My Lover is Gangster (Part 6)

638 50 1
                                        

My Lover is Gangster ( Part 6 )

😎😎😎😎😎

" Champ ညနေကို သောက်ရအောင်ကွာ "

သူ့ဆေးအခန်းထဲထိ လာပြီး ခေါ်လိုက်တဲ့
Gulf ကို Champ ထူးဆန်သလို
ကြည့်လိုက်တယ်

Gulf မှာ ရင်ဖွင့်စရာတွေ ရှိနေပြီလို့
သူ ထင်လိုက်တယ် .  ..

" No ကို မခေါ်တော့ဘူးကွာ "

" အိုကေ ရတယ် 
ဆေးခန်းပိတ်ရင် ငါလိုက်ခဲ့မယ်

သေချာပြီပေါ့ Gulf တခုခု တိုင်ပင်စရာရှိရင်
No ထက် သူ့ကိုသာ ရင်ဖွင်တတ်တာ ..

No ဟာ သူတို့နဲ့ ကျောင်းနေဘက်သူငယ်ချင်
ဆိုပေမယ့် စကားများတာတခုက  Gulf ရော
Champ ပါ နားမခံနိုင်ကြတယ် ..

တစ်ခါတစ်ခါ No ကို လစ်ပြီး
ထားခဲ့တတ်တယ်

ညနေ‌ Gulf တို့ ဆေးခန်းပိတ်ပြီး
အိမ်ပြန်တာနဲ့No ကို အကြောင်းပြချက်
တခုပေးပြီး Gulf နဲ့
Champ လိုက်လာခဲ့လိုက်တယ် ..

" ကဲ ပြောပါအုန်း ဘာတွေရင်ဖွင့်ချင်လည်း "

ဆိုင်တဆိုင်မှာ ထိုင်လိုက်ကြပြီးတာနဲ့
Champ.မေးလိုက်တော့တယ် ..

သူ့ရင်ထဲမှာ  MEW နဲ့ ပတ်သက်ပြီး
သူ့စိတ်ထဲမတင်မကျဖြစ်နေတဲ့အကြောင်း Champကို Gulf ရင်ဖွင့်လိုက်မိတယ် ..

" ငါဘက်က သူ့အပေါ် အဲလိုဖြစ်နေတာ
မဖြစ်သင့်ဘူးမဟုတ်လား Champ "

ဪ Gulf, Gulf  နှလုံးသားရေးနဲ့ ပတ်သက်ပြီး
ဘာခံစားချက်မှမရှိဘူးလို့ ထင်နေတာ ..

တကယ်တမ်း ရှိလာတော့ 
Champ သူတောင်အံ့ဩသွားရတယ် .  ..

" ခံစားချက်ဆိုတာ
ဖြစ်သင့်တယ်မဖြစ်သင့်ဘူးမရှိပါဘူး
ကိုယ့်ရင်ထဲက သူ့အလိုလို ဖြစ်လာတာ
ငါတို့ထိန်းချုပ်ထားလို့ ရတာမှ မဟုတ်တာ ."

သူတောင် ကိုထွဋ်ကို တစစ တွယ်ငြိ‌လာရတာ
Gulf ကို Champ ကိုယ်ချင်းစာမိတယ် ..

" မင်းပြောတဲ့ အတိုင်းဆို MEW က မင်းကို
ကစားနေတာတော့ မဟုတ်ဘူးလို့
ငါထင်တယ်

ဒါမှမဟုတ် သူ့ခံစားချက်ကို သေချာမသိလို့
ဖြစ်ချင်ဖြစ်မယ် Gulf ..

My Lover is GangsterWhere stories live. Discover now