{10}

173 7 0
                                    

{Unicode}

~ Becoming His Husband ~

ဟင်! ငါဘယ်ရောက်နေတာလဲ!

‌မှောင်မဲနေသောပတ်ဝန်းကျင်ကြောင့် ဘယ်သို့ရောက်နေမှန်းမသိ။ ထို့အပြင် လှုပ်မရသောအခြေ‌အနေကြောင့် လက်ကို ကြိုးတုပ်ထားသည်ဆိုတာကို သိရှိလိုက်ရသည်။

မျက်ဝန်းကို အဝတ်ဖြင့် စည်းနှောင်ထားသောကြောင့် ဘယ်အရာကိုမှမမြင်ရ။ လက်နောက်ပြန်တုပ်ထားကြိုးကြောင့် လက်မောင်းအနည်းငယ်အောင့်နေသော်လည်း မင်းမြတ် ကြမ်းပြင်ပေါ်လဲနေရာမှ သည်းခံထလိုက်သည်။

ပုခုံးထက်၌ ဖရိုဖရဲပြေ‌ကျနေသော ဆံနွယ်ဖြူတွေနဲ့အတူ မင်းမြတ်ရဲ့ပုံစံက တကယ်ကို ကပိုကရို့။ ညစ်ပေနေသော Hoodie အဖြူက ပုခုံးထက်မှအနည်းငယ်လျှောကျနေကာ မင်းမြတ်ရဲ့ ပုခုံးသားဝင်းဝင်းကို အတိုင်းသား မြင်နေရသည်။

မျက်ဝန်းကိုစည်းနှောင်ထားသော အဝတ်မည်းနဲ့ ပုခုံး‌ပေါ်လျှောကျနေသည့် ဆံနွယ်ဖြူတွေက ပနံသင့်စွာ လိုက်ဖက်နေသေးသည်။ မင်းမြတ်ရဲ့ ယခုပုံစံအား မြင်သူတိုင်း 'အလှလေး' ဟုဆိုကာ နှာခေါင်းသွေးလျှံကြမည့်သူ အများအပြားပင်။

မင်းမြတ်ကတော့ သူ့ရဲ့ဖြစ်ပေါ်နေသည့်ပုံစံကို မသိရှိပါချေ။ လက်ရှိမင်းမြတ်သိတာ တစ်ခုကတော့ ခေါင်းကိုက်နေခြင်းပင်။

သတိမလစ်ခင်က ရှုရှိုက်မိတဲ့ ဆေးနံ့က ယခုအချိန်ထိ မပြယ်ပျောက်သေးဘဲ ခေါင်းကိုက်ကာ မူးဝေနေသည့် မင်းမြတ်က လက်ရှိမှာ ဘာကိုမှမတွေးတောနိုင်။

Heat ကာလပြီးဆုံးပြီးခြင်း အခြေအနေမှာ မင်းမြတ်ရဲ့ခန္ဓာကိုယ်က အထိအခိုက်မခံနိုင်ပေ။ ရှုရှုက်မိသည့် ရနံ့က အနည်းငယ်ဆိုသော်လည်း မင်းမြတ်အတွက်တော့ တော်တော်လေးကို ခံစားနေရသည်။ လက်နောက်ပြန်အတုပ်ခံထားရသော လက်ကောက်ဝတ်နေရာတွင်လည်း ချက်ချင်းပင် ရဲတက်လာသေးသည်။

မင်းမြတ် လက်ကောက်ဝတ်ရှိ ကြိုးတွေကို အားအနည်းငယ်သုံးကာ ရုန်းကြည့်သော်လည်း ဖြည်၍မရပေ။

မင်းမြတ် ကျောင်းကိုသွားရာလမ်းမှာ တိုက်ခိုက်ခံရပြီး အခုလို ဖမ်းခေါ်လာခံရခြင်းပင်။ မည်မျှပင် စဉ်းစားပါသော်လည်း မည်သူက မင်းမြတ်ကို ဖမ်းခိုင်းစေသည်ကို စဉ်းစားမရပါ။

Becoming His HusbandWhere stories live. Discover now