ချစ်တယ်ဟုဆိုရာ၌
Season_2
@Chapter _7
Baby lay တို့ အိမ်ရောက်သည်အထိ ကလေးလေးက နိုးမလာသေး အရမ်းပင်ပန်းခဲ့ပုံပေါ်သည် မုန်းကို တွေ့တာနဲ့ အားရပါးရ ငိုချလာ တဲ့ Baby lay ပုံကို ကြည့်ပြီး မုန်း ရင်တွေ တစ်ဆစ်ဆစ်နာကျင်လှသည်........
baby lay မာမီ နဲ့ မေမေ က အိမ်ရှေ့ မှ ရပ်စောင့်နေလေရဲ့ .....ရောက်တာနဲ့ baby lay ကို ပွေချီ ကာဆင်းလိုက်တာနဲ့ မုန်းလက်ထဲက နေ ဆွဲ ယူပွေ့ချီ ကာ သွားတဲ့ သူ့မာမီ ကိုကြည့်ကာ အတော်ဒေါသထွက်ကာ စိုးရိမ်နေပုံရသည်.... ဖြစ်သင့်ပါတယ် လေ....baby lay မေမေ က
" မုန်း လာအထဲဝင်ခဲ့ဦးလေ "
" ဟုတ် မေမေ "
အထဲလိုက်ဝင်ခဲ့လိုက် သည်........ ဧည့်ခန်းထဲ ထိုင်နေလိုက်တယ်
ခနကြာတော့ ရေးမာမီ နဲ့မေမေ ပြန်ဆင်းလာ သည် ရေးမာမီ ရဲ့မျက်နှာက ဒေါသ တကြီး ခက်ထန်နေသည်
မုန်း ရှေ့ ရောက်တယ် ဆိုရင်ဘဲ
ခွက်...
" လူရီး တော်တော့ ဘယ်လိုဖြစ်နေတာလဲ "
မုန်းကို ဆွဲရပ်လိုက်ကာ တစ်ခါထဲ ထိုး လိုက်တဲ့ ရေးမာမီ ပင် ထပ် ထိုးဖို့ ဆွဲ တော့ ရေးမေမေ က တားနေခြင်းပင်
မုန်း စိတ်မဆိုးမိပေ....... မုန်းကြောင့် ဖြစ်တာမို့
ရေးရေးမေမေ တားနေတဲ့ကြားက မုန်းကို လက်ညိုးထိုးကာ
" မင်း ပြောတော့ မထိခိုက်စေရပါဘူးဆို ခု မင်းကြောင့်
ငါ့သမီး ပြန်ပေးဆွဲတာ ထပ်ခံရပြန်ပြီ
မင်း....... တောက် "
ရေးမာမီ့ စကားမုန်းနားမလည်လိုက်.... ပြန်ပေးဆွဲထပ်ခံရပြန်ပြီတဲ့.....ဒါဆို အရင်ကလဲ... ဟင်းးးး
" ပြန်ပေးဆွဲထပ်ခံရပြန်ပြီဆိုတော့..... မာမီ ရေးရေးက အရင်က ခုလို ဖြစ်ဖူးတယ်လား "
" ကဲ ထိုင်ကြ မေမေ ပြောပြမယ် မုန်းက သဲလေးရဲ့ ချစ်သူမို့ သိသင့်တယ်မလား လူရီး "
မာမီ့ဘက်လှည့်ကာ ပြောပြလိုက််မယ်နော် ဆိုတဲ့ အထာနဲ့ပြောလိုက်တော့ ခေါင်းလေးငြိမ့်ပြလိုက်တဲ့ မာမီ့ ကြောင့် မေမေ ထပ်ပြောပြ ပြန်တယ်
........
ရေးရေး မေမေ ရဲ့ ရှင်းပြသံအဆုံး
( Season1 final part မှာ ပါပါတယ်နော် နားမလည်လိုက်ရင် ပြန်ဖတ်ပေးပါဗျ )
မုန်းမျက်ရည်များပင်စီးကျလာခဲလေသည် ရင်ဘက်တစ်ခုလုံးအောက်သက်သက်နဲ့ရယ်
" မုန်းကြောင့် မုန်းကြောင့် ထပ်ဖြစ်ပြန်ပြီ
ဒဏ်ရာရဖူးတဲ့ကလေး ကို ဒဏ်ရာထပ်ပေးမိပြန်ပြီ "
မုန်း ထိုင်ရာမှ မာမီ နဲ့ မေမေ့ ရှေ့ ဒူးထောက်ချလိုက်ကာ
" မုန်း တောင်းပန်ပါတယ် မာမီ နဲ့မေမေ မုန်း နောက်ဆို ကလေးကို မထားခဲ့တော့ဘူး မုန်း ဖုန်းမဆက်မိလို့ဖြစ်တာ မုန်းပစ်ထားခဲ့မိလို့ဖြစ်ရတာပါ..... ေတာင်းပန်ပါတယ် မေမေနဲ့မာမီ တို့ ပေးတဲ့အပြစ် ကို မုန်းကျေကျေနပ်နပ်ခံယူမှာပါ "
" ကဲ ထပါကွယ် ဖြစ်သင့်လို့ဖြစ်တာခြည်းဘဲ
နောက်ဆို မေမေ့ သမီးလေး ကို ပိုဂရုစိုက်ပေးပါ
သမီးလေးက အရင်က တစ်ခုဖြစ်တုန်းက ငယ်သေးတော့ စိတ်ဒဏ်ရာ နည်းနည်းရှိခဲ့ တယ် အဲတာကြောင့်
ခု မေမေ စိုးရိမ်တာက သမီးလေး စိတ်ဒဏ်ရာ ပြန်ဖောက်လာမှာကို စိုးရိမ်တယ် ခုမ ရေးမာမီ လုပ်မိတာ စိတ်မဆိုးပါနဲ့..... ရေးမာမီ က သူကိုယိတိုင် မွေးခဲ့ရတာလေ သမီးဇောနဲ့ ဖြစ်သွားတာမို့ သမီးမုန်း ကဘဲ နားလည်ပေးပါနော် "
" မုန်း အပြစ်မတင်ပါဘူး မုန်းကြောင့်ဖြစ်တာမို့ မုန်းနားလည်ပါတယ်
စိတ်ချပါ ရေးရေး ကို မုန်း အသက်ပေး ဖို့ အထိ တွေးထားပြီးသားပါ ထပ်မဖြစ်စေရပါဘူး "
......
မုန်း လဲ မိုးချုပ်မှ သာ အိမ်သို့ပြန်ခဲ့သည်........ အိမ်ရောက်ပြီးရေမိုးချိုး ပြီး ခနကြာတော့ ဖုန်းဝင်လာလေသည်
ရေးရေးမာမီ ရဲ့ ဖုန်းဖြစ်နေတာမို့ မြန်မြန်ကောက်ကိုင်လိုက်တော့
" ဟလို မာမီ မုန်းပါ "
....
" ရှင်း ....... ဟုတ်ဟုတ် ခုလာခဲ့မယ်
လာပြီ လာပြီ "
ပြောရင်းနဲ့ ဖုန်းမချသေးခင်၌ပင် ကားပေါ်ရောက်နေပြီ
baby lay ငိုနေတယ်တဲ့လေ ကလေးရေ ကိုယ် ရင်တွေ ကွဲကြေရပါတယ် ဖြစ်နိုင်ရင် Baby lay အစား မုန်းသာဖြစ်လိုက်ချင်သည်
ရေးရေးအိမ်ရောက်တော့ baby lay အခန်း တက်ခဲ့လိုက်တယ် မြင်လိုက်ရတဲ့ ရေးရေး ရဲ့ ပုံစံ ကြောင့် အရမ်းစိုးရိမ်သွားမိတာအမှန် ပင်
မုန်းဝင်လာတော့ Baby lay က ကုတင်တောင့် လေးမှ ကျုံ့ကျုံ့လေး ထိုင်နေလေသည် မုန်းကိုလဲ တွေ့ ရော
ပြေးဖက်ကာ ကလေးလေး လို တိုင်ကြားနေလေသည်
" ကိုကို ရေးကို ထားမသွားပါနဲ့နော်
ကိုကို ထားခဲ့ရင် ရေးရေး သေမှာ သိလား
သိလား ကိုကို .....ရေး ကို ထားခဲ့ပြီ ထင်နေတာ "
" မထားခဲ့ပါဘူး ကလေးလေးရဲ့ကိုယ် အိမ်ခနပြန်သွားတာ ခု ရောက်ပြီနော် "
ရင်ခွင်ထဲက ကလေးလေး ကို နဖူးလေး ခပ်ဖွဖွလေး နမ်းပေး လိုက်တော့ ပြုံးရောင်သမ်းလာလေသည်
" ကလေးလေး ဘာစားပြီးပြီလဲ.......မစားရသေးဘူးမလား ကိုကို ခွံ့ကျွေမယ်နော် "
မာမီ နဲ့ မေမေ က baby lay ကို ထမင်းကျွေး ဟန်တူတယ် ထမင်းပုကန် ရယ် ဟင်း ရယ်........ baby lay အကြိုက် ကြိုက်သားကြော်
ထိုထမင်းပုကန်အရာမယွင်းသေးတာကိုကြည့်ပြီး ပြောလိုက်ခြင်းပင်......
မုန်းခွံ့တဲ့ ထမင်း ကို စားကာ အရသာခံနေသည်းရေးရေး ဘယ်လောက်တောင် ဆာလောင်နေမှန်း သိသာလွန်းစွာ
ပလုတ်ပလောင်းစားနေလေသည်......
ရေးရေးစားနေတာကို ကြည့်ကာပြုံးနေတဲ့ ရေးမာမီ နဲ့ မေမေ မျက်ရည်အဝဲသားလေးတွေ နဲ့
မုန်း ခုလိုထပ်မဖြစ်အောင် ကာကွယ် ပေးရမယ် .............
......
တစ်ပတ်ခန့် ကြာတော့ ထူထူ ထောင်ထောင် အရင်လို ပြ်နဖြစ်လာတော့မှ မုန်း သက်ပြင်းချ မိတယ်....
သူ့ မာမီ နဲ့မေမေ လဲ ထိုကဲ့သို့ပင်ဖြစ်လိမ့်မယ်........ ကျောင်းသွားမယ် ဆိုတဲ့ စကားကြောင့် ကျောင်းလိုက်ပို့ရန် ရေးရေးအိမ်ရောက်တော့
"မာမီ...... ရေး ကို မချစ်ဘူးလား 😭😭"
မရှိတဲ့မျက်ရည်ကို ညစ်ကာ ငိုဟန်လုပ်နေတဲ့ ရေးရေး ကိုတွေ့ လိုက်ရတာမို့
" ရေး ကလေး ဘာဖြစ်လို့လဲ "
" ကိုကို ဘေဘီ့ ကို ချစ်လား ဟင်းးးးး 😟😟"
သနားစရာမျက်နှာပေးလေးလုပ်ကာပြောလိုက်တဲ့ရေးရေးကြောင့် ခနတော့ ကြောင်အ ကာ သူ့မာမီ ကိုကြည့်လိုက်တော့ ခေါင်းလေး အသာခါပြတယ်
" ချစ်တာပေါ့ baby lay ကို အချစ်ဆုံးပါ ဟုတ်ပြီလား "
" အဲတာဆို Baby lay 😁😁 ဟိုလေ........ မင်းမင်း ရယ် ခက် ရယ် နဲ့ ခရီးသွားချင်လို့ 😟😟😟😟
အဲတာ မာမီ တို့က ခွင့် မပြုဘူး သိလား "
" Baby lay က နေသိပ်မကောင်းသေးလို့လေ
မာမီ နဲ့ မေမေ နဲ့က ရေးရေး ကိုစိုးရိမ်လို့လေ နောက် တစ်ခါမှ သွားနော် "
မုန်းပြောလိုက်မှ မျက်ရည်ပေါက်ပေါက်ကျ လာ တဲ့ Baby lay ကြောင့် ဘာလုပ်ရမှန် မသိ ပြာယာခတ်ကာ ထူပူသွားတာက မုန်းပင်
" Baby ရယ် မငိုရဘူးလေ တိတ် တိတ်.....
(Baby lay ကို ဆွဲဖက်လိုက်ကာ မာမီ ဘက်လှည့်၍ )
" ဟိုလေ မာမီ 😁😁 မုန်းလဲ လိုက်သွားမယ်လေ
အဲတာ ရေးရေး ကို ထည့်ပေး ပါနော် စိတ်ချပါနော်မုန်း မျက်စိရှေ့ က အပျောက်မခံဘဲ စောင့်ရှောက်ပါ့မယ် "
ရေးရေး မေမေ က ရီ ကာ
" ကျွန်မ မပြောဘူးလား မုန်း ကို လိုက်သွားခိုင်းလိုက်
သွားခွင့်ပေးလိုက်ပါဆို
မသွားခိုင်းဘူး ဆို မုန်းလဲ သွားခိုင်းမှာမဟုတ်ဘူးဆို
ကလေးပြောတယ်မလား ရေးရေး တစ်ခါပြောတာနဲ့ ပျော့ လိမ့်မယ် ဆိုတာကို 😅😅"
" မရီ နဲ့ ကလေး😔
ဟုတ်ပြီလေ ဟိုတစ်ယောက် မင်းဂတိနဲ့ မင်းတည်ပါစေ
တစ်ခုခု ဖြစ်ရင် မင်းနဲ့သဘောမတူ တော့ဘူးမှတ် "
" ဟုတ် မာမီ မုန်းကို စိတ်ချပါနော်
အပျောက်မခံ စေရဘူး ဟီးးးး "
" ေယးးးးးးးးးးးးးး အာ့ကြောင့် ကိုကို့ ကို အရမ်းချစ်တာ မွမွ လာ အဝတ် သွားထည့်မယ် "
ရေးရေး က မုန်းလက်ကို ဆွဲ ခေါ်ရာ သို့ အလိုက်သင့် လိုက်သွားတဲ့ မုန်း ရဲ့နောက်ကြောကိုကြည့်ကာ
" မယက 😎"
" 🤣🤣😂😂🤣 မုန်းလေး က ယောက္ခမ ဖြစ်တဲ့ လူရီး နဲ့ တူတာလေ "
(မင်မင် လဲ ခနရီပါရစေ 😂🤣😂🤣😂)
.......
မုန်း ရယ် ရေးရေး ရယ် သူ့သူငယ်ချင်း နှစိယောက် ရယ်
မုန်းရဲ့ သက်တော်စောင့် နှစ်ယောက်ရယ်...... ငပလီ သို့ ခရီးဆက်ခဲ့ကြတယ်.......
ငပီလီ ရောက်တော့ သုံးယောက် ခန်း နှစ်ခန်းယူကာ
မုန်းရယ် ရေးရေး ရယ် သူ့သူငယ်ချင်းခက်ခက် ရယ် က တစ်ခန်း ကျန်တဲ့ နေမင်းက မုန်းရဲ့ သက်တော်စောင့် နှစ်ယောက် နဲ့ တစ်ခန်း ယူကြတယ်
ရေးရေး ရဲ့ အဝတ်လေးတွေ က မုန်း သယ် ရတာပေါ့လေ
မုန်းအထုတ်တွေ နဲ့ဝင်လာတော့ အယ် ငတိမ နှစ်ယောက် က ကုတင်ပေါ်တောင် လှဲ နေပြီ လေ....
" Baby lay ပင်ပန်းအရင် အရင်နားလိုက်ကြ နိုးလာမှ ရေချိုး ပြီး ညစာသွားစားကြတာပေါ့ ခုက 1 နာရီ ဘဲ ရှိသေးတယ်ဆိုတော့ စောသေးတယ် "
" ဟုတ် မမမုန်း "
ခက်ခက် ကသာ အဖတ် လုပ်တာ ရေးရေး က အိပ်တောင် အိပ်နေပြီ ဟောက်တာက ပါလိုက်သေး 😅
ချစ်ဖို့ကောင်း ချက် သူ့သူငယ်ချင်းသာမရှိရင် ဖက်နမ်းဖြစ်မှာ......
( ဘာလုပ်တယ်ညာလုပ်တယ်ဆိုတာ သိပ်မထည့်တော့ဘူးနော် အဓိ က ဇာတ်ကို ဘဲ သိစေချင်တာမို့ပါ "
......
ရေးရေး တို့ ငပလီရောက်နေတာ 2ရက်ရှိပြီ ကိုကို က အရမ်းဂရုစိုက် ပါတယ် ရေးရေး ကို မျက်စိ အောက်က အပျောက်မခံ ဘူးလေ.......
မနက်ဖြန်ဆိုပြန်ကြတော့်မယ် ခုနောက်ဆုံးည ရောက်တော့ ဟိုတယ် ရှေ့ ပင်လယ် အစပ်မှာ မီးပုံ လေလုပ်ကာ အကင်စားချင်တယ်ပူဆာထားလို့ ကိုကို က ရေးကို ကင်ပေးနေတာရယ် .....အကုန်ကင်ပြီးတော့ စားကြတော့ရေးရေးက
" ကိုကို ရေးရေး လဲ ကိုကို သောက်တာသောက်ချင်တယ်"
" ရေးက 18 မပြည့်သေးဘူးလေ
မသောက်ရဘူး "
" ဟင့် ကိုကို ကလဲ နည်းနည်းဘဲလေ
နည်းနည်းဘဲလို့ "
" ဟဲ့ ရေးရေး ငါတို့လဲ မသောက်ဘူးလေ
ဘာဖြစ်နေတာလဲ မရလို့မတိုက်တာပေါ့ မသောက်နဲ့ "
ခက်ခက် မှ ဝင်ပြောတော့ နေမင်းကလဲ
" ဟုတ်တယ် ရေးရေး နင် နေလဲ သိပ်ကောင်းတာမဟုတ်သေးဘူး မသောက်နဲ့ နောက် အသက်ပြည့်မှ တူတူ သောက်မယ် 😁😛"
" ကိုကို နည်းနည်း လေ "
မုန်း လဲ ရေးရေး ကို ဆွဲကာ နမ်းလိုက်ပြီး spy ထည့်ပေးလိုက်တော့ ငတိမ က တိတ် သွားကာ ပြုံးကာခေါင်းငုံ့ သွားလေသည်
" Fa လေတေ ရဲ့ ငိုသံ ဆူညံနေပြီ 🤧🤧"
" အေးလေ ငါလေးက ငိုချင်နေပါပြီ ခက်ရေ "
#ကဲအာ့လို Ro မဲ့ ချစ်သူရှိလား
#သက်တံ့ရောင်🌈
YOU ARE READING
ချစ်တယ်ဟုဆိုရာ၌ { Season (2) }
Romanceရွှေရေးချယ်ဆိုတဲ့သူမ ဂုဏ်ရည်ဝင့်ထည်@သက်ထားမေ ဆိုတဲ့ မိခင်နှစ်ဦး ရဲ့ ရင်နှစ်သည်းချာ ဖြစ်ပြီး အလွန်ချစ် ခြင်းအလိုလိုက်ခြင်းခံရတဲ့ သူ ပေမဲ့ အရွယ် နဲ့ မလိုက်အောင် ရင့်ကြပ်ပြီး လိမ်မာ လွန်းတဲ့သူမ ချောမောလှပ ပြီး ရည်လျှားတဲ့ အရပ်တွေ ကြောင့် သာမက ပညာ...
