[Zawgyicode]
𝐺𝑎𝑦တွေကိုမုန်းတဲ့ကျနော်က 𝐺𝑎𝑦တစ်ယောက်နဲ့ဘဲချစ်ကြိုက်ခဲ့တယ်။
𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ဆိုတဲ့
ဖြစ်တည်မှုလေးကိုကျနော်ကအရမ်းမြတ်နိုးလို့..
သူကဘာဘဲဖြစ်ဖြစ်ကျနော်ချစ်ခဲ့တာ။
ကျနော်တို့နှစ်ယောက်ချစ်သူသက်တမ်းတစ်နှစ်ကျော်ပြီ။
အချိန်တွေကြာလာလေ 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ဆိုတာ
𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘အတွက်အရေးပါဆုံးဆိုတာကိုသိလာခဲ့တယ်။__________ 𝑀𝑦 𝐿𝑜𝑣𝑒𝑟 __________
"ယောင်းငယ်"
𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 အိမ်ရဲ့ခြံလေးထဲကိုလည်းဝင်ရင်း ချစ်ရသူနာမည်လေးကိုလည်းခေါ်နေမိသေးသည်။
အိမ်ထဲမှထွက်လာသည်မှာတော့ ယောင်းငယ်နဲ့အတူ ယောင်းငယ်ရဲ့အမေ...။
ထိုသားအမိနှစ်ယောက်မှာသူ့အား ပြုံး၍ကြည့်နေကြတော့ သူတောင်အနဲငယ်နေရခက်လာသလို။အရှေ့တွင်လည်ဂုတ်အားပွတ်ကာ နေရခက်နေတဲ့𝐽𝑒𝑜𝑛ကိုမြင်တော့ သူအနားသို့သွားရင်း လက်ကိုချိတ်လိုက်သည်။
ထို့နောက် 𝑂𝑚𝑚𝑎မှအမှာစကားခြွေလေသည်။"သားတို့ကျောင်းကိုဂရုစိုက်သွားနော်၊ စာလည်းကြိုးစားကြ၊ 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘"
"ဗျာ"
"အမေ့သားလေးကိုဂရုစိုက်ပေးအုံးနော်"
"ဟုတ်ကဲ့။ စိတ်ချလိုက်ပါ။ ယောင်းငယ်ကိုကျနော်သေချာလေးဂရုစိုက်မှာပါ။ 𝑂𝑚𝑜𝑛𝑖𝑒"
ယောင်းငယ်အမေနဲ့နှုတ်ဆက်ပြီးတော့ သူတို့ထွက်လာခဲ့ကြသည်။
အခုဆို ယောင်းငယ်အမေကသူ့ကို အမေလို့ပင်ခေါ်ခွင့်ပြုနေလေပြီ။
ယောင်းငယ်အမေဟာ ယောင်းငယ်လိုပင်အရမ်းကိုဖော်ရွေပြီး သားအမိနှစ်ယောက်လုံးကစိတ်ထားကောင်းတာသည်တစ်ပုံစံထဲပင်။
အထက်တန်းကျောင်းတုန်းကလိုစက်ဘီးနဲ့မဟုတ်တော့ဘဲ
တက္ကသိုလ်ကျောင်းသားတွေလဲဖြစ်သည်ကြောင့်
ဘတ်စ်ကားနှင့် သူတို့နှစ်ယောက်သွားဖြစ်ကြသည်။ကျောင်းတုန်းကအကြိုအပို့လုပ်တဲ့ဒရိုင်ဘာက အခုလည်းအကြိုအပို့လုပ်ဖို့ပြောလာပေမဲ့
သူကချစ်သူလေးနဲ့သာမန်ဘ၀ကိုဖြတ်သန်းချင်သည်နှင့် ထိုသို့သာဘတ်စ်ကားစီးဖြစ်ခြင်း။
YOU ARE READING
// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑
Fanfiction"ငါ..Gayတွေကိုမုန်းတယ်" 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘 𝑥 𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 𝑆𝑡𝑎𝑟𝑡 𝐷𝑎𝑡𝑒 - 1/9/2021 𝐸𝑛𝑑 𝐷𝑎𝑡𝑒 - 12/11/2021