Chapter- 2

685 86 19
                                    

"ဂျယ်ယွန်း ငါ့ကိုကြည့်စမ်း"

စာတူတူလုပ်မယ် ဆိုပြီး အိမ်ရောက်လာကာ
အိမ်က ဂိမ်းစက်နဲ့ ဂိမ်းဆော့နေသည့်
ဂျယ်ယွန်းမှာ
သူ့မေးခွန်းကို အာရုံတောင်မရ။

" ဂျယ်ယွန်း ကြည့်ဆို"

အနီးက remote ကို ယူပြီး စက်ကို ကောက်ပိတ်လိုက်သည်တွင်တော့ စားမတတ်ဝါးမတတ် ကြည့်လာတဲ့ အကြည့်နဲ့အတူ အနည်းငယ်ဆဲခံလိုက်ရသည်။

" ဘာဖြစ်လဲပြော"

ဂျယ်ယွန်းမျက်နှာက ဆူပုတ်နေသည်။
အနီးနားကရေ ခွက်ကို ယူပြီး
ရေသောက်ရန်လုပ်နေသည်။

" ငါ... ငါကချစ်ဖို့ကောင်းလား"

"ဖွီး !!!"

ရေပန်းသဖွယ် သူ့မျက်နှာကို ရေတွေ အကုန်စင်သွားည့်တိုင် ချစ်လှစွာသော ရှင်းဂျယ်ယွန်းက
ဗိုက် နှိပ်ရီသည်။

" အမလေး ဂျုံဆောင်းရဲ့ ဒီမှာတင် ငါ့ကို ရီပြီး
အူလှိမ့်သေချင်လို့လား ဘာတွေအရူးထနေပြန်တာလဲ"

အဲ့လိုပဲ ဂျယ်ယွန်းဆိုတာ အားကိုးရသည်။

" မေးတာ သာဖြေ"

ဂျုံဆောင်းပိတ်ဟောက်လိုက်တော့
မျက်နှာပိုးအမြန်သတ်ပြီး လက်ချောင်းတွေက
မေးဖျားကိုပွတ်သပ်ပြီး အကဲခတ်နေသလိုလိုနဲ့ ကြည့်သည်။ ထုံးစံအတိုင်းပြုံးစိစိ မျက်နှာမှာတော့ မပျောက်သွား။

" အင်း မဆိုးပါဘူး ... ငါ့နီးနီးတော့ ချစ်ဖို့ကောင်းပါတယ်"

ဂျယ်ယွန်းကို မျက်စောင်းတစ်ချက်ထိုးပြီးသည်နှင့်သူသိလိုက်သည်က သူလိုချင်တဲ့အဖြေမျိုး
ရှင်းဂျယ်ယွန်းဆီက ရနိုင်ရန် မရှိ။
အမှန်တိုင်းတော့ မနေ့က ဟိုကောင် က သူ့ကို
"ချစ်စရာကောင်းတယ်" ဆိုပြီး ၂ ခါတိတိ
ပြောသွားတော့ ဒီအသက်အရွယ်မှ
ဒီလို အသည်းယားစရာကောင်းတဲ့စကားကို
ပြန်ကြားဖူး တာ ပထမဆုံးအကြိမ်ပင်ဖြစ်မည်။
မနေ့ကကိစ္စ အပြီး ခေါင်းမှာ တွေးစရာတွေ ကျန်ခဲ့လွန်းလို့ ညတောင် အိပ်မပျော်ပေ။ ဒီနေ့ လည်းတမင်ရည်ရွယ်ချက်ရှိရှိ
ဖျားချင်ယောင်ဆောင်ပြီး
ကျောင်းမတက်တော့ ဂျယ်ယွန်းကပါ မတက်ဘူးဆိုပြီး အိမ်ကိုရောက်လာခြင်းဖြစ်သည်။
မနက်ဖြန်တော့ ထပ်လိမ်ပြီးကျောင်းပြေးလို့မရတော့သည်မို့ သွားရပေဦးမည်။
ဟိုအကောင်ကို ဘယ်လို ရင်ဆိုင်ရမယ် စဉ်းစား၍ပင်မရ။
တကယ်ပဲ ပတ်ဆောင်းဟွန်း ဘယ်ချိန်ထိ ငါ့ကို စိတ်ဒုက္ခပေးနေဦးမှာလဲ။ 

bad boy,who? p.sh x p.js (Sungjay)Where stories live. Discover now