ချစ်တယ်ဟုဆိုရာ၌
Season_2@Chapter _15
ရေးရေး ခပ်ယဲ့ယဲ့ သာအသက်ရူ ရင် မျော်လင့်နေမိတယ် ကိုကို ရေးရေး ကိုလာခေါ်မဲ့အချိန်......... နောက်ဆုံးထွက်သက်ထိ မျော်နေဦးမယ် ကိုကို့ ကို ယုံကြည်တာမို့
ရေးရေး ကို လာခေါ်မယ် ဆိုတာ ယုံကြည်တာမို့လို့........
ဘာလို့ယုံတာလဲဆိုရင် ကိုယ့်ကိုယ်ကို ထက် ပိုချစ်မိခဲ့လို့ ပါလို့ ဖြေရပေလိမ့်မယ်........အချိန် တိုင်းမျော်နေလိမ့်ဦးမယ်......... ထိုစဥ် တံခါးဖွင့် လိုက်သံကြောင့်...... အတင်အကြပ် ချုပ်ကိုင်ထားတာခံရပေဦးမယ်....... မထိုးချင်တဲ့ဆေး အနိုင်ထက် ထိုးပေးကြပေဦးမယ် လို့ တွေးရင် မျက်စိမှိတ်ကာ ငြိမ်နေလိုက်တော့သည်....... မငြိမ်လို့မရ ပေ ဘာ့မစားတာကြောင့် အားမရှိသည်က တကြောင်း....
အတင်းချုပ်ကိူင် ခံရရင် ရေးရေး ပို၍ နာကျင်ရတာကြောင့် အလွန်ဆန်နိုင်တဲ့အဆုံး ကိုကို မလာမချင်း ငြိမ်နေလိုက်ဖို့သာ တွေးလိုက်မိ၍ပင်ဖြစ်သည်.........
ငြိမ်နေတာကြောင့် အတင်းချုပ်ကိုင်မခံရဘဲ ဆေးထိုးဖို့ပြင်နေစဥ်မှာပင် နောက်ထပ်တံခါးဖွင့် သံနှင့်အတူ
ရင်းနှီးတဲ့ ရင်ခုန်သံကြောင့် စိတ်ထဲမှာ လှိုက်ကာပျော်မိကာ မျက်ရည်များ ကျလာမိတယ်....... ကိုကို ရောက်လာပြီ ........ ခံစားလိုက်တာနဲ့
" မထိကြနဲ့ သူ့ကို "
ရေးရေး ကို ရင်ခွင်ထဲ ခပ်မြန်မြန် ထွေးပွေ့ လိုက်ပြီး အော်လိုက်တဲ့ ေလသံ ခပ်သြသြ နဲ့ ပါဝါပါတဲ့ လေသံလေးတစ်ခုကြောင့် ဆရာဝန်ရဲ့ဆေးထိုအပ်က လေမှာ ရပ်တံ့သွားရသည်
" ကိုကို့ ကိုမျော်နေတာ "
လေသံ ခပ်တိုးတိုးနဲ့ ခပ်ယဲ့ယဲ့လေး ဆိုကာမျက်ရည်စီးကျနေတဲ့ Baby lay ကြောင့် ရင်ဘက်တစ်ခုလုံးနာကျင်သွားရတယ်
" ဒီ ဆေးရုံ အုပ် နဲ့ တွေ့ ချင်တယ် ကောင်းမြတ် ခေါ်ပေး
နောက်ပြီးဒီဆရာဝန် ကော ဘယ်မှာမသွား စေနဲ့
ပြီးတော့ ဒီမှာ အလုပ်လုပ်တဲ့ ဆရာဝန်တွေ အကုန်နဲ့ Nurse ေတွ ကိုပါ ခေါ်ခဲ့
Baby lay ကို ဆေးဝိုင်းထိုး ကြတာ ဘယ်သူတွေ ပါသေးလဲ ကိုယ့် ကိုပြော ကိုယ် အပြစ်ပေးမယ် "
ခေါင်းလေးသာအသာငြိမ့်ပြကာ ရင်ခွင်ထဲခေါင်းလေး အပ်ထားတဲ့ Baby lay နဖူးကို ဖွဖွ နမ်းလိုက် ကာ ဆရာဝန် တွေ ရောက်လာတာစောင့်နေလိုက်တယ်
..
" မမလေး အကုန်စုံပါပြီ "
" ဆေးရုံအုပ်ဘယ်သူလဲ "
အေးစက် တဲ့ လေသံ နဲ့အတူ ဒေါသကြောင့် နီမြန်းနေတဲ့ နဂို ခပ်ဖြူဖြူ မျက်နှာပေးကြောင့်
ဆရာဝန်တွေနဲ့ Nurse တွေ ပါ လန့်ဖြန့်နေကြတယ် အသက် 40 ကျော်ဦးလေး တစ်ယောက် က လက်ထောင်ကာ
" ကျနော်ဆေးရုံအုပ်ပါ "
" ပြောပါဦး စိတ်ရောဂါ မခံစားရတဲ့ ကျွန်မ ရဲ့ ကလေး ကို ခင်များကြီး က စိတ်ရောဂါ ခံစားလာအောင် လုပ်ခဲ့တာကို ကျွန်မ ဘာလုပ်သင့်လဲ "
" ဟို........ဟို......ကျွန်တော် မသိခဲ့လို့ပါ......တကယ်ပါ လာပို့တဲ့သူတွေ က ဟို........"
" တိတ် စမ်း......... ခင်များ တို့က ဆရာဝန်မဟုတ်ဘူးလား လူနာကိုပျောက်အောင် ကုရမှာမဟုတ်ဘူးလား
ခု က ကုတာမဟုတ်ဘဲ စိတ်ရောဂါဖြစ်အောင် လုပ်နေတယ် "
" တောင်းပန်ပါတယ် တကယ် မသိခဲ့လို့ပါ အနူးညွတ်တောင်းပန်ပါတယ် "
" တောင်းပန်ရုံနဲ့ပြီးသွားရောလား .....ဟမ်းးးး ကျွန်မတောင် မထိရက်မကိုင်ရက် ပိုးမွေးသလိုဥ ထားတဲ့ ကလေး ကို ခင်များတို့ကြောင့် ဘယ်လောက်တောင်ကြောက် နေပြီလဲ........ ဟမ်း ဆရာဝန်တွေ လား ခင်များတို့က "
မုန်းရဲ့အေးစက်စက် ဒေါသ တကြီး အော် သံကြောင့်
ဆရာဝန်နဲ့ Nurse များ ပါ တုန်လှုပ်နေကြတယ်
" ဘယ်ဆရာဝန်တွေ က ဆေးထိုးပေးကြတာလဲ ထွက်ခဲ့
ပြီးတော့ တာဝန်ကျတဲ့ Nurse ပါထွက်ခဲ့ "
မုန်း ထပ်အော်လိုက်တော့ ကြေောက်အားလန့်အား နဲ့ အတုန်ကယင် နဲ့ ထွက်လာလေသည်
" မင်တို့နှစ်ယောက် ဘဲလား တခြားသူသေးလား "
ခေါင်းခါပြလာတော့
" ကောင်းမြတ် ထောင်းချ မယ် ဆေးရုံ အုပ်ရယ် သူတို့နှစ်ယောက် ရယ် အနည်ဆုံး 10 နှစ် ကျတာ လိုချင်တယ် မင်း ဆက်လုပ်လိုက် .....ငါလိုက်မလုပ်လဲဖြစ်လား "
" ဟုတ်ကဲ့ ဖြစ်ပါတယ် ကျွန်တော့ကို စိတ်ချပါ သေချာ လုပ်လိုက်ပါ့မယ် "
"နောက်ပြီ ကျန်တဲ့သူတွေ နောက်ကြည့်ထား လူနာမဟုတ်တဲ့သူကို လူနာဖြစ်အောင် လုပ်ခဲ့ရင် ခုလို လုပ်ပစ်မယ် "
ဟို သုံးယောက် က သွေးမရှိတေယ့သလို ဖြူဆုတ်ဆုတ် ဖြစ်သွားကြလေသည် အကြောက်လွန်ကာ ဘာစကားသံမှ ထပ်မထွက် လာတော့ပေ ....
မုန်း ရင်ခွင်ထဲက Baby Lay ကိုကြည့်လိုက်တော့ အိပ်ပျော်နေလေပြီ ဒါကြောာင့် ပွေ့ချီ ကာ
" ပြန်မယ် ကောင်းမြတ် ဆေးရုံမောင်း လိုက် "
" ဟုတ်ကဲ့မမလေး "
...........
ဆေးရုံရောက်တော့ အသင့်စောင့်နေကြတဲ့ မာမီ နဲ့ မေမေ သက်က မျက်ရည်များ နဲ့ ဆီးကြိုနေလေသည်...... အားနာရုံကလွှဲ...... တောင်းပန်ပါတယ် ဆိုတဲ့အကြည့်နဲ့ကလွှဲ ပြီး မုန်း ဘာမှ မပြောတတ်တော့ပေ............
ဆေးရုံရောက်တော့ စစ်ဆေးစရာရှိတာစစ်ဆေးကာ ဖြေဆေးပြန်လိုက်ပေးရတယ်......... ဆရာဝန်ပြောချက်အရ တော်သေးတာပေါ့..... ဒီထက်ရက်ကြာရင် အခြေနေဆိုးသွားနိုင်တယ်တဲ့.......... မျက်စိရှေ့ က အပျောက်ခံလို့မဖြစ်တော့ဘူး.........
.....
ထိုနေ့ညက စပြီး ကိုကို့ ရင်ခွင် ထဲမှာဘဲ အိပ်ချင်ပါတယ် လို့ဂျီကျ တဲ့ Baby lay ကြောင့် နှစ်ခါဂျီကျစရာမလိုအောင် ပင် အလိုက်တသိပင် ရေးရေး ရဲ့ဆေးရုံကုတင်ပေါ် အခန့်သား တက်ကာ ရေးရေး ကို ရင်ခွင်ထဲထည့်ဖက်ထားတဲ့ မုန်းပါ........ ရေးရေးပြောလိုက်တာက ညအိပ်တဲ့အချိန်ဘဲပြောမိတာ ထင်ပေမဲ့ မုန်းကတော့ 😇ထိုကုတင်ပေါ်မှ မဆင်းတော့ပေ ရေးရေး ကို လာစစ်ဆေးကြတဲ့ဆရာဝန် မမများ ပင်ရှက်ရသော်လည် မုန်းဆိုသည့်သူမ ကား မထုံသေး မျက်နှာပေး နဲ့ ရှက်ကြောနဲ့ ချက်ကြောမှားဖျက်လေသလား ပင်ရေးရေး ထင်မိပါသည်........... ပြောလိုက်ပါသေးသည် ရေးရေး ကိုစိတ်မချ ဖက်ထားပါရစေ ဆိုတဲ့စကားနှင့်ပင် မာမီ နဲ့မေမေလဲ လွတ်ထားပေးရတယ်...... ေနမင်းနဲ့ ခက်ခက်ရော မမမာလာတို့ကပါ
" ဟဲ့ ငါတို့ကို အားနာတတ်ဦး "
ဟုပြောယူရသည်အထိ မျက်နှာပြောင်တိုက်နေသူက ရေးရေး ရဲ့အချစ်တော် အမုန်းမိုး ဆိုတဲ့ကိုကို ပင်ဖြစ်သည်.........
" ကိုကို ဦးနောက် အကြိတ်တည်တယ် ဆို အဲတာခွဲစိတ်ပြီးပြီလား ဟင်းးးးး ပျောက်သွား ပြီလား "
ရုတ်တရက် ရင်ခွင်ထဲမှနေ၍ အလန့်တကြား ထမေးလာတဲ့ရေးရေး ကြောင့် ဘယ်လိုက အကြိတ်လဲ ဘာကိုပြောနေမှန်း မသိတာအမှန်ပင်
" ဟင်းးးး ဦးနောက် အကြိတ်တည်တာ?
ဘယ်သူလဲ Baby lay ရ "
" ကိုကို ကလဲ လုပ်ပြန်ပြီ ကိုကို လေ ဦးနောက် အကြိတ်တည်တာဆိုပြီး ဆေးရုံရောက်နေလို့ ရေးတောင်ဆေးရုံပေါ်လေဆိတ်ကနေ တန်းသွားရသေးတယ်လေ ဆေးရုံရောက်တော့ကိိုကို က ကုတင်ပေါ် မှာ သတိလစ်နေတာလေ "
မုန်း မာလာ နဲ့ ဝတီ တို့ကို လှမ်းကြည့်တော့ ခေါင်းခါပြနေတယ် သူတို့လဲ မသိဘူးဆိုတဲ့သဘော
" မဟုတ်သေးဘူး Baby lay ရ ကိုကို ပြောပြမယ် Baby lay ကကိုယ့် ရဲ့ချစ်သူဆိုတာ သိသွားကြလို့ Baby lay က ကိုယ့်အားနည်ချက်ဆိုတာ ကိုယ့်ရဲ့ ရန်သူတွေက သိသွားကြလို့ Baby lay ကို စိုးရိမ်လို့
Baby lay ကို ကာကွယ်ချင်လို့ Baby က ကိုယ့် ချစ်သူမဟူတ်ကြောင်း ခန ဆောင် တဲ့အနေနဲ့ အမမြတ် နဲ့ ဟန်ပြလက်ထပ် ပြတာ တကယ် မဟုတ်ဘူး နောက်တော့ Baby lay ကို သေချာလိုက်စောင့်ကြည့် ခဲ့ရတယ် နောက်
Baby lay လေဆိပ် မှာရောက်တဲ့အချိန်မှာ ကိုယ်တို့ Baby lay နဲ့အဆက်သွယ် လုံးဝပျက်ပြီး Baby lay ပျောက်သွားတာဘဲ....... အဲတာကြောင့် လိုက်ရှာနေတာနေရာအနှံ့ဘဲ(3) ရက် မြှောက်တဲ့နေ့ မှ ပြန်တွေ့ ရတာ "
" ဟင်းးးး ဒါဆို ကိုကို့ မှာ ဦးနောက်အကြိတ်တည်တယ်ဆိုတာ ရေးရေး အိမ်မက်ထဲမှာပေါ့.... ဟုတ်လား ကိုကို "
" ဟုတ်မယ် ထင်တယ် သူတို့က Baby lay ကို စိတ်ရောဂါ သည်ဆိုပြီး အဲဆေးတွေ ထိုးပေးကြတော့ Baby lay က
အိပ်မက် ကို တကယ် လို့ ထင်လိုက်တာ တကယ် မရှိတဲ့တချို့ အရာကိုလဲ တကယ်ရှိတယ် ထင်လာတာ....."
" အော်....... "
မမာလာက
" ကလေးလေး ဘာစားချင်လဲ အမကိုပြော အကုန်ဝယ်ကျွေးမယ် ကလေးရဲ့ ပါးဖောင်းလေးတွေ ပြန်ပေါ်လာအောင် လုပ်ရမယ် "
" ဟီး တကယ် လား အဲတာဆိုရင်.... "
မေးကိုလက်လေးပွတ်ကာသေချာစဥ်းစားရင်း🤔🤔 ပြောချလိုက်တာတွေ ကြောင့် မျက်လုံးပြူး သွားရတာ မုန်းတစ်ယောက် ထဲတော့မဟုတ်ပေ ခက်ရောမင်မင် ရော ဝတီရောမာလာ ပါ မျက်လုံးပြူးကုန်ကြတယ်
Baby lay ရွတ်ပြလိုက်တာက
" ပသျှူး ပင်လယ်စာနဲ့ 2ပွဲ ခေါက်ဆွဲကျော် တစ်ပွဲ ဝက်သားဒုတ်ထိုး ကန်တင်းဆိုင်က 50000 ဖို ရယ် ထော်ပတ်ဖျော်ရည်တစ်ခွက်ရယ်....... ကြက်ကင် တစ်ကောင်ရယ်..... coca cola နှစ်ဗူး ရယ် ဟမ်ပါကာ ကန်တင်း က ဆိုင်ကနော် 2လုံး ရယ် အဲဆိုင်ကဘဲ အာလူးကျော် မာလာအရသာနဲ့ တစ်ပွဲ ပါဆွဲခဲ့ 🤔🤔ဒီနေ့ တော့ အဲလောက် ပါဘဲ "
ဒီလောက်ပါဘဲ လို့ပြောလိုက်တဲ့ရေးရေး ကိုကြည့်ကာ ဘယ်သူမှ အသံပင်မထွက်aတော့ဘဲ ပြူးပြူးပြဲပဲလေး နဲ့သာ ကြည့်နေလိုက်ကြတော့တယ်........#ဘာကြည့်တာလဲ ရေးရေး က အာ့လိုစားနေကြဘဲကို မသိလို့အံ့သြနေကြတာလား 😝
Final Chapter မျော်
သာသာနေမကောင်းဖြစ်သွားလို့ ဇာတ်မြန်မြန်ဖြတ် လိုက်ရပါတယ် ပေါ့ရွတ်သွားတာ သိပါတယ်ဗျ ကျနော်လဲ ဒီထက် ပို မျော်လင့် ထားပေမဲ့ ကျန်းမာရေးကြောင့် ဆက်မရေးနိုင်တော့ဘဲ ဖြတ် လိုက်ရတာမို့ နားလည်ပေးကြပါဗျ နောက် Fiction တွေ ကြရင် သေချာလေး ရေးပါမယ်ဗျ
Reader များကို အနူးညွတ် တောင်းပန်အပ်ပါတယ်ဗျ#သက်တံ့ရောင်🌈

YOU ARE READING
ချစ်တယ်ဟုဆိုရာ၌ { Season (2) }
Любовные романыရွှေရေးချယ်ဆိုတဲ့သူမ ဂုဏ်ရည်ဝင့်ထည်@သက်ထားမေ ဆိုတဲ့ မိခင်နှစ်ဦး ရဲ့ ရင်နှစ်သည်းချာ ဖြစ်ပြီး အလွန်ချစ် ခြင်းအလိုလိုက်ခြင်းခံရတဲ့ သူ ပေမဲ့ အရွယ် နဲ့ မလိုက်အောင် ရင့်ကြပ်ပြီး လိမ်မာ လွန်းတဲ့သူမ ချောမောလှပ ပြီး ရည်လျှားတဲ့ အရပ်တွေ ကြောင့် သာမက ပညာ...