မနေ့ညက တစ်ညလုံးအိပ်မပျော်သောကြောင့် အခုမနက်ကျောင်းကို လာတဲ့ဂျယ်ယွန်းက တက်ကြွမှု့တွေ ရှိမနေ။မူးဝေနေတဲ့ခေါင်းကြောင့် မအီမသာ ခံစားနေရချိန် အတန်းထဲက မိန်းကလေးအချို့ကလည်း ဂျယ်ယွန်းလိုဖြစ်နေတာလားမသိ။နှာခေါင်းလေးတွေရှုံပြီး အုပ်စုလိုက် ငြိမ်ငြိမ်လေးထိုင်နေကြတယ်။အရင်လို အချိန်တိုင်းအလှပြင်နေတဲ့ ကောင်မလေးကလည်း ငိုထားပုံရကာ မျက်လုံးမှာ Eyeliner အရည်စီးကြောင်းကြီးနဲ့။တကယ်ပဲ ဘာတွေဖြစ်နေကြတယ်မသိဘူး။
"သူတို့ဘာဖြစ်နေကြတာလဲ "
ဂျယ်ယွန်းက နားမလည်သလိုမေးတော့ ဂျေးက *မင်းဘာမှ မသိဘူးလား*ဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်တယ်။
"အသည်းကွဲနေလို့တဲ့"
"ဟမ် တစ်ယောက်တည်းမဟုတ်ပဲ အကုန်ကွဲနေကြတာလား။ ဒါက ဘယ်လိုတောင် တိုက်ဆိုင်မှု့ကြီးလဲ"
အူလည်လည်ပြောနေတဲ့ ဂျယ်ယွန်းကို ဂျေးက စိတ်မရှည်စွာကြည့်ရင်း
"တစ်ယောက်တည်းကို ဝိုင်းကြိုက်နေတော့ အခုအဲ့တစ်ယောက်ကြောင့် အကုန်ခံစားနေရတာပေါ့"
"သြော် ဘယ်ကောင်လေးလဲ"
"မင်းရဲ့ ချစ်လှစွာသောညီလေးကြောင့်"
"ဟမ်! ဆောင်ဟွန်နီးကြောင့်"
အံသြမှု့ကြောင့် အသံကျယ်သွားသော
ဂျယ်ယွန်းက သူ့ရဲ့ပါးစပ်လေးကိုပိတ်ထားရင်း ဂျေးကို သိချင်စိတ်ပြင်းပြနေသော မျက်လုံးလေးတွေနဲ့ ကြည့်လာတယ်။ သူ့ပုံစံ
လေးက နောက်ထပ်စကားတွေကို ကြားချင်ပေမဲ့လည်း အနည်းငယ်ကြောက်ရွံနေပုံ။"နှစ်ယောက်သား အဲ့လောက်ရင်းနှီးနေပြီး
မင်းဘာမှ မသိဘူးလားဂျယ်ယွန်း""မင်းတို့လူမှားနေတာဖြစ်မယ် မနေ့ညနေက ငါတို့စကားတွေအများကြီးပြောကြတာ သူအဲ့အကြောင်းကို တစ်ခွန်းမှ မပြောခဲ့ဘူး"
"ပတ်ဆောင်ဟွန်းနဲ့မှားစရာလူ ဒီကျောင်းမှမရှိဘူး ။မင်းရဲ့ငယ်သူငယ်ချင်း ယူရီနဲ့ စာကြည့်တိုက်မှာ Date နေတယ်လို့ပြောကြတယ်။ဆောင်ဟွန်းကို သဘောကျနေတဲ့ ကောင်မလေးက သူတို့နှစ်ယောက်သား ပွေ့ဖက်နေတာကို တွေ့ခဲ့တာတဲ့။အခုတော့ တစ်ကျောင်းလုံး သတင်းပျံ့ပြီး ဒီလိုတွေဖြစ်ကုန်တာ "