My Lover is Gangster (Part 2)

682 71 1
                                        

My Lover is Giangster ( Part 2)

😎😎😎😎😎

" တင်းတောင် ...တင်း ....တောင် "

တံခါးဘဲလ်သံကြားလိုက်တာနဲ့ ဝရံတာဘက် ထွက်ပြီး ဆေးလိပ်သောက်နေတဲ့ MEW
ဆေးလိပ် မီးငြိမ်းလိုက်ပြီး အခန်းထဲ ပြန်ဝင်
လာခဲ့လိုက်တယ် ..

" MEW ညက ဘယ်လိုနေလည်း လက်က "

တံခါးဖွင့်လိုက်တာနဲ့ Sam နဲ့ ကိုထွဋ်တို့
MEW အခန်းထဲဝင်ခဲ့ကြတယ် ..

ကိုထွဋ်ကလည်း သူတို့လိုပဲ
မိဘမဲ့ကောင်လေးMEW တို့ အဖွဲ့ထဲကို ဘယ်လိုရောက်နေမှန်းမသိ
အသက်ငယ်ငယ်လေးနဲ့ ကလေးသာသာပဲ
ရှိနေသေးတာနဲ့  သူ့နဲ့ Sam အနားကို
ခေါ်ထားခဲ့လိုက် တော့ တယ် ..

သူတို့အနားမှာ နေလာတာကြာတော့
MEW တို့ကိုအကိုကြီးတွေလို
ကိုထွဋ် တွယ်တာလာတယ် . 

" အင်းနည်းနည်းပေါ့ကွာ " 

" MEW မင်း လက်မောင်းက ပြတ်မတပ်
ဖြစ်သွားတာနော် ..
ငါတို့ရှေ့မှာ ဘာမှ ဖုံးကွယ်ဟန်ဆောင်မနေနဲ့

MEW အကြောင်းကို သိနေတော့
Sam ငေါက်လိုက်မိတယ် ..

အကြောင်းတခုခုဖြစ်ရင် MEW ဟာ
ကောင်းတယ် အဆင်ပြေတယ်
ဘာမှမဖြစ်ဘူး
ဘယ်တော့မှ အဆင်မပြေဘူး ဆိုတာမရှိ ..
အဲဒါကို Sam. မကြိုက်တာ ..

MEW ဟာ ကြည့်လိုက်ရင်တော့
ရုပ်ထန်ထန်နဲ့ကြောက်စရာကောင်းတယ်လို့ ထင်ရတယ် ..
ဒါပေမယ့် သူ့ရဲ့ တကယ့်အတွင်းစိတ်
နေရာမှာနူးညံတဲ့စိတ်လေး ရှိနေတယ်လို့ Sam မြင်မိတယ်

သူနဲ့ကိုယ် အသက်အတူတူပေမယ့်
MEW အပေါ် တော့
Sam အစ်ကိုတယောက်လိုပဲ
ဆက်ဆံပြုမှုတတ်ခဲ့တယ် ..

Sam ငေါက်လိုက်ပေမယ့်
အကြောင်းသိနေတော့
MEW ပြုံးယောင်သမ်းသွားတယ် ..

လာပြီ ..
Sam တို့ စောစောစီးစီး ဩဝါဒတွေ
ချွေတော့မယ် ..  !!!

" အေးပါကွာ ညကတော့ နဲနဲ နာတာပေါ့ "

" P'Sam , P'MEW  
ကျတော် Breakfastပြင်လိုက်ရတော့မလား

ထမင်းစားပွဲပေါ်စားစရာတွေ ပြင်ဆင်နေရင်း
ကိုထွဋ်  မေးလိုက်တယ် ..

My Lover is GangsterWhere stories live. Discover now