ချစ်တယ်ဟုဆိုရာ၌
Season_2@Chapter _14
" ကိုကို ဘယ်သွားမလို့လဲ ရေးရေး ဆီ ပြန်လာခဲ့
ကိုကို...... ကိုကို.......... "
ကိုကို က ရေးရေးအော်ခေါ်နေပေမဲ့ တစ်ချက်သာလှည့်ကြည့်ကာ အပြုံးတစ်ချက်တောင်မစွန့်ကျဲဘဲ ရေးရေး ရဲ့ဆန်ကျင်ဘက် ကို ပြေးထွက်သွားတဲ့ ကိုကို့ ကို နောက် ရေး ပြေးလိုက်ပေမဲ့ မောဟိုက်ကာ ပင်ပန်းလာတယ် မလိုက်နိုင်တော့တဲ့အဆုံး ထိုင်ကာ ငို ချလိုက်မိတယ်........
....
အိမ်မက် ကနေနိုးလာတော့ အရင်ဆုံးမြင်လိုက်ရတာက မျက်နှာကျက် အဖြူရောင် နဲ့ ပတ်ပတ်လည် အဖြူသုတ်ထားတဲ့ နံရံ ကြီး ရယ် ဆေးရုံအခန်း ဟု ထင်ရတဲ့အခန်းတစ်ခုရဲ့ ဆေးရုံကုတင်တစ်ခုပေါ်လဲ လြှောငျးနေ တာရေးရေး ဖြစ်နေတယ်........ ကိုကိုကော..
ရေးရေး က ဘယ်လိုဖြစ်တာလဲ ဘာတွေလဲ..............
ထကာ လှည့်ပတ်ကြည့်ပေမဲ့ ဘယ်သူ့ကိုမှ မတွေ ပေ.....
ရေး ဆေးရုံကုတင်ပေါ် ထ ထိုင် ကာ ပြန်စဥ်းစားပေမဲ့ ဘာမှ မမှတ်မိ ပေ......... ဘာတွေလဲ........ ကိုကို ကော
ဘယ်ရောက်သွားတာလဲ......... ကိုကို က ခွဲစိတ်တာအောင်မြင်ရဲ့လား ဘာလို့ ရေးရေး နားဘယ်သူမှ မရှိတာလဲ........ ထကာ အောက်ဆင်းပြီး ရှာဖို့ ပြင်ဆင်လိုက်မှ
ပိတ်နေတဲ့ တံခါး တစ်ချက် ဖွင့် လာကာ.......
" နိုးလာပြီ လား ခေါင်းကိုတာတို့ နာတဲ့နေရာတို့ ရှိလား "
ဆရာဝန်ဟုထင်ရတဲ့ လူကြီး တစ်ယောက် က ရေးရေး ကိုမေးတာကြောင့် ခေါင်းကို ခါရမ်းကာ မေးခွန်းကိုပြန်ဖြေ မိတယ်....
" ကိုကို ကော "
" ဆေးပုံမှန်သောက်ရမယ်နော် ပြီးတော့ ဆေးလာထိုးပေးရင်မဆိုးရဘူးနော် အဲတာမှ မြန်မြန်သက်သာမှာ
သိလား သမီးလေး "
" ဆရာ ဟိုလေ ကိုကို ခွဲစိတ်တာအောင်မြင်ရဲ့လား ဆရာ
ပြီးတော့ ကိုကို ဘယ်အခန်းမှာလဲ သွားတွေ့ လို့ရလား ဆရာ "
ထိုဆရာဝန် က ရေးရေး မေးတာမဖြေဘဲ ဆေးထိုးဖို့ ပြင်ဆင်နေသည်
" ဆရာရေးရေး ဘာမဖြစ်ဘူးလေ
ဆေးမထိုးချင်ဘူး ကိုကို့ ကို ခေါ်ပေးပါ ဆရာ "
ရေးရေး ပြောလိုက်တော့ ထိုဆရာဝန်ကြီး က ရေးကုတင်ဘေးက အနီ ရောင်ခလုတ်လေးကိုနှိပ်လိုက်တော့ nurse
နှစ်ယောက် လောက် ဝင်လာကာ ရေးရေး ကို အတင်းချုပ်ထားကြတယ် ရေးရေး ရှုန်းပေမဲ့ အင်အားချင်မမျှ ခဲ့ပေ .... ရေးရေး ကိုကို မြန်မြန်လာခေါ်ဖို့ မျော်နေရုံဘဲ တတ်နိုင်တော့တယ်........... ရေး ကိုဆေးထိုး ကြပြီး ခနနေတော့ ရေးရေးအိပ်ချင်လာတယ်..... မကြာပါဘူး ရေးရေး အိပ်ပျော်သွားတယ်........... ရေးရေး အိပ်ပျော်တာ တစ်ခုတော့ကောင်းတယ် သိလား အိမ်မက်မှာ ကိုကို့ ကိုရေး တွေ့တယိ....... ကိုကို့ ကိုတွေ့ရလို့ရေးရေး အရမ်းပျော်တာဘဲ.......... ဒါပေမဲ့ သိလား 😥😥ကိုကို ရေးရေး ကို သူစိမ်း လိုဆက်ဆံတယ် ရေးရေး ရဲ့အဝေး ကိုထွက်ပြေးတယ် ရေးကို ထားခဲ့တယ်
....
ထပ်နိုးလာခဲ့ပြန်ပြီ....... ကိုကို ဘယ်မှာလဲ......... ကိုကိုရေ... ရေးကိုမြန်မြန်လာခေါ်ပါတော့..... ရေးရေး ကိုအနိုင်ကျင့်ကြတယ် သိလား....... ပြီးတော့ ရေးရေး မထိုးချင်တဲ့ဆေးတွေ ထိုးပေးတယ်........ရေးရေး ဘာလို့ ဒီနေရာရောက်နေတာလဲ ဆိုတာ ရေး မမှတ်မိ နေဘူး...... ဘာတွေ ဖြစ်ခဲ့တာလဲ....... မြန်မြန်လာခေါ်ပါတော့လို့သာ ရေးစိတ်ထဲက အချိန်ပြည့် ဆုတောင်းနေမိတယိ....ဒါပေမဲ့ ခုချိန်ထိ တော့ ရေးရေး ရဲ့ဆုတောင်း မပြည့်ခဲ့သေးဘူး......
...........
ခြံအကျယ် ကြီး တစ်ခု ၊ သုံးထပ်တိုက်ကြီး ရဲ့ ဧည့်ခန်း ရဲ့ဆိုဖာ တွင် ထိုင်ကာ ဂနာမငြိမ် နဲ့ ထ လိုက် ထိုင်လိုက် နဲ့ ဖြစ်နေတဲ့ကောင်မလေးတစ်ယောက်..... သူ့ရှေ့ မှာရပ်နေကြတဲ့ လူယုံ ဟုထင်ရတဲ့ သူတွေကို ဒေါသတကြီး အော်ဟစ်နေလေရဲ့
" ထက်မြတ် ခုထိ ဘာသတင်းမှ မရသေးဘူးလား "
" တောင်းပန်ပါတယ် မမလေး ကျွန်တော် အသုံးမကျလို့ပါ "
" အားးးးးး ငါလိုချင်တာ တောင်းပန်စကား မဟုတ်ဘူး "
ဒုန်းးးးးးခွမ်းးးးးးးးးး
ရှေ့ စာပွဲမှာရှိတဲ့ ဖန်ခွက် တွေ ကို ပစ်ပေါက်သောင်း ကျန်း နေတဲ့ Dack Size ...........
တောက်........... ဘယ်သူလက်ချက်လဲ သိလို့ရတော့ အရှင်မထားဘူး
ထိုသူမ ရဲ့ ဒေါသ အေးစက်မူကို ထက်မြတ် နဲ့ကောင်းမြတ် ရော ဘေးမှာရှိနေကြတဲ့ သူ့လူတွေ အကုန် ခံစားနိုင်ကြပေမည်......... အကြောင်းမှာ........ သူမ ရဲ့ အားနည်ချက် လို့ တင်စား ထားတဲ့ သူမရဲ့ ရင်နှင့်သည်းချာ ဇနီးလောင်းလေး သတင်းအစန မရဘဲ ပျောက်ဆုံးနေတာ 3ရက် ရှိပြီ ဖြစ်သောကြောင့် ပင်...... "ဒီလိုဖြစ်မှာစိုးလို့ ရင်ကွဲခံ ကာ မင်္ဂလာပွဲအတု လုပ်ခဲ့တာလေ........အားးးးး ငါစိုးရိမ်သလိုဖြစ်လာတယ်
ထက်မြတ် ငါ ဘာလုပ်ရမလဲ ခုထိ ရေးသတင်း ဘာမှ မရသေးဘူး "
ခွမ်းးးးးးးးးး ထပ်မံ ပစ်ခွဲခံလိုက်ရပြန်တဲ့ ဓားစာခံ ဖန်ခွက်လေးများ ဟု ထက်မြတ် ထင်မိတယ်...........
မမလေး ရေးရေး ကို ချစ်လွန်းလို့ အန္တာရယ်ရှိနေတာသိလို့ ရေးရေး ကို ကာကွယ် ဖို့ ဟန်ဆောင် လက်ထပ် ဖို့အထိ လုပ်ခဲ့ပြီးမှ ခုလိုဖြစ်တော့ မမလေး ဘယ်လောက်ဒေါသထွက် မယ် ဆိုတာ ထက်မြတ် တွေးမိနိုင်တယ်........
တကယ်တော့ မမလေး က ရေးရေး က Dack Size ရဲ့ အားနည်ချက် ဆိုတာ ကို ဖော်ပြလိုက်တဲ့နေ့ ကစပြီး မမလေး ကိုမကျေနပ်ကြတဲ့ ပြိုင်ဘက် တွေ က ရေးရေး ကို အာရုံစိုက်လာကြမှန် မမလေး ရိပ်မိတာမို့ အန္တာရယ် မဖြစ်အောင် ရေးရေး မဟုတ်တဲ့တခြား သူကို ဟန်ဆောင် လက်ထပ်ပြခဲ့ခြင်းဖြစ်သည်..... ဒါကို ဘယ်သူတွေ က ဘယ်လို လုပ်သိသွားကြတယ်မသိ ခုတော့ရေးရေး ကိုပြန်ပေးဆွဲ သွားကြတယ်....... ခက်တာက ဘာမှ သတင်းမရခြင်းဖြစ်တယ် ငြိမ်နေတယ် ပြောရင် ပိုမှန်မယ်..... ဘာလို့ငြိမ်နေတယ်ဆိုတာ မသိ တာမို့ ပိုလိုက် ရခက်ခဲနေတယ်............. မစားမသောက် ဘဲ ဒေါသထွက် ကာ ပစ္စည်းရှိသမျှ ရိုက်ခွဲနေတဲ့မမလေး ကို မမလေး အဖေ တောင် ကြောက်ပုံဘဲ........... မမလေး က ခုလို ဒေါသထွက်ခဲတယ် သူ့ကို ထိခိုက်မိရင်တောင် သွေးအေးအေး နဲ့ ဘာ့မဖြစ်သလို နေနိုင်တဲ့ သူ ပြီးတော့ လူသတ်တောင် အေးဆေး လေးဘဲ သတ်ချသွားတာ ခုလိုပေါက်ကွဲနေတာ မြင်ရတာ က ခု နဲ့မှ နှစ် ခေါက်ဘဲရှိသေးတယ်.......
ရေးရေး ကို လဝန်းဆိုတဲ့ မင်းသမီ က ပြန်ပေးဆွဲတုန်းတစ်ခု...... ခု တစ်ခါ ရယ်.......ဘဲ မြင်ဖူးတာမို့ ထက်မြတ် ရောကောင်းမြတ်ရော....... ပါလန့်နေကြတယ်...... တခြားသူဆိုပိုတောင်ဆိုးပေါ့......ထက်မြတ်တွေးနေရင်းနဲ့ တစ်ခုသတိရကာ....
" မမလေ......... လဝန်း နဲ့ ဇာနည်သွေး ဆိုတဲ့ လူ နဲ့ ပက်သက်နေမလား "
ရုတ်တရက်ထပြောလိုက်တဲ့ကောင်းမြတ်ကြောင့်
" သူတို့သေပြီမလား နင်တို့ကို ရှင်းခိုင်းတယ်လေ "
ထက်မြတ်က
"တောင်းပန်ပါတယ် မမလေ.....သူတို့ မသေသေးဘူး ထင်တယ် "
" ဘားးးးးးးး ဘာပြောလိုက်တယ် "
" တောင်းပန်ပါတယ် ဟို ဒီလိုပါ ရှင်းခိုင်းတဲ့နေ့ က
ဟိုတိုက် မှာဘဲ သွား ထားပြီး တစ်တိုက်လုံး မီးရှို့ ခဲ့တာပါ အဲမှာ ဟိုနှစ်ယောက် ကိုလဲ ထည့်ပိတ်ခဲ့ပေမဲ့ လွတ်သွားတာဖြစ်နိုင်တယ် လို့ ကျနော်ထင်တယ် "
"တောက်......... ခုခြေရာခံစမ်း....မြန်နိုင်သလောက်မြန်မြန် သိချင်တယိ ခုလုပ်မြန်မြန် "
" ဟုတ်ကဲ့ မမလေး "
နာရီဝက်လောက်ကြာတော့ ထက်မြတ်ပြေးလာကာ
" မမလေး တကယ်ဘဲ ဇာနည်သွေး နဲ့လဝန်းမသေသေး ဘူး သူတို့ကို ခြေရာခံမိပြီ "
" ခုအဆင်သင့်ပြင် အကုန်ခေါ်သွားမယ် လူစု "
"ဟုတ်ကဲ့ မမလေး "
......
ဟိုတယ် အခန်း တစ်ခု ၌
" ဦးလေး မြန်မြန်လုပ်ရအောင်...... မဟုတ်ရင် ပြန်မိနေမှ"
" မပူစမ်းနဲ့ ရွှေရေးချယ် ဆိုတဲ့ကောင်မလေး ကိုဘဲ ရှာဖို့ စိတ်အားထက်သန်နေတာ ငါတို့ကိုသေလူသတ်မှတ် ပြီးသားမလို ခုထိ လာမရှာတာမတွေ့ဘူးလား "
" ဒါနက် ဟိုကောင်မလေးကို ဘာလို့မသတ်တာလဲ "
" ခုက သတ်တာထက်ပိုဆိုး တာ လုပ်တာလေ
ဟားဟားးမြန်တွေ့ တောင် မှ Coma ဖြစ်နေတဲ့သူကို ပြန်တွေ့ရမှာ နောက် နှစ်ရက်နေလို့မှ မတွေ့ ရင် "
" ဟုတ်ပါပြီ မြန်မြန် သွားစို့ လေဆိပ် ကို ဟိုနိုင်ငံရောက်မှ စိတ်အေးနိုင်မယ် လဝန်း ကတော့ "
ထိုစဥ်....... ဝုန်းးးးးးးဒုန်းးးးးးးဆိုတဲ့ တံခါး ရိုက်ဖွင့် သံနဲ့အတူ
" အော် နင်တို့ ကပြေးဖို့ပြင်နေတယိပေါ့ ........တော်သေးတယ် နင်တို့ နှစ်ယောက် ကို သတိရလိုက်လို့
ပြေးလွတ်မယ် ထင်လို့လား......... နင်တို့နှစ်ယောက် ကို ငါ အခွင့်ရေး တစ်ခုပေးမယ်............ ရေးရေး ဘယ်မှာလဲ
အရင်ပြောတဲ့သူကို လွတ်ပေးမယ် "
ဇာနည်သွေးက မုန်းကိုထပ်မြင်လိုက်တာနဲ့ကို သွေးပြတ်နေပြီ ဖြစ်ကာ
" မြို့ပြင် ဘက်က စိတ်ကျန်းမာရေး ဆေးရုံမှာ "
"ဦးဇာနည်သွေး ကိုယ်လွတ်ရုံးပြီပေါ့ခုတော့ တူတူ လုပ်ခဲ့ကြတာလေ "
" နင် က ပြောလို့ငါလုပ်ပေး ရတာလေ "
" ဘားးးးး "
" ထက်မြတ် သူတို့ကို မြေအောက်ခန်းမှာချုပ်ထားလိုက်
ငါပြန်မလာမချင်း ဘာ့မလုပ်နဲ့
ကောင်းမြတ် ခုသွားမယ် ရေးရေး ဆီ "
ပြောသွားတဲ့ အေးစက်စက် လေထု နဲ့အတူ ထွက် သွားတဲ့ ခြေသံပြင်းပြင်း ကြောင့် လဝန်းနဲ့ ဇာနည်သွေး အစား
ထက်မြတ်တို့ လူတစ်စု ကြက်သီး ပင်ထ မိတာအမှန် ပင်............
...................
ရေးရေး ခပ်ယဲ့ယဲ့ သာအသက်ရူ ရင် မျော်လင့်နေမိတယ် ကိုကို ရေးရေး ကိုလာခေါ်မဲ့အချိန်......... နောက်ဆုံးထွက်သက်ထိ မျော်နေဦးမယ် ကိုကို့ ကို ယုံကြည်တာမို့
ရေးရေး ကို လာခေါ်မယ် ဆိုတာ ယုံကြည်တာမို့လို့........
ဘာလို့ယုံတာလဲဆိုရင် ကိုယ့်ကိုယ်ကို ထက် ပိုချစ်မိခဲ့လို့ ပါလို့ ဖြေရပေလိမ့်မယ်........အချိန် တိုင်းမျော်နေလိမ့်ဦးမယ်......... ထိုစဥ် တံခါးဖွင့် လိုက်သံကြောင့်...... အတင်အကြပ် ချုပ်ကိုင်ထားတာခံရပေဦးမယ်....... မထိုချင်တဲ့ဆေး အနိုင်ထက် ထိုးပေးကြပေဦးမယ် လို့ တွေးရင် မျက်စိမှိတ်ကာ ငြိမ်နေလိုက်တော့သည်....... မငြိမ်လို့မရ ပေ ဘာ့မစားတာကြောင့် အားမရှိသည်က တကြောင်း....
အတင်းချုပ်ကိူင် ခံရရင် ရေးရေး ပို၍ နာကျင်ရတာကြောင့် အလွန်ဆန်နိုင်တဲ့အဆုံး ကိုကို မလာမချင်း ငြိမ်နေလိုက်ဖို့သာ တွေးလိုက်မိ၍ပင်ဖြစ်သည်.........
ငြိမ်နေတာကြောင့် အတင်းချုပ်ကိုင်မခံရဘဲ ဆေးထိုးဖို့ပြင်နေစဥ်မှာပင် နောက်ထပ်တံခါးဖွင့် သံနှင့်အတူ
ရင်းနှီးတဲ့ ရင်ခုန်သံကြောင့် စိတ်ထဲမှာ လှိုက်ကာပျော်မိကာ မျက်ရည်များ ကျလာမိတယ်....... ကိုကို ရောက်လာပြီ#နားမလည်တာတွေ ရှိနေမှာပါဒါပေမဲ့အဆုံးထိဆက်ဖတ်ပေးပါဦး
#ကြာသွားမိလို့တောင်းပန်ပါတယ် Fan လေးတွေကို#သက်တံ့ရောင်🌈
YOU ARE READING
ချစ်တယ်ဟုဆိုရာ၌ { Season (2) }
Roman d'amourရွှေရေးချယ်ဆိုတဲ့သူမ ဂုဏ်ရည်ဝင့်ထည်@သက်ထားမေ ဆိုတဲ့ မိခင်နှစ်ဦး ရဲ့ ရင်နှစ်သည်းချာ ဖြစ်ပြီး အလွန်ချစ် ခြင်းအလိုလိုက်ခြင်းခံရတဲ့ သူ ပေမဲ့ အရွယ် နဲ့ မလိုက်အောင် ရင့်ကြပ်ပြီး လိမ်မာ လွန်းတဲ့သူမ ချောမောလှပ ပြီး ရည်လျှားတဲ့ အရပ်တွေ ကြောင့် သာမက ပညာ...