{8}

137 20 3
                                    

{Unicode}

~ Becoming His Husband ~

သူဘာလို့ ကျောင်းမလာသေးတာလဲ..?

မဟာ ကျောင်းရှေ့မှာ စောင့်နေတာကြာပြီဖြစ်သည်..။မင်းမြတ်က အခုထိ ကျောင်းမလာသေး..။ ဖုန်းဆက်တော့လည်း မကိုင်သောသူကြောင့်..စိုးရိမ်စိတ်တွေက ပိုလာရတော့သည်..။

" ကျစ်! "

မဟာစိတ်ရှုပ်စွာနဲ့ပဲ..ကျစ်တချက်စုပ်လိုက်တော့၏..။ ထိုစဉ်..အတန်းထဲကနေ..ထွက်လာပြီး..မဟာ့အနားကိုရောက်လာသည့်..ခန့်မင်းကြောင့်..မဟာ ခေါင်းစောင်းကာကြည့်လိုက်မိသည်..။

" မဟာ အတန်းထဲဝင်တော့ ..အတန်းစတော့မယ်.."

" သူကျောင်းမလာသေးဘူး.."

" နေမကောင်းလို့ဖြစ်မှာပေါ့..တစ်ခါတစ်လေ ကျောင်းပျက်တာရှိမှာပဲကို.. အရမ်းစိတ်ပူမနေပါနဲ့..လာအတန်းတက်မယ်! "

" နေမကောင်းတာ..ကျစ်!!"

မဟာက ထိုသို့ပြောရင်း ဖုန်းကိုဖွင့်ပြီး ဖုန်းဆက်ရန်လုပ်ကာ..ပြေးရန်လုပ်နေသည်မလို့ ခန့်မင်း မဟာ့ကို လှမ်းဆွဲထားလိုက်ရတော့သည်..။ဒီကောင် ဘာဖြစ်ချင်နေတာလဲ..။

" ဟေ့ကောင်!အတန်းတက်မယ် ပြောနေတာကို.. ဘယ်ကိုသွားမလို့လဲ.."

" သူနေမကောင်းဖြစ်နေတာလား သွားကြည့်မလို့လေ "

" ငါတော့ ဆွဲထိုးမိတော့မယ်! မင်းမြတ်ရာဇသံ ကျောင်းမလာတာ နေမကောင်းတာလဲ ဖြစ်ချင်ဖြစ်လိမ့်မယ်.. တရက်လေးပျက်တာကို အဲ့လောက် အဖြစ်သည်းမနေစမ်းနဲ့.. "

ခန့်မင်း လုံးဝကိုရူးနေပြီဖြစ်တဲ့ မဟာ့ကို ဆွဲခေါ်ကာ.. အတန်းထဲသို့ ဝင်လာခဲ့တော့သည်..။ ဒီကောင် ဆေးကူမရအောင်ကို ရူးနေပြီ..။ Omega ဆိုအနားတောင် အကပ်မခံတဲ့ ရှန်မဟာဧကရာဇ်က Dominate Omega တစ်ယောက်နား အတင်းလိုက်ကပ်နေလေသတဲ့..။ဟိုကဖြင့် သူ့ကို ဖုတ်လေတဲ့ ငါးပိလို့တောင် မသတ်မှတ်ပဲနဲ့..။

မဟာ ခန့်မင်းဆွဲခေါ်ရာအတိုင်း လိုက်ခဲ့တော့သည်..။ တရက်လေးပျက်တာကို အဖြစ်သည်းမိသွားသော ကိုယ့်ကိုကိုယ် ဘာပြောရမှန်းကိုမသိတော့ပေ..။ မင်းမြတ်ကို စိုးရိမ်လွန်ပြီး.. ဘာမှမတွေးမိလိုက်..။

Becoming His HusbandWhere stories live. Discover now