ဆောင်းဟွန်း ကျောင်းကိုရောက်ရောက်လာချင်းတည်းက တစ်ခုကိုသတိထားမိသည်။
သူ့ကိုလူတွေ အရင်ထက်ပိုကြည့်နေတာ...
အရင်လည်းကြည့်ကြတယ်ဆိုပေမယ့်
အခုက သိပ်မဟုတ်ဘူး ကြည့်လိုက် တိုးတိုး တိုးတိုးပြောပြီး ရီလိုက်နဲ့ဆိုတော့
Toilet ထဲ အလျင်အမြန်ပြေးကာ တစ်ခုခု များ
ပုံပန်းပျက်စရာ ရှိနေသလား ဝင်စစ်ဆေးပြီးသည်မှာလည်း ၂ ခါရှိပြီ။
ဘာမှ လည်း ဆိုးရွား မနေ။
သူငယ်ချင်းရယ်လို့လည်းရှိမနေတော့
အကြောင်းအရင်းမေးစရာ လူလည်းရှိမနေ။
နေရ ခက်နေတာကတော့ အမှန်ပင်။အတန်းချိန် တွေ တစ်ချိန်ပြီး တစ်ချိန်သာပြီးသွားသလို အချိန်ပြည့် ဒေါသထွက်နေတတ်တဲ့
မျက်လုံးဝိုင်းဝိုင်း အသံပိစိ နဲ့ ချစ်စရာခပ်စွာစွာ
သတ္တဝါ လေးတစ်ကောင်နဲ့ တူတဲ့ တစ်စုံတစ်ယောက်ကလည်း သူ့အား နည်းနည်းမျှ လာ မ မွှေသည်ကလည်းထူးဆန်းသည်။လူတွေကြည့်တာ
လည်း ဆောင်းဟွန်း အထူးတလည်တော့
ဂရုမစိုက်ပါ။
သူ့စတိုင်လည်းမဟုတ်ဘူးလေ။
တစ်ပတ်စာအတွက် လုပ်ရမယ့် assignment ကို
အပတ်စဉ် တနင်္လ်ာနေ့တိုင်း နိုတစ်ဘုတ်မှာကတ်ပေးနေကျဖို့ လုပ်ရမယ့် စာတွေ သိရရန်တာ
နိုတစ်ဘုတ်ဆီ ထွက်လာခဲ့သည်။
သာမန်ထက် လူတွေဝိုင်းအုံနေတာကိုတွေ့တော့
မနည်းတောင် တိုးနေရ။"ဟင်"
အရှေ့တည့်တည့်က ရင်းနှီးနေတဲ့မျက်နှာနဲ့
ဖင်ဟောင်းလောင်းနဲ့ကလေးလေးတစ်ယောက် ပုံ။ ရင်းနှီးတယ်ဆို သူ့မျက်နှာဖြစ်နေတာလေ။
ဗီနိုင်း လို ကပ်ထားတဲ့ ပုံအပေါ်မှာ စာတောင် အစစ် ပါသေးသည်။ဘာတဲ့။"တစ်ကျောင်းလုံးရဲ့ နှင်းဆီ ခိုင် ပတ်ဆာင်းဟွန်း ငယ်စဥ်အခါ ဘောင်းဘီ မပါစဥ်ကပုံ" ဆိုပဲ။
ဒါဆို တစ်မနက်လုံးလူတွေကြည့်နေတဲ့ အကြောင်းအရင်းက ဒါပေါ့။
ဆောင်းဟွန်းမျက်မှာဟာ ရှက်စိတ်ကြောင့် သာမန်ထက် အနည်းငယ်ပန်းရောင်ရင့်နေသည်။
တရားခံကို ဆောင်းဟွန်း သိသည်။
နှစ်ယောက်မရှိတဲ့ ထို တစ်စုံတစ်ယောက်..။ပတ်ဂျုံဆောင်း
တကယ်ကိုလွှတ်ထားလို့မရဘူးဘဲ။တွေ့ကြသေးတာပေါ့။
YOU ARE READING
bad boy,who? p.sh x p.js (Sungjay)
Fanfiction"I'm a troublemaker" - Jongseong " I like troubles" - Sunghoon