Unicode
ချစ်တယ်ဟုဆိုရာ၌
Season_2
@Chapter _11
" မမလေး သူတို့ ရေးရေး ကို ဘာ့မှ တော့မလုပ်ကြသေးဘူး ကြည့်ရတာ သတ် လိုက်မဲ့ပုံပေါ်တယ် တစ်ခါထဲ ရှင်းပြီး လက်စဖျောက် ချင်ပုံဘဲ......လူက 5ယောက်လောက်ဘဲ ရှိမယ် အရှေ့ တံခါးမှာ နှစ်ယောက် အနောက် တံခါးမှာ နှစ်ယောက် "
" အရှေ့ ဘက်က ငါနဲ့ ကောင်းမြတ် ဝင် မယ်
နောက်ဘက်ကနေ ထက်မြတ် မင်းတို့အဖွဲ့ ဝင်
သူတို့ လူတစ်ယောက် မှ မလွတ်စေနဲ့ အထူးသဖြင့် ဇာနည်သွေးဆိုတဲ့လူနဲ့ လဝန်းဆိုတဲ့ဟာမ ကို ကြားလား "
" ဟုတ်ကဲ့မမလေး "
" ဒါဆို လှုပ်ရှားကြမယ်
အဓိ က ရေးရေး လှုံခြုံရေး ကို ဦးစားပေးပါ "
" ဟုတ်ကဲ့မမလေး "
အသီးသီး မိမိသက်ဆိုင် ရှာ လှုပ်ရှားကြ တော့သည်
ရှေ့တံခါးမှာ နှစ်ယောက် ကို မုန်းရယ် ထက်မြတ်ရယ် တစ်ယောက် စီ ပါးစပ်ပိတ်ကာ ဇာတ်ချိုး လိမ်ပေးလိုက်တော့ အသံ မထွက် ဘဲ ပြီးသွားတော့သည်
အထဲဖြည်းဖြည်း ခြင်းဝင်လိုက်တော့ စကားသံတချို့ကြားနေရတယ်
"ဟားးးးဟားးးးး နင့် ကိုကို ကို ခုထိ မျော်နေတုန်းလား
နင် အလောင်ကိုတောင် မှီ ပါ့မလား မသိဘူး
စိတ်ချ ရွှေရေးချယ် ဆိုတဲ့နင့်ကို ငါကိုယ်တိုင် သတ်ပေးမှာ "
" အားးးးးးးးး "
ပြောရင်း ရေးရေး လက်ကို လှီး ချလိုက်တာနဲ့ မုန်းလဲ အချက်ပြကာ ချက်ချင်း ဝင် ကာ ဟိုဘက်က လုနည်းတာမို့ အငိုက်မိကာ အကုန်ဖမ်းမိလိုက်ကြတယ် မုန်းလဲ ရေးရေး ကိုဆွဲဖက်လိုက်တော့ ရေးရေး မုန်းကို ကြည့်ကာ ခပ်ယဲ့ ယဲ့ လေး ပြုံးပြကာ
" ကိုကို လာမယ် ဆိုတာ သိသားဘဲ အရမ်းကြောက်နေတာသိလား "
" ကိုယ် သိပါတယ် နောက်ကျ သွားလို့ တောင်းပန်ပါတယ် ခုမစိုးရိမ်နဲ့တော့နော် "
" ထက်မြတ် အဲနှစ်ယောက်ကို ငါ့မြေအောက်ခမ်းခေါ်သွား အစာမကျွေး ဘဲ နှစ်ရက်လောက်ထား ရေ ဘဲတိုက်ထားလိုက်
ခုဆေးရုံအရင်သွားမယ် ကောင်းမြတ် ကားမြန်မြန်လုပ် ထား "
ပြောရင်းနဲ့ ရေးရေး လက်ကို မုန်း အင်္ကျီ ဖြဲကာ ချည်ပေးပြီး ပွေ့ချီ ကာကားပေါ်သို့ တင်ပြီး မြန်မြန် မောင်းထွက် ကာဆေးရုံပေါ်သို့
...
ဆေးရုံရောက်တော့မှ ရေးရေး မေမေ နဲ့ မာမီ ကို ဖုန်းဆက်လိုက်တော့ ချက်ချင်းရောက်လာကြတယ်
" သမီး မုန်းရေးရေး အခြေနေ ဘယ်လိုရှိလဲ "
" အရေးပေါ်ခန်းထဲ ေရာက်နေတယ် မုန်း နည်းနည်းနောက်ကျသွားလို့ ဖြစ်တာပါ မုန်းကြောင့် "
မုန်း မေမေ့ ရင်ခွင် မှာ ငိုမိတယ် ရေးရေး မေမေ လဲ မျက်ရည်များ ကျကာ မုန်းကို ဖက်ထားပေးရှာတယ်
မာမီ ကတော့ မျက်ရည်ဝဲကာ ဘာစကားမှ မဆိုဘဲ ရပ်နေရှာတယ် နာရီဝက်လေက်ကြာတော့
" ဒေါက်တာ ရေးရေး အခြေနေဘယ်လိုရှိလဲ "
" စိုးရိမ်ရမဲ့အခြေအနေ ကျော်လွန်သွားပါပြီ မစိုးရိမ်ပါနဲ့တော့
ခနနေရင် လူနာကို အခန်းရွှေ့ ပြီးရင် တွေ့လို့ရပါပြီ မေ့ဆေးအရှိန်ကြောင့် လူနာ နိုးဦးမှာ တော့မဟုတ်ဘူး "
" ဟုတ်ကဲ့ ဒေါက်တာ အရမ်းကျေးဇူး တင်ပါတယ် "
" ရပါတယ် လူနာအသက်ကယ်တယ်ဆိုတာ ဆရာဝန်တွေ ရဲ့အလုပ်ဘဲလေ "
....
ရေးရေး ကို အခန်းရွှေ့ ဘာညာပြီးတော့
ရေးရေးမာမီ " မုန်း ငါ့နောက် ခနလိုက်ခဲ့ ကလေး နေခဲ့နော် "
" ဟုတ် မာမီ "
....
ဆေးရုံအပေါ်ဆုံးထပ် တွင်
" မင်း ဟိုနှစ်ယောက် ကို ရဲ လက်မအပ်သေးဘူးလား "
မာမီ က မုန်းက Dack Size ဆိုတဲ့အကြောင့် သိတာမို့ မေးလိုက်ခြင်းပင် ...သိဆို မုန်းပြောပြထား သောကြောင့်ပင် .....
" ဟင့်အင်းးးး မအပ်ဘူး မာမီ မုန်း ကိုယ်တိုင် သူတို့ကို ငရဲပို့ပေးမှာ "
ထိုစကားကို မုန်းပြော လိုက်သောအခါ လေထုတောင် အေးစက်သလိုဖြစ်သွားလေသည် အေးစက်နေတဲ့ မုန်းရဲ့ စကားလုံးတွေကြောင့်လား တော့မပြောတတ်
" မာမီ သိလား ရဲလက် အပ်ရင် ထောင်ဘဲ ကျမှာ အလွန်ဆုံး 10 နှစ် ပြန်လွတ်လာရင် ဒုက္ခ ထပ်မပေးပါဘူးလို့ မပြောနိုင်ဘူး မလား...... ဇာနည်သွေး ဆိုတဲ့ လူကိုဘဲ ကြည့် မုန်းက တော့ မုန်းတန်ဖိုးထားတဲ့သူကို ထိ ခဲ့ လို့ မုန်း ကိုယ်တိုင်ဘဲ အဆုံးသတ်ပေး လိုက်ရမှ ကျေနပ်မှာ "
" ဂရုတော့စိုက် ပေါ့ ပြီးတော့ ရေးရေး ကို ကာကွယ်ပေးလို့ကျေဇူး ပါဘဲနောက် လဲ မင်းဘဲ ဆက်ကာကွယ်ပေးပါဦး ရေးရေး ကိုအပ်ပါတယ် "
" မုန်း အသက်ရှင်နေသ၍ ရေးရေး ကို အသက်ပေး ကာကွယ် သွားမှာပါ
ပြီးတော့ မာမီ့ ကို တစ်ခုတောင်းဆိုချင်လို့
ဟို ဒယ်ဒီ့ ကို မုန်း ရေးရေး ကြောင်း ပြောပြတော့ မာမီ တို့ နဲ့ ညစာလေး ဘာလေ တူတူ စားရအောင်လို့ပြောလို့ အဲတာ မာမီ တို့ ဘယ်ချိန်လောက် အားမလဲ လို့ မေးကြည့်တာ "
" ရေးရေး ဆေးရုံဆင်း ရင် အဆင်ပြေပါတယ် "
" ဟုတ်မာမီ "
" အောက်ပြန်ဆင်းရအောင် "
မုန်း မာမီ့ နောက်ကြောကို ငေးကာ ပြုံးလိုက်မိတယ် ကျေနပ်တဲ့အပြုံး ပီတိဖြစ်တဲ့အပြုံး.......
...
Baby lay ထားတဲ့အခန်း ကို ပြန်ဆင်း သွားတော့ Baby lay မနိုးသေးတာကြောင့်
" မာမီ မုန်း အိမ်ခနပြန်မလို့ မြန်မြန်ပြန်လာခဲ့မယ်
Baby lay နိုးလာရင်သေချာပြောပေးထားနော် "
" အေးပါ မြန်မြန်တော့ပြန်လာနော်
ရေးက သူနိုးတာနဲ့ မင်းကို ရှိနေစေချင်မှာ "
" ဟုတ် မာမီ "
..
ဆေးရုံ အောက်ရောက်တာနဲ့ ဖုန်းတစ်ခေါ် ခေါ်လိုက်သည်
" အေး ထက်မြတ် ဟိုနှစ်ယောက် ကိုငါပြောထားသလို လုပ်ထားလား "
". ........ "
" Ok ငါခုလာခဲ့မယ် "
"ကောင်းမြတ် မြေအောက်ခန်းဆီ သွားမယ် "
ကား အရှိန်တင်ကာ မြေအောက်ခန်း ဆီ သို့
ရောက်တာနဲ့ကားပေါ်က ဆင်းကာ မြေအောက်ခန်းဆီ
ရောက်တော့
" မမလေး ရောက်လာပြီလား "
" အေး ငါဝင်ကြည့်မယ် "
....
လက်နှစ်ဖက်ကြိုးချည်ထားခံရတဲ့ ဇာနည်သွေး နဲ့ လဝန်း
သူမ ကိုတွေ့ တော့ နှစ်ယောက် လုံးက ချောက်ချား နေလေသည်
လဝန်းက " မုန်း လဝန်းတောင်းပန်ပါတယ် တကယ်တော့ ဒါက အဲ ဦးလေး အကြံပါ လဝန်းက ခိုင်းခံရတာပါ "
" ငါ့ကို ဘဲအပြစ်ပုံချနေတာလား ကလေးမ မင်း ဘဲလက်ခံခဲ့တာလေ မင်းဘဲ ဟိုကောင်မလေးကို ကိုယ်တိုင်တောင် သတ်ချင်တာဆိုး
ဦး နောင်တရနေပါပြီ ဦးနောက်တစ်ခါမဖြစ်စေရပါဘူးဆစ်ခါဘဲ လွတ်ပေးပါ နော် "
" ခုကြတော့ ကြောက်တတ်လိုက်ကြတာ အစထဲက
Dack size တန်ဖိုး ထားတဲ့အရာကို မထိခဲ့သင့်ဘူး မလား"
ဇာနည်သွေး မယုံနိုင် သလို မျက်နှာသွေးပျက်စွာ
" Dack Size ဆိုတာက.... မင်......မင်..... "
" ဟုတ်တယ် ကျွန်မ ဘဲ Dack Size ဆိုတာ ခုသိပြီလား
ကျွန်မ က ကိုယ့်ကို မထိ သေးသ၍ဘာ့မဖြစ်သေးဘူး လာထိခဲ့ရက်လဲ လွတ်ပေးရိုး ထုံးစံ မရှိဘူး "
" တစ်ခါဘဲ အခွင့်ရေးပေးပါ "
" အခွင့်ရေး နှစ်ခါမပေး တတ်ဘူး ကျွန်မလဝန်းကိုလဲပြောပြီးသား ပြီးတော့ ဇာနည်သွေးဆိုတဲ့ ခင်များ ကို ဆို ပိုတောင်မပေးဘူး
ကောင်းမြတ်...... ဓားပေး "
ဓားချွန် သေးသေးလေး တစ်ခု လက်ထဲ ထည့်ပေး လာတယ်
ဓားကို လက်ထဲ ကျစ်ကျစ်ပါအောင် ကိုင်ထားကာ
ဇာနည်သွေး ဆိုတဲ့ လူ ကို ချည်ထားတဲ့ထိုင်ခုံနား မှာ ခုံတစ်ခုချထိုင် ကာ ပေါင်ကို ဓားချွန် နဲ့ ထိုးစိုက်ပေးလိုက်တယ်....
အားးးးးးးးးး
" ဟက် နာလား ငါ့ကောင်မလေး ကို ထိရင် ငါက အဲတာထက်ပိုနာတယ် ခင်များ သေရင်တောင် မကျေနပ်နိုင်ဘူး ဒါကြောင့် လွယ်လွယ် မသေ ခိုင်းသေဘူး "
အေးစက်တဲ့လေသံ ခပ်တင်းတင်း မျက်နှာထားက ကြက်သီး ထစရာကောင်း လှသည်.......
နောက် ပေါင်တစ်ဖက် ကို ထပ်ထိုးစိုက် လိုက် တဲ့အချိန်
မုန်းရဲ့ဖုန်းဝင်လာတာကြောင့်
" ရူးးးးးး တိတ်တိတ် နေ မဟုတ်ဒါထက်ပိုဆိုမယ်
ခု ကျွန်မဖုန်းပြောမယ် ဘာသံမှ ထွက်မလာနဲ့ "
ပြောပြီး ဖုန်းကိုင်လိုက်သည်
" ဟုတ်မာမီ "
'. ......"
" ဟုတ် မုန်း အခုလာခဲ့မယ် "
" ကောင်းမြတ် ဆေးရုံသွားမယ် ခု
ထက်မြတ် ရေဘဲ တိုက် ထား ဘာမှ မကျွေးထားနဲ့ "
" ဟုတ်ကဲ့ မမလေး "
...
မုန်းဆေးရုံရောက်တော့ Baby lay အခန်းဝင်လိုက်တာနဲ့
မျက်ရည် တွေ နဲ့ ငိုနေတဲ့ baby lay ကိုတွေ့ တာနဲ့ တန်းသွားကာ ပွေ့ ဖက်လိုက်တော့မုန်းကို ပြန်ဖက် ကာ မုန်းရင်ခွင်ထဲမှာ မျက်ရည် မတိတ်နိုင်သေးတဲ့ကလေးငယ်
" Baby Lay ဘာလို့ငိုတာလဲ နာနေသေးတာလား
ဟင်းးးးးးး ဘယ်လို နေသေးလဲ "
ရေးရေး ခေါင်းအသာခါပြကာ
" မနာတော့ဘူး ကိုကို့ မှ မတွေ့တာ ကိုကို ဘယ်သွားနေတာလဲ ရေးရေး ကို ပစ်ထားပြီး "
" ပြစ်မထားပါဘူး အိမ်ခနပြန်သွားတာ
ကိုယ်ရောက်ပြီလေ မငိုနဲ့တော့ တိတ်တော့နော် ဟိုမှာ နေမင်းကော ခက်ခက် ကော ကြည့်နေတယ် မရှက်ဘူးလား ကလေးက "
အဲတော့မှ ဝှေ့ ကြည့်ကာ မုန်းရင်ခွင်ထဲ မျက်နှာဖွက် ကာ ခေါင်းပိုတိုးဝင်လာတဲ့ Baby lay ကြောင့် အသံထွက်အောင်ရီမိတော့ ကျန်တဲ့သူတွေကလဲ ပြုံးစိစိ
" ဘာလို့ရီတာလဲ ကိုကို နော် မခေါ်တော့ဘူး "
" သဘောကျလို့ပါ မခေါ်ဘဲတော့မနေနဲ့နော်
ပြောရဦးမယ် Baby lay ရဲ့ ယောက္ခမ ကြီးက သူ့ချွေးမ လေးကို အရမ်း တွေ့ချင်နေပြီတဲ့ ဟိုအပတ်ကမှ အလုပ်ကိစ္စနဲ့ ခရီးသွားတာ သူ့ချွေးမ သတင်းကြားလို့ ပြန်ခါနေပြီသိလား မုန်းဝယ်ခဲ့ပေးတယ်တဲ့ US နေ "
" ဟီးးးးးးဟီးးးးး တကယျလား "
" တကယ်ပေါ့ baby lay ရ Baby Lay ပုံပြလိုက်ထဲက တွေ့ချင်နေတာ အလုပ်မအားလို့သာ မတွေ့ နိုင်တာ
မြန်မြန်နေကောင်းအောင်လုပ်ရမယ်.... နော် babylay က လိမ္မာတယ်မလား "
" ဟုတ် လိမ္မာတယိ "
" အမလေ ခုန ဆေးထိုးဆိုတာတောင် အော် ပြဲ
လန်နေလို့ ဆရာဝန်တွေတောင် ပြာကုန်တာ "
" ဟဲ့ နေမင်း နင့်ဘယ်သူမေးနေလို့ လဲ အဲတာကြောင့် နင် လင် ရတာ "
" ဟားးးးးဟားးးးး ေနမင်း နည်းသေးတယ် သူများ အတွဲကြားမဝင်နဲ့ဆိုတာကို "
😂😂🤣🤣🤣
သူငယ်ချင်းတစ်စုစနောက် သံ ကြောင့် မာမီ ရောမေမေ ပါလိုက် ရီ ကြလေသည်
အမြဲသည်လို အသံလေး ဘဲ ကြားချင်နေတာမဟုတ်လား
#သက်တံ့ရောင်🌈
Zawgyi
YOU ARE READING
ချစ်တယ်ဟုဆိုရာ၌ { Season (2) }
Romanceရွှေရေးချယ်ဆိုတဲ့သူမ ဂုဏ်ရည်ဝင့်ထည်@သက်ထားမေ ဆိုတဲ့ မိခင်နှစ်ဦး ရဲ့ ရင်နှစ်သည်းချာ ဖြစ်ပြီး အလွန်ချစ် ခြင်းအလိုလိုက်ခြင်းခံရတဲ့ သူ ပေမဲ့ အရွယ် နဲ့ မလိုက်အောင် ရင့်ကြပ်ပြီး လိမ်မာ လွန်းတဲ့သူမ ချောမောလှပ ပြီး ရည်လျှားတဲ့ အရပ်တွေ ကြောင့် သာမက ပညာ...
