အပိုင်း - ၂၅ ( Uni + Zaw )

117 6 1
                                    

တဖြည်းဖြည်း ပြန်လည်မြင့်တက်လာပါသောလေဖိအားကြောင့် အနည်းငယ်အူနေသောနားသည် သက်သာသွားရသည် ။

ဒီတကြိမ်တွင်တော့ ဝိုင်းမောလေဆိပ်တွင်မဆင်းဘဲ မြစ်ကြီးနားလေဆိပ်သို့ပြောင်းလဲလိုက်သည် ။

ပြည်တွင်းသာဖြစ်သော်လဲ ဧက၏လေယာဉ်များသည် ပြည်တွင်းပြည်ပအစုံသွားသည်မို့ ပုံမှန်ပြည်တွင်းသုံး လေယာဉ်င်ယများနှင့် ကွာခြားကာ ပိုကြီးမားပြီး ပို၍လဲ သက်တောင့်သက်သာရှိသည် ။

အနားမှလိုက်ပါလာသော ယေးလ်ကလဲ ရုံးရှယ်ယာအခြေအနေကို အစီအရင်ခံနေသည် ။ ယေးလ်သည် နှောင်းဝေပြီးလျှင် အားထားရဆုံးသော ဧက၏လူယုံတယောက်ပင် ။ မိန်းကလေးတစ်ဦးဖြစ်သော်လဲ ကျွမ်းကျင်သောအတိုက်အခိုက်နှင့် သစ္စာရှိမှုတို့ကြောင့် အနားတွင် ထားခဲ့သည် ။

ယေးလ်သည် ဧကအကြောင်းကို နှောင်းဝေကဲ့သိုပင် နားလည်သည် ။ ထို့ပြင် ထွေးနှင့်လဲ ရင်းနှီးသည့်အပြင် ထွေး၏တဖက်သတ်ချစ်ရသူ ဆိုလျှင်လဲမမှားပေ ။

°°°°°°°°°°°°°°°°°°°°°
ကားလေးသည် မကြာခင်ကမှရောက်ခဲ့သောခြံကျယ်ကြီးထဲသို့ ဝင်ရောက်လာခဲ့သည် ။ စံအိမ်မှအလုပ်သမားများကလဲ သခင်လေးကို လာကြိုဆိုကြသည် ။ ဧကသည် အလုပ်လုပ်ရာတွင်ပြတ်သားပြီးမာနကြီးသော်လဲ မိမိ၏လက်အောက်ငယ်သားများနှင့်အလုပ်သမားများအပေါ် သက်ညှာပြီးရင်းရင်းနှီးနှီးရှိသဖြင့် အလုပ်သမားတိုင်းက ဧကကို လေးစားကာရိုကျိုးကြသည် ။

" ယေးလ် မင်းအောက်ထပ်ဧည့်သည်အိပ်ခန်းယူလိုက် ။ ကိုသန်းစိုး အိတ်တွေတချက်သယ်ပေးပါ ။ "

" အမိန့်အတိုင်းပါ "
" ဟုတ်ကဲ့ သခင်လေး "

ဧက၏အစီအစဉ်အရ မြစ်ကြီးနားစံအိမ်မှာတညအိပ်မည် ။ မနက်ကျလျှင် အင်းတော်ကြီးသို့တက်ပြီး မိုးကောင်းမှာတရက်နေမည်။   8 ရက်နေ့မနက်မှ အင်းတော်ကြီးသို့တက်ပြီး ဟူ့အားဖုန်းဆက်ကာလာခိုင်းမည် ဟုစီစဉ်ထားသည် ။အိမ်ထဲဝင်သည်နှင့် ဟင်းနှံ့မွှေးမွှေးတို့ကကြိုင်လှိုင်နေကာ ဆာလောင်မှုကိုဖိတ်ခေါ်နေလေသည် ။ အခန်းထဲသွားနားမည့်အစီအစဉ်အားဖြတ်သိမ်းကာ ထမင်းစားခန်းထဲသို့သာ ခြေဦးလှည့်လိုက်သည် ။ ထမင်းစားပွဲပေါ်တွင်ပြင်ထားသည်က နံရိုးပေါင်း ၊ ကြက်ရိုးကဖောင် ၊ ကန်စွန်းအစပ်ကြော်နှင့် မာလာတုန်ယမ်းဟင်းချို ဝမ်းဗိုက်ထဲမှ အချက်ပြသံကြောင့် ထိုင်ခုံတွင်ဝင်ထိုင်တော့ ထမင်းချက်တဲ့ ကြီးစန်းရီက ထမင်းပန်းကန်လာချကာ ရယ်လေတော့သည် ။

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteTempat cerita menjadi hidup. Temukan sekarang