"ငါတို့တွဲ ကြမလား ဆောင်းဟွန်း"
ဆောင်းဟွန်း မျက်ဝန်းတွေဟာ ပြူးကျယ် သွားသည်။ ခဏလောက် ကမ္ဘာကြီး ရပ်တန့်သွားသလို တအံ့တဩနဲ့ ဂျုံဆောင်းကိုရပ်ကြည့်နေမိသည်။ ပြီးနောက် တစ်ချက်ပြုံးသည်။
" ငါ့ကို မုန်းလွန်းလို့ ဒုက္ခမျိုးစုံပေးခဲ့တာ မင်းပဲမဟုတ်လား"
ဂျုံဆောင်းရဲ့ မျက်လုံးတို့ကိုတည့်တည့်စိုက်ကြည့်လျက် ပြတ်သားစွာ မေးတဲ့ ဆောင်းဟွန်းရဲ့
လေသံက ပျော့ညံ့မနေသည်မှာအမှန်ပင်။" အခုလည်း မုန်းတာပဲလေ
ဒီတိုင်းပဲ တွဲချင်မိတာ"ဂျုံဆောင်းဟာ ဘာခံစားချက်မှ ရေရေရာရာမရှိသည့်နှယ် ပေါ့ပျက်ပျက်ပြောသည်။
ဆောင်းဟွန်းမျက်နှာဟာ
တည်သထက်တည်လာသည်။" လွယ်နေလား? မင်းအတွက် ချစ်ခြင်းမုန်းခြင်းဆိုတဲ့ ခံစားချက်တွေက အဲ့လောက်တောင် တန်ဖိုးမရှိဘူးလား? အံ့ဩစရာကောင်းလောက်ပဲ မင်းမှာ အသိဉာဏ်တင်မဟုတ်ဘဲ
စိတ်ခံစားချက်တွေပါမရှိတာပဲ"ပယ်ပယ်နှယ်နှယ် ပြောပစ်သည့်နှယ် ဂျုံဆောင်းဟာ ဖြုံတောင် မဖြုံ။
" ဘာဖြစ်လို့လဲ ၁၉ နှစ်ဆိုတဲ့အရွယ်ဟာ အချစ်အကြောင်းကိုတလေးတနက်တွေးပြီး စိတ်ညစ်နေရမယ့်အရွယ်မှမဟုတ်ဘဲ...
သာမန် ရည်းစားတစ်ယောက်ထားမယ်
အဲ့လူနဲ့ ပျော်ပျော်ကြီး နေပစ်မယ်
အချိန်တစ်ခုရောက်ရင်ကြည်ကြည်ဖြူဖြူ လမ်းခွဲကြမယ် ဒီလိုဆို အေးချမ်းမနေဘူးလား
ချစ်ဖို့ မုန်းဖို့ လောက် ထိ ငါတို့ က ရင့်ကျက်စရာမှမလိုသေးဘဲ ... "ဆောင်းဟွန်းမှာဂျုံဆောင်းကိုနားမလည်နိုင်စွာကြည့်သည်။ အချစ် အမုန်းဆိုတာ ရင့်ကျက်ရမယ့်အချိန်တစ်ခုရောက်မှ သူ့အလိုလို
ပေါက်ဖွားလာမည့် အရာတွေမျိုးမှမဟုတ်ဘဲ။
ပတ်ဂျုံဆောင်းက အရမ်းလွယ်လွယ်တွေးတတ်တာပဲ။" မင်းစကားနဲ့မင်းတော့ဟုတ်နေတာပဲနော်
ဘယ်လိုပဲဖြစ်ဖြစ်.. ငါမင်းနဲ့မတွဲဘူး
ဒီအဖြေဟာ ပြောင်းမှာလည်းမဟုတ်ဘူး"ပြောစကားပြီးသည်နှင့်ဆောင်းဟွန်းဟာ
အဖြေကိုပင်စောင့်မနေတော့ဘဲ လှည့်ထွက်တော့သည်။
YOU ARE READING
bad boy,who? p.sh x p.js (Sungjay)
Fanfic"I'm a troublemaker" - Jongseong " I like troubles" - Sunghoon