{3}

194 20 2
                                    

{Unicode}

~Becoming His Husband~

မဟာ စံအိမ်တော်ကိုပြန်ရောက်တော့ အိမ်တော်ထိန်းဦးရာဇာက မဟာရဲ့လွယ်အိတ်ကိုအဆင်သင့်ယူပေးပြီး ကြိုဆိုလေသည်.။

" သခင်လေး...သခင်ကြီးတို့ပြန်ရောက်နေပါပြီ.."

" daddy တို့ပြန်ရောက်ပြီ..!"

မဟာအိမ်တော်ထိန်းရဲ့စကားကြောင့် ပျော်ရွှင်စွာနဲ့ပဲ..အိမ်တော်ထဲသို့ ပြေးဝင်သွားတော့သည်..။နောက်တွင် ကျန်ခဲ့သည့် အိမ်တော်ထိန်းကတော့ ခေါင်းအသာရမ်းပြီး 'ဒီကလေးကတော့ ' ဆိုသည့်ပုံစံမျိုးဖြင့် ကျန်‌နေခဲ့လေသည်..။

မဟာ အိမ်တော်ထဲသို့ ပြေးဝင်သွား‌ပြီး...လှေကားထိပ်မှာ ရှိနေကြသည့်..Daddy နဲ့ Mommy ကိုတရှိန်ထိုးပြေးဝင်ဖက်ပစ်လိုက်၏..။

" သား မဟာဖြည်းဖြည်းလာပါ..လဲသွားပါအုန်းမယ်.."

မဟာရဲ့ မိခင်ဒေါ်သီရိမေဦးက စိုးရိမ်သံလေးဖြင့် ရင်ခွင်ထဲတိုးဝင်လာတဲ့မဟာခေါင်းကိုဖွဖွပုတ်ပေးရင်း ပြောလိုက်လေသည်..။

" Mommy တို့ပြန်လာတာ ဘာလို့ကျွန်‌တော့်ကိုမပြောတာလဲ..ကျွန်တော်လာကြိုမှာပေါ့.."

အလုပ်ကိစ္စဖြင့် လွန်ခဲ့တဲ့တစ်ပတ်က ‌ဦးမဟာတည်တံ့နဲ့ဒေါ်သီရိမေဦးတို့ over sea ခရီးသွားကြခြင်းပင်..။

" မောင်မင်းကြီးသားရယ်..ကြိုပြောလို့ မင်းလာကြိုရင် ကျောင်းပထမဆုံးရက်ကို ဘယ်လိုလုပ်မှာလဲ..!?အခုလဲကြည့် အစောကြီး ပြန်လာ.....နေပါဦး..."

မဟာရဲ့ အမေက ဆူပူသလိုမျိုးလေးပြောနေရင်းက မဟာမျက်ခုံးစပ်ရှိ ကွဲပြဲနေရာကိုတွေ့သွားကာ စိုးရိမ်တကြီးနဲ့ လက်ဆွဲခေါ်ပြီး...ဧည့်ခန်းထဲရှိ ဆိုဖာခုံပေါ်ကို ခေါ်သွားလေသည်..။

" ဒါဘာဖြစ်လာတာလဲ သား...အဆင်ပြေရဲ့လား အရမ်းနာနေတာလား..!? ဦးလေးရာဇာရေ..မေဦးကို ဆေးသေတ္တာလေး ယူပေးပါအုန်း...ကလေးကို ဆေးထည့်ပေးရအောင်.."

" Mommy ကျွန်တော်ဘာမှမဖြစ်ပါဘူး ပွန်းပဲ့ရာလေးပါ.."

အရမ်းတွေစိတ်ပူနေတဲ့ မိခင်ဖြစ်သူကြောင့် မဟာမှာ မနည်းချော့ပြောနေရတော့သည်..။
Mommy ရဲ့ စိုးရိမ်တကြီး လုပ်မှုကြောင့်...Daddy ကပါဘေးနားရောက်လာပြီး..ဒဏ်ရာကို လာကြည့်နေသည်မလို့ဘာမှမဖြစ်ကြောင်း ပြောပြနေရသေးသည်..။

Becoming His HusbandWhere stories live. Discover now