အခုနေ့က ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲနေ့ဖြစ်သောကြောင့် ပုံမှန်ကျောင်းမလာတဲ့ လူများပါ ရောက်နေကြတယ်။အလှအပကို လိုတာထက်ပိုပြီး ခြယ်သထားတဲ့ ကောင်မလေးတွေရဲ့ ဦးတည်ချက်က basketball ကစားတဲ့ခန်းမဆီကိုသာ ဖြစ်တယ်။
"ငါတစ်ယောက်တည်းမလို့ လိုက်ခဲ့ပါကွာ"
"လုံးဝမလိုက်ဘူး ဟေ့ကောင်
ပွဲတောင်မစသေးဘူး အသံတွေဆူနေတာ
ဒီကတောင် ကြားနေရတယ်။ ငါ နားညီမခံနိုင်ဘူး""ဂျေး ရားးးးးး"
စာသင်ခုံကို သံယောဇဥ်မပြတ်သလို မှီတွယ်ထားတဲ့ ဂျေးကို basketball ကစားတဲ့နေရာဆီ အဖော်လိုက်ခဲ့ဖို့ ဂျယ်ယွန်းက အတင်းဆွဲခေါ်နေရတယ်။အရင်အတိုင်းသာဆိုရင် ဂျယ်ယွန်းလည်း ဒီလိုအားကစားတွေကို စိတ်မဝင်စားပေမဲ့ ဆောင်ဟွန်းနီးကြောင့်သာ။
ဂျယ်ယွန်း စာရင်းကောက်တဲ့ နေ့မှာပဲ အလွယ်တကူလက်ခံတဲ့ ဆောင်ဟွန်းနီးက ဒီကစားနည်းပေါ် ဘယ်လောက်သဘောကျလည်းဆိုတာ သိသာတယ်။"ဆောင်ဟွန်းနီးရဲ့ သူငယ်ချင်းကောင်လေးနဲ့ပဲသွားလိုက်တော့မယ်။ မင်း နေခဲ့တော့"
ဘယ်လိုပြောနေပါစေ တစ်ချက်မှ မလှုပ်တဲ့ ဂျေးကို အမြင်ကတ်လို့ မျက်စောင်းထိုးမိ
သွားတယ်။တကယ်ပဲ နေနိုင်လိုက်တာ။"ဘယ်ကောင်လေးလည်း"
"ယန်ဂျောင်ဝန်းပေါ့"
ဂျယ်ယွန်းပြောလိုက်တဲ့ နာမည်ကိုကြားတော့ ဂျေးရဲ့ အမူအရာက တစ်မျိုးဖြစ်လာတယ်။သူ့ကိုကြည့်ရတာ ဂျယ်ယွန်းကို Basketball ရုံထဲ အတင်းဆွဲခေါ်သွားတော့မယ့်အတိုင်း။
"ဟ!!! ဘာဖြစ်တာလည်း...
ဖြည်းဖြည်းသွားလေကွာ။
ငါ့ခြေထောက်က အရှင်းမပျောက်သေးဘူးနော်"ပြေးတယ်လို့မဆိုသာတဲ့ ခြေလှမ်းမျိုးနဲ့လျောက်နေတဲ့ ဂျေးကို အနောက်က ကြည့်ရင်း ဂျယ်ယွန်းရယ်မိသွားတယ်။နာမည်လေးကြားရုံနဲ့ အငြိမ်မနေနိုင်တော့တဲ့ သူ့ သူငယ်ချင်းက အဲ့ကောင်လေးကို တော်တော်ဖြစ်နေပုံပဲ။
အားကစားရုံထဲကိုရောက်တော့ ထိုင်ခုံတွေကပိုင်ရှင်အသီးသီးနဲ့ ပြည့်နေပေမဲ့ အရှေတန်းမှာရှိတဲ့ ခုံနှစ်ခုံက လွတ်နေတယ်။ထိုခုံပေါ်မှာ အားဖြည့်အချိုရည် သုံးမျိုးနဲ့ ရေသန့်နှစ်ဘူးက နေရာယူထားတယ်။
ဒါဟာ ဂျယ်ယွန်းရဲ့အတန်းခေါင်းဆောင်ဆိုတဲ့ အာဏာနဲ့ အရယူထားရတဲ့ နေရာလေးဖြစ်တယ်။