"ဆိုတော့ မင်းက ဆောင်းဟွန်းကို လိုက်နေတာပေါ့"
ဂျယ်ယွန်း ဟာ "ဒီကောင်တော့ ပေါက်ကရလုပ်ပြန်ပြီ" ဆိုတဲ့ သဘောမျိုးကိုသိသိသာသာဆောင်သည့်လေသံမျိုး မျက်နှာမျိုးနဲ့ မေးသည်။
ဒီနေ့က ကျောင်းပိတ်ရက် ဖြစ်လို့ စာတူတူလုပ်ရန် ဘယ်တော့မှ မကြံဖူးသည့် သူတို့ ၂ ယောက် ဂိမ်းဆော့ရန် အတွက်သာ ကျောင်းပိတ်ရက်များတွင် တွေ့ဖြစ်ကြသည်။ အခုလည်း ဂိမ်းဆော့ရင်း ခဏနားတုန်း အရေမရ အဖတ်မရ တွေကို ထိုင်ပြောနေကြတာဖြစ်သည်။" အင်း အဲ့ကောင်ကိုကွာ ငါ့ကိုကြိုက်လာအောင် သိမ်သွင်းမယ် ငါ့ကိုရူးရူးမူးမူးကြိုက်လာရင်
ထားခဲ့ပစ်မှာ "ဂျုံဆောင်း နှုတ်ခမ်းများကို ကြောက်စရာကောင်းအောင် ပြုံးလျက် အကြံကြီးကြီးကြံနေဟန်။
ဂျယ်ယွန်းမှာတောဘ မလွယ်ဘူး ဆိုသည့်သဘောနှင့် ခေါင်းတဆတ်ဆတ်ခါသည်။"အဲ့တော့ ဟိုက မင်းကို ပြန်ကြိုက်ပြီလား "
ဂျုံဆောင်းမျက်နှာအနည်းငယ်မဲ့သည်။
ထို့နောက် တစ်ဖန်ပြန်တည်သည်။" အခုတော့ မကြိုက်သေးဘူး ဒါပေမယ့် ကြိုက်လာရမယ် ဟင်းဟင်း ငါ့ကိုချည်းပလိပ်စစ် စစ်မနေနဲ့
မင်းရော အကိုဟီဆွန်း နဲ့ဘယ်လို အခြေအနေလဲ?"ဒီတစ်ကြိမ် တွင် မျက်နှာမဲ့ရသူမှာ တစ်မိုးအောင် ရှင်းဂျယ်ယွန်း ကလေးသာ။
" တကယ် ပြောရ ဆိုရခက်တဲ့ လူပါကွာ
ငါ့မှာ ပိုးပန်းလာလိုက်ရတာ ၂ နှစ် ၂ မိုးရှိပြီ
ဘယ့်နှယ် ငါ့ကို ဖုန်းထဲမှာ ပဲသိတာ အပြင်မှာ သတိတောင် မထားမိဘူးတဲ့ ပြောစမ်း ဖြစ်သင့်သလား"ဂျယ်ယွန်း စကားအဆုံးတွင် ဂျုံဆောင်း က
တဝါးဝါး ထရီသည်။" မင်းဘဝကလည်းနော် ဆင်ပြောင်ကြီး အမီးရောက်မှ တစ်နေသလိုကြီး ဒီတိုင်းဆို မင်းလည်းမင်းချစ်သူနဲ့ နီးစပ်မ ငါလည်း ဟိုလူကို လက်စားချေရမှာမဟုတ်ဘူးအဲ့တော့ ..
ဒီလိုလုပ်ကြမလား
ငါတို့ ပြိုင်လိုက်ကြမယ် ဘယ်သူက အရင် တွဲ ဖြစ်မလဲဆိုတာ နိုင်တဲ့ သူက ကြိုက်တာ တောင်းဆိုကြေး"
YOU ARE READING
bad boy,who? p.sh x p.js (Sungjay)
Fanfic"I'm a troublemaker" - Jongseong " I like troubles" - Sunghoon