{6}

146 21 3
                                    

{Unicode}

~ Becoming His Husband ~

စင်းကော့နေသည့် မျက်တောင်ရှည်ရှည်လေးတွေက သူ့ရဲ့မူလတည်နေရာကနေ.... တစ်ခုနဲ့တစ်ခု ခွဲခွာပြီး... မျက်ဝန်းအလင်းရစေဖို့ ဖွင့်လှစ်ပေးရန် ကြိုးစားနေသည်...။ မျက်တောင်တစ်ခုနဲ့တစ်ခုက ထိကပ်သွားလိုက်... ဝေးကွာသွားလိုက်ဖြင့် အမြင်ကြည်စေရန် ကြိုးစားရုန်းကန်နေသည်...။ သူ့ရဲ့လုပ်ငန်းတာဝန်ကို ကြိုးစားလုပ်ဆောင်နေသည့် မျက်တောင်ရှည်လေးတွေကြောင့်... မင်းမြတ် မျက်တောင်ခနခန ခတ်အပြီးမှာ မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရလေသည်...။

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုမိတော့.. ဆေးရုံတွင် ရောက်နေသည်ကို သိရှိလိုက်ရသည်...။

အာ.... ငါ Allergies ဖြစ်သွားတာပဲ.!

ထိုစဉ် ဆေးရုံခန်းအတွင်းသို့ ဝင်လာသည့် ရှန်မဟာဧကရာဇ်. .။
မဟာ အခန်းအတွင်းကို ဝင်လိုက်တော့.. ကုတင်ပေါ်ရှိလူသားလေးက နိုးနေပြီမလို့ သူရှိရာသို့ အမြန်သွားလိုက်တော့သည်..။

" နိုးပြီလား..? တစ်ခုခု အဆင်မပြေတာရှိလား..? ခနလေး ကိုယ်ဆရာဝန်ခေါ်လိုက်မယ်.."

မဟာက မင်းမြတ်ကို စိုးရိမ်တကြီးမေးပြီး... အခန်းတွင်းရှိ ဘဲလ်ကို နှိပ်ကာ ဆရာဝန်တွေကို အချက်ပြလိုက်လေသည်..။

" ငါ့ကို......."

ပထမအိမ်တော်ရဲ့ သခင်လေးရှိသည့်အခန်းကမလို့ ဆရာဝန်‌တွေက ငါးမိနစ်တောင် မကြာ ချက်ချင်း ရောက်လာသည်မလို့.. မင်းမြတ်ပြောမည့်စကား‌တွေ ရပ်တန့်သွားရတော့သည်...။

ဆရာဝန်တွေ စမ်းသပ်ပြီး.... ဘာမှမဖြစ်တော့ဘူး အဆင်ပြေသွားပြီ ပြောမှ မဟာ စိတ်ပူတာ လျော့သွားရတော့သည်...။မင်းမြတ်ရာဇသံက တကယ်ဆိုးသည်..။ ဘယ်လောက်တောင် စိတ်ပူလိုက်ရလဲ မဟာပင် အသိဆုံးပင်...။

" ငါ့ကို မင်းခေါ်လာပေးတာလား.. "

မဝံ့မရဲ အသံလေးကြောင့် မဟာ မျက်ခုံးပင့်လိုက်မိသည်.. ။ မင်းမြတ်ရာဇသံမှ ဟုတ်ပါလေစ..။ ထိုသို့သော မဝံ့မရဲလေသံက ‌မင်းမြတ်ရာဇသံနှင့် လုံးဝမသက်ဆိုင်ပေ. .။စနောက်ချင်လာသည်မလို့. . မဟာ ခပ်တည်တည်ဖြင့်ပင် ပြောလိုက်ပါသည် . .။

Becoming His HusbandWhere stories live. Discover now