စတင်ခြင်း။ ။

8.4K 529 90
                                    

ခူးဆွတ်ပြစ်ခြင်းကို ခံယူရဖို့ရာအတွက် ဖူးပွင့်ပေးနေခဲ့ရပါသော ပန်းပွင့်လေးတွေလို ။
တစ်ချို့သောအရာများ၏ ဘဝပျက်ပုံဟာလေ သိပ်ကို သိမ်မွေ့လွန်းနေခဲ့တာပင် ။

ဂန္တဝင်တွင်လောက်သော အချစ်မျိုး ။

တစ်ထောင့်တစ်ညက ပုံပြင်လေးများအကြောင်းအား လွမ်းဆွေးစွာဖြင့် မြည်တမ်းကြည့်ကျမည်ဆိုပါက တစ်ခါတစ်ရံလေးပဲဖြစ်ဖြစ်တော့ ကျနော်တို့နှစ်ဦးသား၏ ပုံပြင်လေးကိုလဲ အမှတ်တရရှိနေစေချင်မိ၏ ။

( အဆုံးမဲ့ခြင်း )

" မဖတ်ရန် "

ဖုန်များစွာဖြင့် အလူးလူးကပ်ညိနေခဲ့ပါသော ၁၅၀၀ရာစုပြည့်နှစ်မှ စာအုပ်လေးတစ်အုပ်ကို အမှတ်တမဲ့ ဆွဲကိုင်လိုက်မိကာ ပါဋ္ဌိအက္ခရာများနှင့် ရေးသားထားခဲ့ပါသည့် စကားလုံးတစ်ချို့အား သူဖတ်ရှူကြည့်မိသည် ။

ဆွေးမြေ့နေခဲ့ပြီဖြစ်သည့် အသားများနှင့်အတူ ပြုတ်ထွက်လုနီးပါးဖြစ်နေခဲ့ပါသော စာရွက်များ​ဟာ တစ်ဆက်တည်းမှာပင် ညီစို့စို့ဖုန်ရနံ့များကို သူ့အား ခံစားလာရစေသည် ။ သို့ပေမယ့်လည်း ထိုစာရွက်ပေါ်မှ လက်ရေးများဟာတော့ ထိုအရာ၏ ဖြစ်တည်မှုနှင့်ခြားနားစွာဖြင့် အထက်တန်းစားဆန်နေခဲ့၏ ။

လူသားတွေရဲ့ စိတ်အာရုံကပဲ ထူးခြားဆန်းပြားနေခဲ့သည်လား မသိပေ ။

တစ်စုံတစ်ရာကို မပြုလုပ်ရန်အတွက်တားမြစ်ထားခြင်းအား ခံယူလိုက်ရကာမှသာ လူသားများ၏ ဦးနှောက်ဟာလည်း ထိုအရာကို မဖြစ်မနေ ပြုလုပ်လိုက်ရန်အတွက် မရပ်မနားလှုံ့ဆော်လာတတ်သည် ။

ထို့ကြောင့်နှင့် တင်ကျန်နေခဲ့ပါသော ဖုန်အထပ်ထပ်ကိုသာ လက်ဖဝါးနုနုလေးကို အသုံးပြုကာဖြင့် ဖွဖွယယ ဖယ်ခါလ်ိုက်ပြီးကာမှ သူ စာအုပ်အဟောင်းလေးကို စတင်ပြီးတော့ လှန်လှောလိုက်မိပါ၏ ။

** လမင်းမျှော်သူ အဘယ်လူ ။
အကြင်သူကိုသာ လွမ်းဆွတ်မိလျက်ပင်
ဝင်သက် ထွက်သက် ကုန်ဆုံး၏ ။ **

စာရွက်ဖျား၏ ကျောပြင်ဘက်ခြမ်းတွင် စကားလုံးတစ်လုံးချင်းဆီအား အရာထင်သည်အထိ ရေးသားထားခဲ့ပါသော ထိုစာတမ်းလေးကို ဖတ်ရှူမိရင်းနှင့် သူ့ရဲ့မျက်ဝန်းအိမ်နှစ်ဖက်တွင် မျက်ရည်ကြည်လေးများ ဝဲတက်လာခဲ့လေသည် ။

အဆုံးမဲ့ခြင်း (Completed)Where stories live. Discover now