My Lover is Gangster ( Part 10 )
😎😎😎😎😎
" Gulf .. မင်း "
ဖူးရောင် စုတ်ပြတ်နေတဲ့ မျက်နှာ ..
ခေါင်းစုတ်ဖွားဖြစ်နေတဲ့ & ကို
Gulf ဘာမှမပြောနိုင်ပဲ အငေးသား ဒီအတိုင်း
ရပ်ကြည့်နေမိတယ် ." MEW ဘာတွေ ဘာတွေ ဖြစ်ထားတာလဲ"
Gulf သူ့လက်ထဲက ပစ္စည်းတွေ
ဘယ်နေရာကိုထားမိလိုက်မှန်းတောင်မသိ ..
အထုတ်တွေ ပစ်ချလိုက်ပြီး MEWမျက်နှာကို
သူ့လက်နှစ်ဘက်နဲ့ ကိုင်ပြီး အသေအချာ
ကြည့်လိုက်တယ် .." နည်းနည်း ထိခိုက်မိတာ
အရေးမကြီးပါဘူးကွာ မင်း ဘယ်လိုလုပ်ရောက်လာတာလည်း Gulf "" ကားမောင်းပြီး ရောက်လာတာ "
MEW မျက်နှာကို Gulf ဘယ်ပြန် ညာပြန်
လှည့်ပတ်ပြီး ကြည့်လိုက်တယ် .
ဒဏ်ရာတွေ နည်းတာမဟုတ်ဘူး ...ကြည့်ရတာ ဆေးလိမ်းဆေးသောက်လည်း
MEW လုပ်ထားရအုန်းမှာမဟုတ်ဘူးလို့
Gulf ထင်လိုက်တယ် .." အရေးပေါ်သုံးဆေးသေတ္တာ ရှိလား "
" ဟို နံရံကပ်ဘီဒိုထဲမှာ "
MEW အခန်းနံရံဘီဒိုကို လက်ညှိုးထိုးပြ
လိုက်တယ် ..Gulf ဆေးသေတ္တာ သွားယူလိုက်တယ် ..
ဆိုဖာပေါ်မှာ ထိုင်စောင့်ရင်း Gulf ကို
MEW လိုက်ကြည့်လိုက်တယ် .." ဘယ်လိုဖြစ်တာလည်း MEW ..
ငါ ဒီနေ့ရောက်မလာရင် သိမှာမဟုတ်ဘူး "ဆေးသေတ္တာဖွင့်ပြီး ကွဲနေတဲ့
MEW နှုတ်ခမ်းကို
ဆေးလိမ်းပေးလိုက်တယ် .." မျက်နှာရောင်နေတာ ရေခဲအုပ်ရမယ် "
Gulf သူ့ဘာသာပြောပြီး ရေခဲသေတ္တာနား
သွားလိုက်တယ် ..WOW 😮 !!
MEW ရေခဲသေတ္တာထဲမှာ တွေ့လိုက်ရတဲ့
အရက်ပုလင်းပေါင်းစုံ ဘီယာဘူးအစုံကို
တွေ့လိုက်ရတော့ Gulf မျက်လုံးပြုး
သွားတယ်စားစရာ ကြက်ဥတစ်လုံးမရှိပေမယ့်
အရက်ပုလင်းတွေကတော့ အပြည့်ပဲ ..MEW အစားရော မှန်မှန်စားဖြစ်ရဲ့လားလို့
Gulf တွေးမိပြန်တယ် ..

YOU ARE READING
My Lover is Gangster
Fanfictionမင်းကို ငါ အသက်ရှူတိုင်းချစ်တယ် Gulf .. MEW ... ငါ မင်းလိုလူတစ်ယောက်ကို ဒီလောက် ချစ်သွားလိမ့်မယ်မထင်မိဘူး။ Gulf