Why me!?#17

980 85 0
                                    

(Uni)
.
.
.
.
.

မင်းဘာမှမဖြစ်ဘူး?......

နောက်ထပ်လုပ်ကြံခံရမှာလား?
အခြိမ်းခြောက်ခံရမှာလား?

လုပ်ကြံခံခဲ့ရပေါင်းမရေတွက်နိုင်လောက်အောင် များပေမဲ့ Yibo တောင့်ခံခဲ့တယ်။

သူများအမြင်မှာတော့ ဒီကောင်လေးက တော်တော်အသက်ပြင်းတဲ့ကောင်လေးပဲ
လောကဓံကိုခံနိုင်ရည် ရှိတယ်။

အဲ့လိုမြင်ကြတာမှန်တယ်မလား....

တကယ်တော့ စိတ်ထဲမှာတစ်စတစ်စနဲ့ ခိုအောင်းလာတဲ့ ကြောက်စိတ်တရားနဲ့ မျှော်လင့်ချက်ကင်းမဲ့နေတာကိုတော့ ဘယ်သူမှမမြင်ကြဘူး။

အရင်ကတစ်ယောက်တည်းရှိခဲ့တဲ့အချိန်တွေကြောင့် Yiboရဲ့အတွေးတွေကတော့ ကိုယ့်အတွက်ပါပဲ။

ထိုအချိန်ခနလေး အတွင်းမှာ တစ်ခြားလူဆိုတဲ့ဟာကို လံုးဝ မေ့လျော့သွားခဲ့တာ။

Yiboအတွေးတွေထဲမှာ တစ်ခြားသူအတွက်လည်းမပါသလို Xiao Zhan အတွက်လည်းမပါခဲ့ဘူး။

ပြောရမယ်ဆိုရင် တစ်ကိုယ်ကောင်းဆန်တယ် ဆိုတာမျိုးပေါ့...

တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းပဲကိုယ့်ဘက်မှာ ရှိတယ်ဆိုတဲ့ အတွေးနဲ့အထီးကျန်ခြင်းများစွာက Yiboကို သွေးအေးအောင်လုပ်ပစ်လိုက်တာပဲ။

အဲ့အချိန်တုန်းကလည်း...

ကိုယ်ယုံကြည်တဲ့လူကဆီသစ္စာဖောက်ခြင်းကိုခံလိုက်ရတာလည်းပါတယ်ဆိုတော့။

ယုံကြည်တဲ့လူဆီက သစ္စာဖောက်ခြင်းခံလိုက်ရတယ်ဆိုတာထက် အချစ်ဆုံးလူ၊
အနှစ်သက်ဆုံး လူသားတစ်ဦးရဲ့ စွန့်ပစ်ခြင်းခံလိုက်ရတာကိုး။

အဲ့လောက်နာကျင်ဖို့ကောင်းတာဘယ်မှာရှိသေးလို့လဲ...

ဘယ်သူမှလည်းမယုံကြည်တော့သလို ထပ်ယုံကြည်ဖို့ကိုတောင်ကြောက်နေမိတယ်။

နှုတ်ခမ်းဖျားကထွက်တဲ့စကားမှန်သမျှကို ယုံကြည်နိုင်အောင်မနည်းကြိုးစားနေရတယ်။

လောကကြီးကိုမယုံကြည်မိတော့တာအပြစ်‌ေတာ့မဟုတ်ဘူးမလား။

Why me!?(complete)Where stories live. Discover now