( 4 )

1.7K 174 45
                                    

​ဂျယ်ယွန်းတို့ အထက်တန်းပြီးဆုံးမယ့် ရက်က နီးကပ်လာသလို စာမေးပွဲလည်း ဖြေရတော့မယ်။ရလဒ်ကောင်းကောင်းနဲ့ အမှတ်များများရဖို့အတွက် စာကိုအရင်ချိန်တွေထက် ပိုပြီး ဂရုတစိုက်လုပ်နေရတယ်။

ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ကြား အမြဲအလုပ်ရှုပ်နေတဲ့ ဂျယ်ယွန်းက အခုရက်မှာတော့ အရင်လိုမဟုတ်ပဲ စာကြည့်စားပွဲမှာ အမြဲထိုင်နေရတယ်။ဆောင်ဟွန်းအနားကိုလည်း သိပ်မကပ်ဖြစ်တော့ဘူး...ဂျယ်ယွန်းကဒီလိုနေတော့ ဆောင်ဟွန်းနီးက စိတ်ကျေနပ်နေမှာ အသေအချာပဲ

လူကြီးတွေကတော့ အခုတလော အခန်းအောင်းနေတဲ့ ဂျယ်ယွန်းကို စာမေးပွဲအတွက် အာရုံစိုက်နေရတာကြောင့်လို့ ထင်နေကြလိမ့်မယ်။အမှန်တကယ်တော့ ဂျယ်ယွန်းက စာတွေအားလုံး ပိုင်ထားပြီသား။ တမင်သက်သက် ဆောင်ဟွန်းနီးကို ရှောင်နေတာ။

သူ အဲ့ကောင်လေးအပေါ်ကို စိတ်ကစားနေတာဆိုရင် အခုချိန်ကတည်းက ရပ်တန့်ပစ်ဖို့အတွက်။မဟုတ်ရင် ဂျယ်ယွန်းတစ်ယောက်တည်းပဲ တစ်ဖက်သက် ခံစားနေရမှာ။
.
.
.
.
.
.
.
.
.
.
ကျောင်းကန်တင်းရဲ့တစ်နေရာမှာ ပတ်ဂျေးတစ်ယောက် စည်းရုံးရေး လုပ်နေရတယ်။
သူ့ရဲ့ သူငယ်ချင်းလေး ဂျယ်ယွန်းကိုပေါ့

"ဂျယ်ယွန်းရားးးးး ညရောက်ရင် သွားကြရအောင်နော်"

"မင်းဘာသာသွား ငါမလိုက်ချင်ဘူး
အခုချိန်က စာကိုအရေးတကြီးလုပ်နေရမယ့်အချိန် "

"အကုန်လုံးရနေပြီကို! စာ စာ စာ ပဲအော်နေတယ်။ ငါကတော့ တစ်ချိန်လုံး အဲ့စာတွေပဲ ​ကြည့်နေရတဲ့ ကိုယ့်မျက်လုံးလေးကိုယ် သနားလို့ ငိုမိတော့မယ် "

ပတ်ဂျေးတို့များ ဘယ်လောက်တောင်သွားချင်နေလည်းဆိုတာ အရင်ကရုပ်တည်ကြီးနဲ့နေခဲ့သမျှ အခုတော့ တစ်ကိုယ်လုံးတွန့်လိမ်ပြီး ဂျယ်ယွန်းကို ချွဲနေတယ်။

"ဘယ်လိုဖြစ်ဖြစ် မလိုက်ဘူး!"

ဂျယ်ယွန်းရဲ့ ဆုံးဖြတ်ချက်ခိုင်မာသလို စကားကြောင့် ဂျေးရဲ့မျက်နှာက ဆူပုတ်သွားတယ်။
မတတ်နိုင်ပါ
အခုလို အရေးကြီးတဲ့အချိန်ရောက်နေမှ သွားချင်တဲ့နေရာက Club တဲ့!!
ဂျေး ဘယ်လိုအတွေး ပေါက်သွားတာလဲတော့ ဂျယ်ယွန်းမသိပေ။

YES ,  MAYBE ,  NOWhere stories live. Discover now