Chapter - 3

591 77 7
                                    

"အဲ့တိုင်းပဲ ထိုင်နေမှာလား"

အိမ်ထဲကိုရောက်ရောက်ချင်းတည်းက ဆိုဖာပေါ်တွင် ကျုံ့ကျုံ့လေးထိုင်နေသည့် ဂျုံဆောင်း မှာ အကြောင်းမသိတဲ့သူဆို အင်မတန်မှ
ကြောက်တတ် ရွံ့တတ်တဲ့ မူလတန်းကလေးငယ်လေးလို့တောင် ထင်ချင်ထင်နိုင်မည်။
ရေချိုးပြီးပြန်ထွက်လာသည် အထိ ဂျုံဆောင်းရဲ့ နေရာ အနေထား က ရွေ့မသွားသေးသည်ကြောင့်
ရှပ်ဖြူလေးနှင့် sweatpant ခဲရောင်လေးဝတ်ကာ တပတ် တစ်ထည်နဲ့ ခေါင်းသုတ်နေသည့် ဆောင်းဟွန်းကပဲ စကားစရသည်။

" ပြန်ဖြေလေ"

" မဟုတ်လို့ ငါက ဘာလုပ်ရမှာလဲ "

ဆောင်းဟွန်းကိုတစ်ချက် ဖြတ်ကနဲကြည့်ပြီးသည်နှင့်ချက်ချင်းမျက်နှာလွှဲကာ ပြန်ဖြေသည်။
မထုံတတ်တေး လုပ်နေသည့်
ထို ကောင်လေးကြောင့်
ဆောင်းဟွန်းသက်ပျင်း ပိစိ ချကာ

" ရေသွားချိုး...
မင်းလဲဖို့ အင်္ကျီထုတ်ထားပေးမယ်"

သူ့ဆီက ခွင့်ပြုချက်ရမှ လွယ်အိတ်ကိုချွတ်ကာ
ထလာပြီး ဆောင်းဟွန်းကို
သေချာကြည့်တော့သည်။

" မင်းအခန်းက.."

ဆောင်းဟွန်းက မျက်စဖြင့် အခန်းကို ပြလိုက်တော့ တောက်တောက်တောက်တောက်နဲ့ ဝင်သွားသည်။
ပတ်ဂျုံဆောင်း က သူများ တွေကို အသည်းယားအောင်လုပ်တတ်တဲ့နေရာမှာ
တကယ် ဆရာကျတာပဲ။

ဆောင်းဟွန်းဆံပင်တွေ
ခြောက်အောင်လုပ်ပြီးသည်နှင့်
ရေချိုးခန်းထဲတွင်ရှိနေသည့်ဂျုံဆောင်းအတွက်
ဝမ်းဆက် တစ်စုံထုတ်ပေးကာ ညစာ ပြင်ရန်
မီးဖိုချောင်ထဲသို့သာ လာခဲ့သည်။
အတန်ကြာတော့ ...

"ရားးးးးးးး ပတ်ဆောင်းဟွန်း "

ခေါက်ဆွဲ ပြုတ်နေစဉ် နောက်နားဆီက
ခပ်ဆူးဆူး အသံကြောင့် လှည့်ကြည့်တော့
သူထုတ်ပေးထားတဲ့ Pikachu အရုပ်လေးတွေပါသည့် ညဝတ်အင်္ကျီ ဝမ်းဆက်လေးနဲ့
သူ့ကိုခုန်အုပ်မတက် ကြည့်နေသည့်
ပတ်ဂျုံဆောင်း။

" ဒါ ဘယ်လို အမှိုက်လို အင်္ကျီမျိုး
ထုတ်ပေးထားတာလဲ"

အခုချက်ချင်းရာဇဝတ်မှုတွေ ကျူးလွန်တော့
မတက် ဒေါသထွက်နေသည့် ပတ်ဂျုံဆောင်းက
ချစ်စရာ ရာဇဝတ်သားလေး
တစ်ယောက်ကဲ့သို့ပင်။
ဆောင်းဟွန်းခမျာ ရီချင်သော်လည်း
အမှန်တကယ်ရီမိလျှင် ဂျုံဆောင်း အနောက်နားက ပန်းအိုးကလေးသည် ငှက်ကလေးသဖွယ်ပျံလာပြီး ဆောင်းဟွန်း ရဲ့ ခေါင်းလေးသို့ ရိုက်ခတ် မိနိုင်ချေက ၈၀% လောက်ရှိသည်မို့
စိတ်ထဲတွင် ပဲ ကြိတ်ရီ ကာ မျက်နှာပိုးသတ်နိုင်ရန် ချောင်းတစ်ချက် ဟန့်ရင်း

bad boy,who? p.sh x p.js (Sungjay)Where stories live. Discover now