Why me!?#22

868 73 0
                                    

(Uni)
.
.
.
.

နူးညံ့တဲ့အိပ်ယာဖြူလွလွလေးပေါ် ဖြာကျနေတဲ့ နေရောင်ခြည်နွေးနွေးလေးနဲ့ ဆောင်းလေအေးကြောင့် Xiao Zhan နိုးလာခဲ့သည်။

"ဝါး....ဘယ်အချိန်ရှိသွားပြီလဲ။"

ခေါင်းကိုတစ်ချက်ဖွလိုက်ပြီး မပွင့်တစ်ပွင့်မျက်လုံးမှေးမှေးလေးနဲ့ ပတ်ဝန်းကျင်ကိုဟိုကြည့်ဒီကြည့်လုပ်နေသည်။

"ဒါဘယ်နေရာလဲ!Yibo...Yiboရော"

လုံးဝအစိမ်းသက်သက်ဖြစ်နေတဲ့ အိပ်ခန်းကျယ်နဲ့ပတ်ဝန်းကျင်သစ် ကြောင့် Xiao Zhan ကြောင်စီစီဖြစ်နေရသည်။ဒီကိုဘယ်ကနေဘယ်လိုရောက်လာလဲ ဆိုတာကို မှတ်မိအောင် ကြိုးစားနေတယ်။

မှေးနေတဲ့ မျက်လုံးတွေပြူးကျယ်လာပြီး အိပ်ယာပေါ်က ကုန်းရုန်းထကာ ဝရန်တာ ဘက်ကိုအပြေးထွက်ကြည့်လိုက်သည်။

"ကိုရီးယားစာတွေ?"

တိုက်ခန်းပေါ်ကနေ  မြင်နေရတဲ့ဆိုင်းဘုတ်တိုင်း၊မှတ်တိုင်တိုင်းက ကိုရီးယားစာတွေနဲ့ပဲ ဖော်ပြထားတာကိုး။

"အယ်!ငါကိုရီးယားရောက်နေတာလား!"

ဝရန်တာ အပြင်ဘက်ကိုအချိန်တော်တော်ကြာ ငေးကြည့်ရင်း မယုံနိုင်ဖြစ်နေတဲ့ Xiao Zhanက Yiboကို စဥ်းစားမိမှ ပြန်သတိဝင်လာသည်။

"Yibo...ဘယ်သွားတာလဲ...ဟူး...အေးလိုက်တာ"

ကိုရီးယားရဲ့အအေးဓာတ်က တရုတ်ထက်ပိုအေးလို့ထင်တယ် အကင်္ျီမထူမပါးနဲ့ Xiao Zhan ကစောင်ထဲပြန်ကွေးချင်လာသည်။

ဒါပေမဲ့ အဲ့အတွက်အချိန်မဟုတ်သေးဘူး။
မနေ့ကပဲ ကိုရီးယားသွားဖို့ပြောတဲ့ Yiboကိုရှာမတွေ့ပဲ ကိုရီးယားကိုတစ်ယောက်တည်းရောက်နေတဲ့ပုံရတာကိုး။

Xiao Zhan မနေ့ကအကြောင်းတွေပြန်စဥ်းစားမိတော့။

"မနေ့က Yiboရဲ့တိုက်ခန်းကို ငါမသိတဲ့လူတွေရောက်လာတယ်...ပြီးတော့...သေနတ်သံ!အား...ငါမမှတ်မိတော့ဘူး!Yiboလေးကိုသူတို့သတ်လိုက်ပြီလား?"

တွေးရင်းစိတ်ရှုပ်လာတဲ့ Xiao Zhanက အပြင်ထွက်ဖို့အခန်းတံခါးကိုဖွင့်လိုက်တော့

Why me!?(complete)Where stories live. Discover now