𝑃𝑡.7

4.4K 328 11
                                        

[𝑈𝑛𝑖𝑐𝑜𝑑𝑒]

𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ဆွဲ‌ခေါ်ရာနောက် 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔မှာကြောင်တောင်တောင်နှင့်လိုက်ပါလာပြီး ရောက်ရှိလာသည်ကဟန်မြစ်...

ညနေစောင်းအချိန်အခါဖြစ်၍ နေရောင်ခြည်ဟာပျောက်လုလု နေမင်းကြီးကပျောက်ကွယ်တော့မည်မဟုတ်လား...
အနည်းနဲ့အများရှိနေကြသည့် လူတွေဟာလည်းဟိုတစ်စုဒီတစ်စု
လေပြေအေးလေးတွေလည်းတိုက်ခတ်နေသည်မှာထိုနေရာကို
ရောက်လာသည့်သူတိုင်းအားအေးချမ်းစေပါသည်။

သူတို့နှစ်ယောက်သည်လည်း ခုံတန်းလေးပေါ်တွင်ဘာစကားမှမပြောဖြစ်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြ၏ ။

𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘စကားတွေအများကြီးပြောချင်နေတာ ဘာလို့ဘာမှပြောမထွက်ရသလဲ?
ဒီနေရာမှာတော့𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘သူ့ကိုယ်သူအားမရဖြစ်နေမိသည်။
မျက်လုံးထောင့်ကနေကောင်လေးကိုကြည့်လိုက်တော့ အေးလို့ထင်သည် လေပူတွေကိုမှုတ်ထုတ်ကာ
လက်လေးနှစ်ဖက်အားပွတ်သပ်နေလေ၏ ။
သူ၀တ်ထားတဲ့အပေါ်၀တ်အနွေးထည်အမဲလေးကိုချွတ်ကာ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ငယ်အားအပေါ်မှထပ်၍ခြုံပေးလိုက်သည်။

"ကျေးဇူးဘဲ၊"

ငွေ့ရည်ရွှန်းလဲနေတဲ့မျက်၀န်းညိုလေးတွေနဲ့ကြည့်လာတဲ့အခါ သူ့နှလုံးသားလေးမခံနိုင်ပြီ။
ထိုလူသားဆီမှာသူအရှုံးပေးချင်‌နေပြီ။ ဂေးကိုမုန်းပါတယ်ဆိုတဲ့သူ အခုကောင်လေးတစ်ယောက်ကိုစွဲစွဲလမ်းလမ်းဘဲချစ်မိနေပြီလေ၊
သူဘာတတ်နိုင်သေးလဲ? ဆက်ငြင်းလို့ရနိုင်ရောလား? မဖြစ်နိုင်တော့ပြီ သူသာထိုကောင်လေးအားဖွင့်ပြောပြီးသူ့အပိုင်ဟုကျွေးကြော်
ထားလျှင်ဖြင့်ဘယ်သူဘယ်ဝါမှအနားကပ်ရဲမှာမဟုတ်၊ မင်းလိုအလှလေးနားတခြားအကောင်တွေကောင်မ
တွေကပ်မှာကိုငါနဲနဲလေးတောင်မမြင်ချင်တော့ဘူး။

ထို့နောက်တွင်တော့ပြိုင်တူထွက်ပေါ်လာခဲ့သော အသံနှစ်ခုရယ်...

"𝑇𝑎𝑒"
"𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘"

𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘ရဲ့လွှတ်ခနဲထွက်သွားခဲ့သောနာမ်စားလေးအား ခနတဖြုတ်ဆိုသော် 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကြားလိုက်မိပါ၏ ။

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now