𝑃𝑡.3

4.4K 390 8
                                        

[Unicode]
𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 𝐻𝑜𝑠𝑒𝑜𝑘တို့နဲ့အတူအတန်းပြင်ထွက်လာသော် ရုတ်တရက်အရှေ့မှလူတစ်ယောက်နှင့်ဝင်တိုက်မိကာ သူခေါင်းကိုငုံ့၍တောင်းပန်စကားဆိုနေမိသည်။

"တောင်းပန်ပါတယ် 𝑇𝑎𝑒မမြင်လိုက်လို့ပါ"

"𝑇𝑎𝑒.?
𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔လား မင်းက?"

သူ့နာမည်အပြည့်အစုံကိုခေါ်လိုက်သည့်လူကြောင့် 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔မျက်လုံးပြူးကာမော့ကြည့်မိသည်။စိတ်ထဲကနေမဟုတ်ပါစေနဲ့လို့ဆုတောင်းနေပေမဲ့ ဆုတောင်းတို့ကမပြည့်ခဲ့ပေ။

"မှန်နေတာဘဲ မင်း𝐾𝑖𝑚 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကိုး ဟားဟား တိုက်ဆိုင်လှချည်လား၊ငါလုံးဝမသိခဲ့ပါလား ကျောင်းသားသစ်ကမင်းမှန်း"

"𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔 သူနဲ့ကသိနေတာလား?"

𝑆𝑒𝑜𝑘𝐽𝑖𝑛မှမေးလိုက်တော့ 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔လက်ဖျားခြေဖျားတွေပင် အေးစက်လာရသည်။ကျေးဇူးပြုပြီး ဒီကျောင်းမှာတော့‌အဆင်ပြေပြနေပါရစေ။

"𝐾𝑎𝑛𝑔 𝑀𝑖𝑛 𝐻𝑢𝑘 ငါတို့တခြားနေရာမှာစကားသွားပြောရအောင်"

လက်ကိုဆွဲကိုင်ကာ တောင်းဆိုသလိုလေးပြောနေသော်လည်း 𝐾𝑎𝑛𝑔 𝑀𝑖𝑛 𝐻𝑢𝑘ကတော့ဂရုမစိုက် လက်ကိုလွှတ်ချလိုက်သည်။ထို့နောက် နှစ်ယောက်ထဲသာကြားနိုင်လောက်တဲ့အထိ

"ဘာလဲ မင်းလျို့ဝှက်ချက်ပေါ်သွားမှာကြောက်လို့လား?"

𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔မျက်နှာအနားကပ်ကာ တိုးတိုးလေးပြောနေသော𝐾𝑎𝑛𝑔 𝑀𝑖𝑛 𝐻𝑢𝑘နဲ့သူ့ကို 𝐻𝑜𝑠𝑒𝑜𝑘 𝑛𝑎𝑚𝑗𝑜𝑜𝑛 𝑆𝑒𝑜𝑘𝑗𝑖𝑛တို့ကစိတ်ဝင်တစားကြည့်နေကြသည်။ထိုသုံးယောက်ကိုမြင်လိုက်သော် 𝐾𝑎𝑛𝑔 𝑀𝑖𝑛 𝐻𝑢𝑘တစ်ယောက် မဲ့ပြဲုးပြုံးကာအကြံအစည်တစ်ခုကိုထုတ်လျက်။
𝐾𝑎𝑛𝑔 𝑀𝑖𝑛 𝐻𝑢𝑘၏မဲ့ပြုးအားမြင်လိုက်သော် 𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔သည် အစိုးရိမ်ကြီးစိုးရိမ်လာတော့သည်။

"𝐾𝑎𝑛𝑔 𝑀𝑖𝑛 𝐻𝑢𝑘 ကျေးဇူးပြုပြီး မပြောလိုက်ပါနဲ့ ငါတောင်းပန်ပါတယ်"

𝐾𝑎𝑛𝑔 𝑀𝑖𝑛 𝐻𝑢𝑘ကိုမဝဲ့မရဲလေးစိုက်ကြည့်ကာ တောင်းဆိုလာတဲ့𝑇𝑎𝑒ℎ𝑦𝑢𝑛𝑔ကို တွန်းဖယ်ကာ 𝐻𝑜𝑠𝑒𝑜𝑘 𝑁𝑎𝑚𝑗𝑜𝑜𝑛 𝑆𝑒𝑜𝑘𝑗𝑖𝑛တို့ဆီ
𝐾𝑎𝑛𝑔 𝑀𝑖𝑛 𝐻𝑢𝑘လျှောက်သွားရင်း

// 𝑀𝑦 𝐿𝑜𝑣𝑒𝑟 // 𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑Where stories live. Discover now