[Unicode]
ဆေးရုံကုတင်တွင် အနားယူအိပ်ပျော်နေသောအမေဖြစ်သူကို 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 စောင်အားအပေါ်တိုးခြုံပေးရင်း စိတ်ထဲကနေမေးခွန်းပေါင်းများစွာကိုအဖြေရှာလျက်။𝑂𝑚𝑚𝑎 သားမသိသေးတဲ့ကိစကဘာတွေများလဲ? 𝑂𝑚𝑚𝑎တို့အားလုံးသားကိုဘာတွေဖုံးကွယ်ထားကြတာလဲ?
တစ်ကယ်ဘဲ ဘယ်လိုပြဿနာတွေရှိနေခဲ့တာလဲ?သူဆေးရုံကိုရောက်လာတော့ 𝑀𝑖𝑛 𝑌𝑜𝑜𝑛𝑔𝑖နဲ့
စကားများခဲ့ပါသေးသည်။ သူ့ခွင့်ပြုချက်မတောင်းဘဲ
𝑂𝑚𝑚𝑎ကိုဆေးရုံတင်သောကြောင့်ပင် သူမကျမနပ်ဖြစ်ကာပြောတော့ 'မင်းခွင့်မပြုမှန်းသိလို့ အဖေနဲ့ဘဲတိုင်ပင်လိုက်တာ'တဲ့လေ
ဟား ဒီကြားထဲခင်ဗျားကအဖေနဲ့လည်း
အဆက်အသွယ်ရှိခဲ့တာဘဲလား.. ဒါဆိုအမေ့ကိုဘဲခင်ဗျားလျစ်လျူရှုထားရတဲ့
အကြောင်းအရင်းကဘာများလဲ?ခင်ဗျားတို့ချစ်သူနှစ်ယောက်ကိုသဘောမတူခဲ့လို့လား?
သူအဲ့လိုမေးလိုက်ပြန်တော့လည်း မင်းဘာမှမသိပါဘူးဆိုတာသာထပ်ခါထပ်ခါပြောတုန်း။ ဘာမှမသိဘူးဆိုလည်း ဘာလို့သူကိုယ်တိုင်မပြောပြရတာလဲ? အမေသက်သာလာမှဆိုတဲ့အကြောင်းပြချက်ဘဲပေးတယ်။
𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘စိတ်ရှုပ်စွာဆံပင်တွေကိုထိုးဖွလိုက်သည်။
ထို့နောက် သူ့ဘေးနားသို့အနောက်ကနေရောက်လာသော
𝐵𝑎𝑛𝑎𝑛𝑎 𝑀𝑖𝑙𝑘ဘူးလေးကိုင်ထားသည့်လက်နုနုလေးရယ်...သူအပေါ်သို့မော့ကြည့်လိုက်စဉ်
𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ဖြစ်နေသည်ကြောင့် အံ့ဩသွား၏ ။ငါ𝐵𝑎𝑛𝑎𝑛𝑎 𝑀𝑖𝑙𝑘ကြိုက်တာယောင်းငယ်ကိုမပြောထားပါဘူး?
𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔လက်ထဲကနေ𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘
𝐵𝑎𝑛𝑎𝑛𝑎 𝑀𝑖𝑙𝑘ဘူးကိုယူလိုက်ပြီး
သူစကားစရန်ပြင်တော့ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကအရင်ပြောလာသည်။"အကို𝑌𝑜𝑜𝑛𝑔𝑖ပြောပြတာ 𝐽𝑒𝑜𝑛က
𝐵𝑎𝑛𝑎𝑛𝑎 𝑀𝑖𝑙𝑘က်ြိုက်တယ်ဆိုတာ""အင်း..
ယောင်းငယ်သူနဲ့ရင်းနှီးအောင်မနေလည်းရပါတယ် ကိုယ်တို့နဲ့ဘာမှမသက်ဆိုင်တာ""အဲ့လိုဆိုပေမဲ့ သူကတစ်ချိန်က𝐽𝑒𝑜𝑛ရဲ့အကိုလေ ဘာဘဲပြောပြော𝐽𝑒𝑜𝑛ရဲ့အကိုရင်းခေါက်ခေါက်ပါ ပြီးတော့အခုချိန်မှာ သူကအန်တီ့ကိုဆေးရုံတင်ပေးထားတယ် အန်တီသက်သာလာအောင်လည်းကူညီပေးနေတယ်မဟုတ်လား"
YOU ARE READING
// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑
Fanfiction"ငါ..Gayတွေကိုမုန်းတယ်" 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 𝑥 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 𝑆𝑡𝑎𝑟𝑡 𝐷𝑎𝑡𝑒 - 1/9/2021 𝐸𝑛𝑑 𝐷𝑎𝑡𝑒 - 12/11/2021