Chapter (10)

1K 45 1
                                    

ချစ်တယ်ဟုဆိုရာ၌
Season_2

@Chapter _10

မုန်းရဲ့ရုံးခန်းထဲ ဝင်လာတဲ့ မာလာ
" ဟဲ့ဟဲ့ ငါ အချိန်အခါ မှားဝင်မိတာလား "
သူ့အော် သံကြားမှ လူချင်း ခွာလိုက်ကာ မုန်းက
" အာပြဲမ နင်အဲတာကြောင့် ခုထိ ရည်းစားမရတာ "
" ပြောရက်လေခြင်း မိမုန်းရယ် "
" ပြောဘာကိစ္စ "
" ခုန အင်တာဗျူး ငါမြင်လိုက်တယ် cmt တေ ငါ လိုက်ဖတ်တော့ နင်တို့ အတွဲကို အားပေးတဲ့သူက ပိုများနေတာ
ဟို မင်းသမီး ကတော့ အရှက်တော်တော်ကွဲ ပြီ "
" ငါက baby lay ကို ပို စိုးရိမ်တယ်ဟ "
" အင်း နင် ပိုဂရုစိုက်ပေးလိုက်ပေါ့ "
" မုန်း နင် ငါ့ကို စုံစမ်းခိုင်းတဲ့ကိစ္စ လေ ဟိုလူ ပြန်ထွက်လာပြီ ခုတလောတော့ ငြိမ်နေတယ်  ငါ စိုးရိမ် စိတ် ဝင်နေလို့ စိတ်ထဲ တမျိုး ဘဲ ဟား ငါမပြောပြတတ်ဘူး နင်သိလောက်မှာပါ မုန်း တစ်ခုခု ​လုပ်တော့မလို ခံစားရတယ် "
" အင်း.....  ငါ သိပါတယ် ပိုဂရုစိုက်ရမှာပေါ့
ဒါနက် ဝတီ ကော မတွေ့ ပါလား ဟိုတနေ့ တွေ့ ကြပြီးထဲက "
" ပြောမနေနဲ့တော့ အဲဟာမ ငါ့ဆီ တောင် မလာ ချင်တော့ဘူး သိလား မုန်း "
" ဟုတ်လား သူအလုပ်ရှုပ် နေလို့လား "
" မဟုတ် ဘူး ကိုကို ရဲ့ ခက် ကို သွားပိုး နေတာ
🤣😂😂"
" ဟင်းးးး ဟုတ်လား "
" ဟုတ်တယ် မုန်း ရ ဝတီ က အတည်ကြီး ကြွေသွားတာ ပါဆို "
" ဟုတ်တယ် ကိုကို ရေ ခက် ကတောင် ပတ်ပြေးနေရတယ်တဲ့ ခြေတွက် လက်တွက် ဆိုဘဲ
ခက်ပြောတာ အမလေး သူနဲ့သာ ယူရင်တော့ တစ်နေကုန် ကုတင်ပေါ်က ဆင်းရမယ် မထင်ဘူးတဲ့ 🤣😂"
မာလာ " 😂😂😂😂 ဟိုကလေး တော်တော် ကြောက် ပုံဘဲ အာ့လိုဆို "
ရေးရေး " ဒါပေမဲ့ ခက် ကလဲ ကြွေ နေတာ မြင်ထဲက
ရေး သိတယ် ခက်အကြောင်း ခက်တာက မမဝတီ က အရမ်း တွက်လွန်းတာ
ဒါနက်လေ ကိုကို မနေ့ က ခက် ကျောင်းလာတော့လေ နေမင်း နဲ့တူတူ မလာဘူး နေမင်းက အရင်ရောက်တာ
အဲတာနောက် မှ  မမဝတီ လိုက်ပို့ တာ အဲထိ မထူးဆန်းသေးဘူး လည်စည်း မကြိုက်တဲ့ ခက်က လည်စည်း ပတ်ထားတာက ထူးဆန်း သွားတာ "
မာလာ " ဟိုကလေးတော့ စားခံရပြီ ထင်တယ် "
မုန်း " ကဲ ရီမနေနဲ့ ဝတီ ကို နည်းနည်းပါးပါးပြောဦး
ဟိုက ကလေး "
မာလာ "ငါပြောရင် ကော ရမယ်  ထင်လို့လား "
....
တစ်ဖက်
အင်တာဗျူး video ကို ကြည့်ကာ ဒေါသထွက် နေတဲ့ မင်းသမီး လဝန်း တစ်ယောက်
" ငါ့ဘဝ ကို ဖျက်ဆီ တဲ့ နင်တို့ နှစ်ယောက် ကို ငါ ဒီ တစ်သက်မကျေဘူ စောင့်ကြည့်နေလိုက် နင်တို့ကို ငါဘာလုပ် မလဲ ဆိုတာ "
ထိုစဥ် ဖုန်း ဝင်လာလေသည်
" ဟလို "
". ......"
" ဟုတ်ပါတယ် လဝန်းပြောနေပါတယ် "
" ........"
" ဆိုတော့ တနေ့ ရာမှာတွေ့ ရအောင် နေရာနဲ့အချိန် ကို message ပို့လိုက်မယ် "
" Ok see you "
....
စားသောက်ဆိုင် ရဲ့ သီးသန့် ခန်းတနေရာ တွင်
" ကြို ရောက်နေပါလား ဘာမှာမလဲ မှာ လေ
ကျွန်မ ကတော့ ရတယ် အစား သိပ်မရွေးဘူး "
" Ok ဒါဆို ဦး မှာလိုက်မယ် "
..စာသောက်များ ရောက်လာပြီး
" ဒါနဲ့ ဦးပြောမယ်ဆိုတာက "
" ရွှေရေးချယ် နဲ့ပက်သက်တာ သူက ဦး ကို ထောင်ကျအောင် လုပ်ထားတာလေ သူ့အမေ နှစ်ယောက် လုံး က
ဦးက သူ့တို့ ကို ပြန်ခံစားစေချင်ရုံပါ
ပြီးတော့ ဒီ ကသမီးနဲ့ ဦး က တစ်လှေထဲ စီးတစ်လမ်းထဲသွား တွေ မို့ လာညှိ တာ ဦးက "
" Ok ကျွန်မ ကတော့ အမုန်းမိုးကို လိုချင်တယ် "
" Ok ဖြစ်ပါတယ် ဦး ဒုက္ခရောက်စေချင်တာက
ရွှေရေးချယ်တို့ မိသားစုကို ဘဲ ဆိုတော့ "
" ဒါဆို ဘယ်လိုစလှုပ်ရှားကြမလဲ ဦးမှာ အစီစဥ် ရှိတယ်မလား "
" ဒါက ဒီလို............................................. "
" ဟုတ်ပြီ ဘယ်တော့ လောက်စချင်လဲကျွန်မ ကတော့ မြန်လေ ကောင်းလေဘဲ "
" ဖြည်းဖြည်း ပေါ့ အရမ်းလော ရင် မကောင်းဘူး ဒါမျိုး က ဦး လိုတာလေးတွေ စဥ်စီ လိုက်မယ် အလျင်းသင့်တာနဲ့ စကြတာပေါ့ ဖုန်းပြန်ဆက်လိုက်မယ် "
" ဟုတ်ကဲ့ ဒါဆို ကျွန်မ ကို သွားခွင့် ပြုပါဦး "
သူတို့နှစ်ယောက် ကို တစ်စုံတစ်ယောက် က ဓာတ်ပုံလိုက်ရိုက် နေခဲ့တာကိုတော့ သူတို့မသိလိုက်ချေ.......
........
" မမလေး ပြောသလို ဘဲ သူတို့နှစ်ယောက် တူတူ စားသောက်ဆိုင်တစ်ခုမှာ တွေ့ ကြတယ် ဆိုတာ တပ်အပ် မပြောနိုင်ပေမဲ့ ဝင်သွားတာ က လဲ ရှေ့ နောက် ပြန်ထွက် လာတော့လဲ ရှေ့ နောက် ဘဲ ကွာတာ....... ဒါကို ကြည့်ရင် သူတို့ တစ်ခုခု ကြံစည် နေတာဖြစ်နိုင်တယ် "
" အင် မင်းပြောတာ မှန်တယ် ရန်သူနှစ်ယောက် ပေါင်းမိသွားတာပေါ့ ဟိုယောကျာ်း ကြီးက ဇာနည်သွေးဆိုတဲ့တစ်ယောက် မလား "
" ဟုတ်ပါတယ်မမလေး "
" ဟုတ်ပြီ ခနနေ လူစုနေကြမှာ အကုန်ဆုံ မယ် လို့ ပြောလိုက် ကျန်တဲ့သူတွေ ကို သူတို့ထက် သာအောင် လုပ်ထားရမယ် "
" ဟုတ်ကဲ့ မမလေး "
......
ရေးရေး တို့အိမ် ၌
" မာမီ နဲ့ မေမေ မုန်း အလုပ်ကိစ္စ နဲ့ ခရီး တစ်ပတ်လောက် သွားရမှာမို့ လာခွင့် တောင်းတာ ပြီးတော့
ရေးရေး ကိုမျက်စိအောက်က အပျောက်မခံစေချင်ဘူး
ဟို........ "
ဘေး ဘက် နား လှည့်ကြည့်ပြီးရေးရေး မရှိတာသေချာတော့မှ
" ဇာနည်သွေး ဆိုတဲ့ လူ ထောင်ကပြန်လွတ်လာပြီ
အဲတာ မုန်း စိတ်ပူလို့ "
" ဘားးးးးး ဇာနည်သွေး က "
" ဟုတ်တယ် မာမီ ခုတလော တိတ် တဆိတ် လှုပ်ရှားနေပုံရတယ် မုန်း စုံစမ်းရသလောက်ပေါ့ သိပ်တော့မသေချာဘူး အဲတာကြောင့် ရေးရေး ကို မုန်း စိတ်ပူလို့ "
" ဟုတ်ပြီ သတိပေးတာကျေးဇူး သမီးမုန်းရေ
မေမေ တို့ ပိုဂရုစိုက် ပါ့မယ် "
" ကျေးဇူး တင်ဖို့မလိုပါဘူး ရေးရေး ကို မွေးပေးခဲ့လို့ မုန်းကပိုကျေးဇူး တင်တာပါ
မုန်း ပြန်ဦးမယ် မေမေ မနက်ဖြန် ခရီး ထွက် ဖို့ ဘာမှ မပြင်ဆင်ရသေးဘူး "
" ရေးရေး ကို ပြောပြီးပြီလား "
" စိတ်ကောက်နေတယ် နေ့လည်က ပြောလိုက်တာ
သူလိုက်ချင်တာ မလိုက်ရလို့တဲ့
မုန်းလဲ ခေါ်သွားဖို့အဆင်မပြေလို့ပါ ခရီး ကနည်းနည်း ကြမ်းတော့ ရေးက နေလဲ သိပ်မကောင်းသေးတော့
မခေါ်ချင်တာ အဲတာ စိတ်ကောက်နေတယ် ခုတောင် လာတာသိတယ် ဆင်းတောင် မလာဘူး ........ ပြန်လာမှ သေချာချော့တော့မလို့  "
" အေးအေး ဒါဆို ခရီး မှာ ဂရုစိုက် နော် သမီးမုန်း "
" ဟုတ် မေမေ ပြန်ပြီနော် "
မုန်းပြန်သွားတော့မှ
" လူရီး ရေးရေး လူရွေး မမှား ဘူးမလား "
" အင်း မမှား ဘူးဆိုရမှာပေါ့ ရေးရေး ကို လဲ အရမ်းချစ်ရှာတာ ဟိုနေ့ အင်တာဗျူး ကို ကြည့်လေ "
" ဟုတ်တယ် ကလေးတော့လေ သမီးမုန်း ကိုသဘောကျတယ် "
" ဟုတ်ပါပြီ ကဲ အပေါ်တက်ရအောင် "
.......
" ဒီ ရက်ပိုင်း ဘာသတင်း ထူး ရသေးလဲ
ထက်မြတ် နဲ့ ကောင်းမြတ် "
" ဟို ဇာနည်သွေး ဆိုတဲ့လူကြီးက ခုတလော မြို့မြင်က တိုက်ပြတ် တစ်ခုမှာ လူစုနေကြတယ် ပြီးတော့ မင်းသမီး လဝန်းလဲ တစ်ခါတစ်ခါ လာတာတွေ့ ရတယ် မမလေး "
" အင်း အဲနား လူ တွေလွတ်ထားလိုက် တစ်ခုခု ဆို ငါ့ကိုချက်ချင်း ဖုန်းဆက် ရေးရေး ဘာမှ ဖြစ်လို့မရဘူး
သေချာဂရုစိုက် ထက်မြတ် မင်းက နေခဲ့ရမှာဆိုတော့
ပို ဂရုစိုက် ပေး "
" ဟုတ်ကဲ့ မမလေး "
"ပြီးတော့ ငါ ကောင်းမြတ်ရယ် နောက်ထပ် သုံးယောက်လောက်ရယ် လိုက်ခဲ့ ကျန်းတဲ့သူတွေ ထက်မြတ်နဲ့ နေခဲ့ကြ ထက်မြတ်ပြောသလို သေချာနာခံကြ နားလည်ကြလား "
" နားလည်ပါပြီ မမလေး "
" Ok ဒါဆို ငါစိတ်ချမယ် ထက်မြတ် "
" ဟုတ်ကဲ့ မမလေး စိတ်မပျက်စေရအောင် ဂရုစိုက်ပါ့မယ် "
" အေးဟုတ်ပြီ ကောင်းမြတ် ခရီးသွား ဖို့ အတင်သင့်ဖြစ်ပြီမလား သွားရအောင် ချိန်းထားတဲ့ နိုင်ငံခြား က ဧည်သည်တွေ ကို စောင့် ခိုင်းရင် မကောင်းဘူး "
" အဆင်သင့်ပါဘဲ "
" သွားမယ် "
....
"ရေးရေး မိုင်မနေနဲ့ ပြန်လာမှာဘဲ ကို တစ်ပတ်ဘဲလေ
အာ့လောက် ဖြစ်စရာလိုလို့လား "
" ဟဲ့ ငါကကိုကို နဲ့ ခွဲဖူးတာမဟုတ်ဘူး
လွမ်းနေပြီ ကိုကို့ ကို 3ရက်တောင်ရှိပြီ ဖုန်းတောင်သေချာမပြောရဘူး မစာမနာ မပြောနဲ့နေမင်း နင်လဲ နင့်လူ နဲ့ ခွဲနိုင်လို့လား "
" ဟုတ်သားဘဲ ငါလဲ မခွဲနိုင်ဘူး ဟီး
ဒါပေမဲ့ရေး နင့် ကျန်းမာရေး ပိုအရေးကြီးတယ်လေ ခုလိုမစားမသောက် တာ မမမုန်း မြင်ရင် စိတ်ကောင်းမယ် ထင်လို့လား "
" မင်းမင်း ပြောတာမှန်တယ် ရေး မမမုန်း စိတ်မကောင်းဖြစ်လိမ့်မယ် နည်းနည်း ဖြစ်ဖြစ် စားလိုက်နော် "
" ဟုတ်တယ် ကိုကို ကငါ့ကို အစားပုံမှန်စား ကျန်းမာရေး ဂရုစိုက်လို့မှာခဲ့တာ "
" ရေးရေး ကလိမ္မာပါတယ်ဆို.....
ဟဲ့ နေမင်း နင့်လူမလား "
" ဟားဟုတ်သား ငါနဲ့ Date ဖို့ချိန်းထားတာဟ
ငါ လိုက်သွားမယ်နော် "
" ဟဲ့ ပြာယာကိုခတ်နေတယ် နင့်လူကိုတွေ့တာနဲ့ငါတို့နဲ့မိတ်ဆက်ပေးလေ "
" နောက်မှ မိတ်ဆက်ပေးမယ် "
" အေးပါ ပြီးရောသွားသွား မြန်မြန် "
နေမင်း ရဲ့ သူ့လူ နောက် ကောက်ကောက်ပါသွားတာကို ကြည့်ပြီး ခက်ရော ရေးရေးပါ ပြိုင်တာ ရီ မိကြတယ်
ခနကြာတော့
ခက်ဆီ ဖုန်းဝင်လာလေသည်
" ဟလိုးးးးး "
" ......"
" ဟုတ်လား ခုလာခဲ့မယ် အာ့ဆို "
" ရေး ငါ လဲ သွားစရာရှိလို့ ညနေ ကျောင်း မတက်တော့ဘူး နင်ဘဲ ငါတို့အစား သေချာလိုက် သင်ထားနော်
ပြီးတော့ ဘယ်မှ မသွားနဲ့နော် ညနေ ဆင်းရင် ပြန်လာခေါ်မယ် "
" အေးပါသွားသွား "
ခက်ခက် ထွက်သွား ပြီး မကြာလိုက်
" ရေးရေး နင့်ကို ကောင်မလးတစ်ယောက် ပေးခိုင်းလိုက်တာ "
ပန်စည်းနဲ့ စာအိပ်သေးသေးလေး
" အေး ကျေးဇူး"
ကိုကို လား မသိဘူးစာအိပ်ဖွင့် ဖတ်လိုက်ကာ ကျောင်းထွက်ပေါက်တံခါးဆီ သို့ ပြေးသွားလိုက်မိတယ်
........
ရေးရေး နိုးလာတော့ တိုက်ပြတ်လို နေရာတစ်နေရာမှာ အနံသက်လဲ မကောင်း......  ရေးရေး ကို ထိုင်ခုံပေါ်ထိုင်ခိုင်းထားကာ လက်ကို နောက်ပြန် ချည် ထား တယ်
ခနကြာတော့ ကောင်မလေးတစ်ယောက်က နဲ့ လူကြီး တစ်ယောက် ထွက်လာကာ
ကောင်မလေးက
" နိုးလာပြီ လား "
အသံပိုင်ရှင်ကို သေချာကြည့်တော့မှ
" နင် လဝန်းဆိုတဲ့ အစုတ်ပြတ်မ စနိုက်ကျော် ချင်တဲ့ဟာမ ဘဲ နင် ဘာလို့ ငါ့ကို ဖမ်းထားတာလဲ "
" မုန်း ကို ငါလိုချင်လို့ နင့် ကို သတ်ပြီး မုန်းကို ငါရအောင် ယူ မှာ "
" အဟက်....... ဟားးးးးဟားးးးး တော်တော်စိတ်ကူးယှဥ် တာဘဲနော် အမ 😂🤣 ရေး သေ သွားရင် ကိုကို့ ကို ရှင်က ရမယ် လို့ ထင်လို့လား ကိုကို က ရေးကိုဘဲချစ်တာ"
" နင့်ပါးစပ်ပိတ်ထား
နင်သေရင်တောင် နင့် ကိုကို က ရောက်လာမှာမဟုတ်ဘူးသူအခု ဒီမှာမရှိဘူးမလား အဟက် "
လဝန်းဘေး က လူကြီး ကိုကြည့်လိုက်တော့ သိသလိုလို
ဘယ်သူလဲ ဆိုတာ ခပ်ဝါးဝါး ပုံရိပ်တချို့သာ သေချာမရှင်းလင်း
" ငါ့ကို မသိတော့ဘူးလား ကလေးမ မင်းတို့ သားအမိ တွေ ကြောင့် ငါထောင် ထဲမှာ နှစ်တွေ အကြာကြီးနေခဲ့ရတာ ခု လွတ်ငြိမ်းချမ်းသာခွင့် မှာပါလို့ မြန်မြန်လွတ်လာတာ ဒီတစ်ခေါက် တော့ မင်း တို့ကို ငါလဲ့စားချောနိုင်တော့မယ် ဟားးးးး ဟားးးးးးး "
ထိုလူကြီး ပြောသံ အဆုံးပုံရိပ်တချို့ ရှင်းရှင်းလင်းလင်းပေါ်လာလေ သည်
" ရှင်က..ရှင်က ရှင်က......"
ကြောက်လန်တကြား ဖြစ်နေတဲ့ ရေးရေး ပုံကို ကြည့်ကာ အားရပါးရ ရီ ကာ
" ဟုတ်တယ် ဇာနည်သွေး ဘဲ "
နာမည်ကြားလိုက်တာနဲ့ရေးရေး တော်တော်တုန်းလှုပ်သွားမိတယ်.....  ကိုကို မြန်မြန်လာကယ်ပေးပါ လို့သာဆုတောင်းနေမိတော့တယ်.......
...
" ဟလိုမမလေး ရေးရေး ကို ပြန်ပေးဆွဲသွားပြီ "
"ဘားးးးးးး ငါတို့ အခု လာပြီ
ဘာမှ မလှုပ်ရှားနဲ့ဦး ဆက်ကြည့်ထား ရေးရေး ကို တစ်ခုခုလုပ်ရင်တော့ ဝင်လိုက် မဟုတ်ရင် ငါ့အလာကိုစောင့် "
..
" ဟလို သမီး မုန်း ရေးရေး ပျောက်သွားလို့ "
" မေမေ အရမ်းမစိုးရိမ်ပါနဲ့ မုန်း ပြန်ခေါ်လာပါ့မယ် ရေးရေး ရှိတဲ့နေရာသိပြီ သိပ်မစိုးရိမ်နဲ့နော် အိမ်မှာဘဲနေနော် မုန်း သေချာပေါ​က် မဲ့ တစ်ပေါက်မစွန်းစေဘဲပန်ခေါ်လာပါ့မယ် "
ဖုန်းချပြီးတာနဲ့
" ကောင်းမြတ် ကားပြင်ထားပြီ လား "
" ဟုတ်ကဲ့ မမလေး အဆင်သင့် ပါဘဲ "
" သွားမယ် "
အဟက် အိပ်နေတဲ့ခြင်္သေ့ ကို လာနိုးတ.ကိုး......DackSize ကို လာမနိုး နဲ့ မင်းတို့ တမျိုး လုံးဖြေလှန်ပစ်မယ် ပြန်မထောင်နိုင်အောင် လုပ်ပစ်မယ် မင်းတို့ဘဝ ကိုငါက သတ်ပေးမယ် Dack Size ရဲ့မထိရ အရာကို လာထိ တာကိုး
မင်းတို့စိန်ခေါ်တာနော်..... ....ငါအရင် စတာမဟုတ်ဘူး

#စာလုံးရေ 7000ကျော် ပါတယ်နော် Season 1 မှာတုန်းက တိုပေမဲ့ ခု season2 မှာတော်တော်ရှည်ပေးထားပါတယ်
# Like &share လေးနဲ့အားပေးကြပါဦးဗျ

#သက်တံ့ရောင်🌈

ချစ်တယ်ဟုဆိုရာ၌ { Season (2) }Where stories live. Discover now