My Lover is Gangster ( Part 4 )
😎😎😎😎😎
သူ့အခန်းတံခါးကို နောက်ပြန်ပိတ်ပြီး
တံခါးကို Gulf စိတ်ပျက်လက်ပျက်
မှီချလိုက်တယ် ..ကိုယ့်အခန်းထဲ ရောက်လာပေမယ့်
တစ်ဖက် အခန်းဘေးနားကပ်ပြီး
Gulf နားထောင်လိုက်မိတယ် ..ကိုယ့်လုပ်ရပ်က ကလေးကလားဆန်တယ်
ဆိုတာ သိပေမယ့် Gulf လုပ်မိသွားတယ် ..သူတို့ နေတဲ့ ကွန်ဒိုတိုက်ခန်းက
ပထမတန်းစားအကောင်းကြီးမဟုတ်တော့ ..
တစ်ဘက်က အသံ အတိုးအကျယ်ကို
ပြပြလေးကြားနေရတယ် ..MEW အထဲက မိန်းကလေးနဲ့ စကားပြောသံလိုလို
ကြားလိုက်တာနဲ့ Gulf သူ့နားကို နံရံအနားကနေ
ခွာလိုက်တော့တယ် ..Gulf သူ့ဘာသာ ဘယ်မိန်းကလေးအခန်းကို
လာ လာ မင်းနဲ့ ဘာဆိုင်လို့လည်း ..ဟုတ်တယ် MEW ဘယ်သူနဲ့တွဲတွဲ ..
မင်းအနေသာကြီလေ Gulf ..စိတ်မကောင်းဖြစ်ရအောင် MEW ကို
မင်းက ချစ်နေလို့လား ..Gulf သူ့ကိုယ်သူ မေးခွန်းပေါင်းများစွာ
မေးမိလိုက်တယ် ...Gulf အခန်းရှေ့မှာ ရပ်နေရင်း တံခါးဘဲလ်ကို
နှိပ်ဖို့ လက် လှမ်းလိုက်ရင်း MEW တွေဝေ
သွားတယ် ..Gulf ကို မင်းထင်နေသလို မဟုတ်ဘူးလို့
ပြောရမှာလား ..MEW မင်း ရူးလိုက် ကြောင်လိုက်တာကွာ ..
မဝေခွဲနိုင်တဲ့ တွေဝေမှု့ပေါင်းများစွာနဲ့
MEW သူ့လက်ကို သူပြန်ရုတ်ပြီး
Gulf အခန်းရှေ့ကနေ ထွက်လာခဲ့တော့တယ် ..ပြန်လာတဲ့ လမ်းတလျှောက် MEW ကို
အဲဒီအတွေးကြီးက လမ်းတလျှောက်လုံး
နှိပ်စက်လာတယ် .Gulf ဖုန်းနံပါတ် သိပေမယ့်လည်း သူဘာအကြောင်းနဲ့ စကား စ ရမှာလည်း ..
အရင်ရက်တွေ လုဂျာ အခန်းကို သူနဲ့ Sam တို့
လာနေတာ အခါခါ Gulf နဲ့ တစ်ခါမှမဆုံဖြစ် ..ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် Gulf နဲ့မှ ထိပ်တိုက်
လာတွေ့ရတော့တယ် ..Gulf အပေါ် ဖြစ်နေတဲ့ သု့စိတ်ကို သူကိုယ်တိုင် ဘာကြောင့်ဆိုတာ ပုံမဖော်နိုင်ပေမယ့် ..
Gulf တခုခု အထင်လွဲမှာကိုတော့ MEW
ကြောက်နေမိတယ် .

YOU ARE READING
My Lover is Gangster
أدب الهواةမင်းကို ငါ အသက်ရှူတိုင်းချစ်တယ် Gulf .. MEW ... ငါ မင်းလိုလူတစ်ယောက်ကို ဒီလောက် ချစ်သွားလိမ့်မယ်မထင်မိဘူး။ Gulf