𝑃𝑡.5

4.3K 364 19
                                    

[Unicode]

"မဟုတ်ဘူး ငါက..သနားတယ်ဆိုတာထက် မင်းကိုကာကွယ်ပေးချင်တာ"

ထိုစကားကြားပြီးချိန်𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘အားမော့ကြည့်ရာတွင် 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘သည်အလေးအနက်ပြောနေပုံကိုသူ၏ ကြင်နာရိပ်ယှက်သန်းနေသောမျက်၀န်းတောက်တောက်မှ
ကြည့်၍ သိနိုင်သည်။
နှစ်ယောက်သား ခေတ္တခနအကြည့်ချင်းဆုံနေမိကြ၏ ။

𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ရဲ့အကြည့်တွေကစူးရှတောက်ပလိုက်တာ..
အရင်သူ့ကိုကြည့်တဲ့အကြည့်တွေကလန့်စရာနဲနဲကောင်းနေတော့ သူသတိမထားမိခဲ့ချေ။ ယခုအခါမှသာသူ့ရဲ့မျက်၀န်းတွေကအဲ့လောက်ထိဆွဲဆောင်မှုရှိမှန်း သိရတော့တယ်။
နှလုံးသားငယ်လေးကလည်းအခုန်မြန်နေလိုက်တာ...

𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ကိုကြည့်နေစဉ်မှာပင် ရုတ်တရက်ပူလာသလိုခံစားလာရကာ အကြည့်ကိုလွှဲပစ်ပြီး ထမင်းကိုသာကုန်အောင်ဆက်စားနေ၏ ။
𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘သေချာပေါက်မြင်လိုက်သည်မှာ ထိုကောင်လေးရဲ့ပါးနုနုလေးထက်ပန်းရောင်လှိုင်းလေးဖြတ်သန်းသွားသလိုလိုပင်။
သူထပ်မံ၍ပြုံးမိပါသည်လေ...ထိုကောင်လေးကြောင့်ပြုံးရသည်မှာလည်းမနည်းတော့ပါလား။

//

ညနေကျောင်းပြန်လွှတ်ချိန်မှာတော့ 𝑆𝑒𝑜𝑘𝑗𝑖𝑛တစ်ယောက် မျက်ခုံးနှစ်ဖက်ထိလုမတတ် ကျုံ့ကာသူ့ဘေးနားရှိ
𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ကိုသာနားမလည်သလိုကြည့်နေမိသည်။
အကြောင်းအရင်းကား 𝑆𝑒𝑜𝑘𝑗𝑖𝑛နဲ့𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔စက်ဘီးနှင့်အတူပြန်မည်ကို 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ဟာအထူးအဆန်းလုပ်၍ သူပါလိုက်မည်ဟုပြောကာ လိုက်လာခဲ့သောကြောင့်ပင်။
ထို့နောက်တွင် လမ်းတစ်လျှောက်လုံးလည်း ရေခဲမုန့်စားနေသော𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကိုဘဲ အရိပ်တကြည့်ကြည့်။ နောက်ဆုံး𝑆𝑒𝑜𝑘𝑗𝑖𝑛မနေနိုင်စွာ အကြောင်းအရင်းအား
မေးရန်ပြင်မိတော့သည်။

"𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ငါ့ကိုမှန်မှန်ဖြေ မင်း𝑇𝑎𝑒လေးကိုကြိုက်နေတာ ဟုတ်တယ်မလား?"

"အဟွတ်..!"

𝑆𝑒𝑜𝑘𝑗𝑖𝑛၏အမေးစကားကြောင့်ရေခဲမုန့်သီးသွားသော
𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔အား 𝑆𝑒𝑜𝑘𝑗𝑖𝑛အမေးကိုလျစ်လျူရှုကာပင် 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ဂရုစိုက်ပေးနေမိ၏ ။

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now