲနေလေပြီ။

ဆောင်းဦးရောက်နေပြီမလို့ ဆောင်းဦးနေက
တဖြည်းဖြည်းနဲ့ ဝင်စပြုနေပြီ။

Why me!?(complete)Where stories live. Discover now