Special Chapter

248 21 2
                                    

{Unicode}

~ For Christmas 🎄⛄ ~

" ငါ...ငါတကယ်ကြီးဒီလိုဝတ်ရမှာလား..? "

မိန်းကလေး‌တွေဝတ်သည့် Christmas ဝတ်စုံ အနီလေးအား မင်းမြတ်ဝတ်ထားရသည်။

အရပ်ရှည်သောကြောင့် ပေါင်လည်လောက်ထိသာ ရှည်သောစကပ်၊ ပုခုံးသားတွေကို ကွက်ဖော်ထားသောအင်္ကျီလက်၊ ခြေအိတ်အရှည်နဲ့အတူ တွဲဖက်ဝတ်ဆင်ထားသော ခြေတံသွယ်သွယ်လေးတွေက မင်းမြတ်ရဲ့အလှတရားကိုပိုမို ပေါ်လွင်စေသည်။

ဖြူဖွေးနေသာ ပုခုံးသား၊ တိုနေသော‌စကပ်ကြောင့် အတိုင်းသားပေါ်နေတဲ့ သွယ်လျနေသော ခြေတံ၊ အင်္ကျီခါးပတ်ကြောင့် ပိုမိုပေါ်လွင်နေသော ခါးသွယ်သွယ်လေးနှင့်ကောက်ကြောင်း.....

Christmas ဝတ်စုံအနီရောင်နဲ့အတူ မင်းမြတ်ရဲ့ပုံစံက နှင်းထုထဲရှိ ဆွဲဆောင်မှုရှိသော နတ်ဘုရားတစ်ပါးအလားပင်။

မင်းမြတ် မနေတတ်စွာဖြင့်ပင် တိုနေသော စကပ်စအား ကိုင်ကာ အောက်သို့ ဆွဲချနေမိသည်။ မင်းမြတ်အားကြည့်နေသူမှာ ရှန်မဟာဧကရာဇ် တစ်ယောက်တည်းပင်ရှိသည်။ မင်းမြတ် အဝတ်လဲခန်းမှ ထွက်လာကတည်းက စူးစိုက်ကြည့်နေခြင်းပင်။

ထို့အတွက်ကြောင့် မင်းမြတ် မလုံမလဲဖြင့် စကပ်အား အောက်သို့ပိုမိုဆွဲချနေမိသည်။

မင်းမြတ် ကံမကောင်းတဲ့ကိုယ့်ကိုကိုယ်သာ အပြစ်တင်ချင်မိသည်။ Christmas နေ့မှာ ကျောင်းကပွဲ ကိုလာရင်း မင်းမြတ်တို့အခန်းထဲရှိ ကျောင်းသားများ ကစား‌‌နေကြသည့် ကစားပွဲမှာ ဝင်ပါလိုက်မိတာကို နောင်တရမဆုံး။

မင်းမြတ် ဝင်မဆော့ခင်ကတော့ ပုလင်းလှည့်ကစားပြီး ကျရာလူကို အရက်တစ်ခွက်သောက်ခိုင်းသည်။ သို့သော် မင်းမြတ် ဝင်ဆော့ချိန်မှာတော့ ကစားနည်းရဲ့ သတ်မှတ်ချက်က ပြောင်းလဲသွားသည်...

ခိုင်းတာလုပ်ရမည် ! တဲ့

ကံဆိုးစွာနဲ့ပဲ မင်းမြတ် ဝင်ကစားတဲ့ပထပွဲစဉ်မှာပဲ မင်းမြတ်ဆီကို ပုလင်းဦးတည်ကျလေသည်။ ကြိုတင်ကြံစည်ထားကြလားဟုထင်မှတ်‌ရအောင်ပင် မင်းမြတ်ဆီပုလင်းကျသွားသည်နှင့် ဘယ်ထဲကရှိနေမှန်းမသိသည့် Christmas maid dress ဝတ်စုံအနီလေးအား ထုတ်လာကာ ဒီညတစ်ညလုံး ဝတ်ထားပေးရမည်တဲ့။

Becoming His HusbandWhere stories live. Discover now