Chapter -1

2.4K 113 25
                                    

"တကယ်ကို ပတ်ဆောင်းဟွန်းက
ငါ့မျက်လုံးထဲကန့်လန့်ပဲ"

စတော်ဘယ်ရီနို့ ကို ဖောက်ပြီး သောက်ကာ
ပြောတဲ့ ဂျုံဆောင်းရဲ့ မျက်ခုံးတွေက
ထင်ထင်ရှားရှား ကျုံ့ထားသည်။
ဂျယ်ယွန်းက ခေါင်းတခါခါနဲ့ကြည့်းရင်း

" သူက မင်းကို ဘာလုပ်နေလို့လဲ မင်းကပဲ
တစ်ဖက်သတ်မုန်းနေတာမဟုတ်ဘူးလား"

အမှန်ပင်။ တစ်ဖက်သတ် အချစ်လည်းမဟုတ်
တစ်ဖက်သတ်အမုန်း။ ပို၍ပင်ခံရခက်သည်။
အလယ်တန်းတုန်းက ကောင်မလေးတစ်ယောက်ကို ကြိုက်ခဲ့ဖူးတုန်းကတောင် ဒီလောက် ထိ ခံရမခက်ခဲ့။ အခုတော့ မုန်းပါတယ်ဆိုတဲ့ ပတ်ဆောင်းဟွန်းကို
မုန်းသည့်စိတ်ကြောင့် ဘာလုပ်လုပ်ကို တွေးရင်း
မုန်းနေမိသည်။ တစ်ခါခါ အိပ်မက် ထဲတောင်
ခပ်တည်တည်နဲ့ ပါလာတတ်သေးသည်။
ကြည့်စမ်း ဘယ်လောက်အမြင်ကပ်စရာကောင်းလဲ။

ပတ်ဆောင်းဟွန်း ကိုမုန်းတဲ့ အကြောင်းပြချက်တွေ လက်တန်း ချရေးခိုင်းရင် အေဖိုး ၄ ရွက်စာလောက် ချက်ချင်း ရေးနိုင်မည်တောင် ထင်မိသည်။
ပတ်ဆောင်းဟွန်း လွယ်အိတ်မှာတပ်ထားတဲ့
ကီးချိန်းကစလို့ အရာအားလုံးကို မုန်းသည်။
ပိုမုန်းစရာကောင်းတာ အဲ့လောက် သူ့ကို
ကြည့်မရတာကိုတောင် ဘာမှမဖြစ်သလို
နေနိုင်တာကိုပဲ။
တမင် ရန်ဖြစ်ချင်လို့ မုန်းခါမှ
တစ်ဖက်လူက အရေးတောင် လှည့်မလုပ်တော့
ဘယ်လောက် ဟတ်ကော့ ကြီး ဖြစ်ရသလဲ။
မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ ၂ လက ပေါ့။
ဒီကန်တင်းဒီနေရာမှာပဲ ပတ်ဆောင်းဟွန်းကို
အရှက်အကြီးကြီးရအောင်လုပ်ရန်ကြံဖူးသည်။

" ဟိုမှာ ဟိုကောင်"

သူမေးငေါ့ပြသည့်တိုင် ဂျယ်ယွန်းက ဂရုမစိုက်
စီနီယာတန်းက ကြိုက်နေတဲ့အကိုဟီဆွန်းနဲ့ chat
နေသည်မှာ ပါးစပ်ပင် နားရွက်တပ်ချိတ်မတက်ပင်။ ထမင်းထည့်ထားတဲ့ ဗန်းကိုကိုင်ပြီး
ခုံတန်းတွေဘက်တည်ငြိမ်စွာ လျှောက်လာတဲ့
ပတ်ဆောင်းဟွန်းမှာ လုံးဝ မျက်လုံးထဲ
ထောင့်မကျိုး။ ပိုဆိုးသည်က
ဘေးနားကနေ အသံပေါင်းစုံထွက်ပြီး
ဖန်ဂဲလ်လင်းလုပ်နေတဲ့ အမျိုးသမီး တွေ။
သူ့ဘေးနားက လမ်းအတိုင်း လျှောက်လာသည့်အတွက် ဂျုံဆောင်း ဒီအခွင့်အရေးကိုလက်လွတ််ခံ။ အနားရောက်လာသည်နှင့် ခြေထိုးခံရန်
ကြိတ် တွေးထားသည်။
တကယ်လည်း အနားရောက်လာသည်နဲ့
လျှောက်လမ်း ဘက်ခြေထောက်ကို ထုတ်လိုက်ပြီး
ပတ်ဆောင်းဟွန်းရဲ့ အရှက်ကွဲမှုကို
မျှော်နေမိသော်လည်း သကောင့်သားက
သူ့ခြေထောက်ကိုခွနင်းကျော်ပြီး ခပ်တည်တည်
လျှောက်သွားသတဲ့လေ။
သူခြေထိုးခံထားမှန်းသိလျက်နဲ့
ကျော်သွားတာတောင်
မျက်နှာကိုတစ်ချက်မကြည်တာ
ဂျုံဆောင်း ရင်ထဲက မီးစကို ရေနံဆီ
လောင်းလိုက်သလိုပင်။
နောက်နေ့တွေလည်း နည်းလမ်းမျိုးစုံ နှင့်
ဒုက္ခပေးသည်။ သူလုပ်မှန်းသိသိကြီးနဲ့
နည်းနည်းလေးတောင် ပြဿနာ လာမရှာ။
တဖြည်းဖြည်း ဂျုံဆောင်း မှာ သူ့ကို
ဒုက္ခပေးရမှာကိုတောင် ပျင်းလာသည်။
ဒါပေမယ့် ကြည့်မရတာကတော့ လျော့မသွား။
အခုလည်း သူနဲ့ မျက်နှာချင်းဆိုင်က စားပွဲမှာ
တည်ငြိမ်စွာဘဲ ထမင်းစားနေပြန်သည်။
ဂျုံဆောင်း စိတ်တိုင်းကျဆို ထမင်းပန်းကန်ကို
သွားမှောက်ပစ်ချင်ပေမယ့်
ဂျယ်ယွန်းက တားတာကြောင့်သာ။
မျက်စိရှေ့တည့်တည့် ထို ကောင်ကို မမြင်ချင်ပဲ မြင်နေရ၍ ထမင်းကို ကြိတ်မှိတ်စားရသည်။
အမုန်းဝေဒနာတွေပေါ့။ ခက်ခဲလိုက်တာမှလေ။

bad boy,who? p.sh x p.js (Sungjay)Where stories live. Discover now