အရာအားလုံးရဲ့ အစက...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
နွေရာသီကျောင်းပိတ်ရက် ဖြစ်သောကြောင့် သူငယ်ချင်းတွေနဲ့ မတွေ့ရတဲ့ ဂျယ်ယွန်းပိစိက အရမ်းပျင်းနေတယ်။
ထို့ကြောင့် ခြံထဲကမြေကြီးတွေကို ကော်ဇွန်းလေးနဲ့ တူးဆွပြီး ရေနဲ့ဖျော်ကာ တစ်ယောက်တည်း အကြော်ရောင်း နေလိုက်တယ်။အိမ်အနီးနားချင်း အတူဆော့ဖို့ ရွယ်တူသူငယ်ချင်းမရှိသောသောကြောင့် ညီမလေးတစ်ယောက်လိုချင်တယ်လို့ ဂျယ်ယွန်းပြောတိုင်း မေမေက သဘောတကျရယ်နေတတ်တယ်။
တစ်ဦးတည်းသောသားဖြစ်ပြီး တအားအချစ်ခံရပေမဲ့ ဂျယ်ယွန်းလေး အရမ်းအထီးကျန်နေတယ်ဟူးးးးး
ကျောင်းပိတ်ရက်ဖြစ်လို့ အခြားကလေးတွေလို မိဘတွေနဲ့အတူ ပျော်ပွဲစား ထွက်ချင်ပေမဲ့ ဂျယ်ယွန်းရဲ့ ဖေဖေက အလုပ်မအားဘူး။
ဒါပေမဲ့ လိမ္မာတဲ့ ဂျယ်ယွန်းလေးက ညနေအလုပ်ကပြန်လာတဲ့ ဖေဖေကိုကြိုရင်း သူ့အတွက် ဝယ်လာတဲ့ အရုပ်လေးတွေကို ခန့်မှန်းရတာက ခရီးသွားရတာထပ် ပိုပျော်စရာကောင်းတယ်လို့ ထင်တယ်။ဒီနှစ်ပထမတန်း တက်ပြီးသွားတဲ့ ဂျယ်ယွန်းက ကျောင်းတွေပြန်ဖွင့်ရင် ဒုတိယတန်းရောက်တော့မှာ။တစ်နှစ်ကြီးများတောင် ကြီးလာတဲ့ဂျယ်ယွန်းက လူကြီးဖြစ်ပြီပေါ့နော်။
ဒါဆိုရင် သူ တဖက်သက် တိတ်တိတ်လေး သဘောကျနေတဲ့ အတန်းပိုင်ဆရာမရဲ့ တူမလေး ယူရီနဲ့ ရည်းစားလုပ်လို့ရပြီပေါ့....
ဒီလိုကိစ္စတွေကို လူကြီးဖြစ်မှ လုပ်လို့ရတယ်လို့ ပြောထားတဲ့ မေမေကြောင့် ဂျယ်ယွန်းက လူကြီးမြန်မြန်ဖြစ်ဖို့ စောင့်နေရတာဂျယ်ယွန်းက ယူရီကို အများကြီးသဘောကျတယ်
ဘာလို့ဆို အိမ်မှာ ချောင်းဆိုးလို့မစားရတဲ့ ချိုချဥ်တွေကို ကျောင်းရောက်ရင် ယူရီက ဂျယ်ယွန်းကို အများကြီးကျွေးသောကြောင့်ပင်။ထိုချိုချဥ်များကောင်းမှု့ကြောင့် အခုတော့ ဂျယ်ယွန်းရဲ့ ရှေ့သွားလေး နှစ်ချောင်းက သွားပိုးစားနေတယ်။ ဒါကို မေမေ့ရဲ့ သူငယ်ချင်း ဦးဦးဆရာဝန်က တွေ့တိုင်း ဂျယ်ယွန်းကိုသွားနုတ်ပေးမယ်ပြောလို့ အော်ငိုပြီး ပတ်ပြေးနေတော့ နောက်ဆုံး လူကြီးတွေကပဲ လက်လျော့လိုက်ကြရတယ်။