ဖွင့်ဟဝန်ခံခြင်း

3K 61 0
                                    

PART 1
ဖွင့်ဟဝန်ခံခြင်း

ပတ်ချန်ယောလ်ဆိုရင် ကျောင်းမှာမသိသူမရှိ။ ကျောင်းမှာအရပ်အရှည်ဆုံးကျောင်းသားဖြစ်ပြီးမျက်နှာလေးက ချစ်စရာကလေးလေးလို။
မိန်းကလေးတွေတော်တော်များများဆီက ချစ်ကြောင်းဝန်ခံတာ အခံရဆုံး ချန်ယောလ်။
ချစ်စရာကောင်းတဲ့မျက်နှာကို နေ့တိုင်းတွေ့နေရတာ ဘယ်သူကမချစ်မိပဲနေပါ့မလဲနော်။
ဒါပေမဲ့ ချန်ယောလ်ကတော့ မိန်းကလေးတိုင်းကို ပြုံးပြုံးလေးနဲ့ အငြင်သာဆုံးနည်းလမ်းသုံးပြီး ငြင်းပစ်တာပါပဲ။

အဲ့ဒီမိန်းကလေးတွေကို ချန်ယောလ် အသဲမခွဲချင်ဘူးလေ။
သူသာ အသဲခွဲတမ်းကစားချင်လို့ကတော့ ငြင်းမဲ့အစား တစ်ယောက်ပြီးတစ်ယောက် ချိန်းတွေ့ဖို့ခေါ်သွားမှာပေါ့။
ချန်ယောလ်ရဲ့နှလုံးသားလေးက တစ်ယောက်ယောက်ကိုချစ်မိနေပြီးသား မဟုတ်ခဲ့ရင်ပေါ့လေ...။

ဒီနေ့ ချန်ယောလ်အိပ်ယာကစောစောနိုးနေသည်။
သူ့ရဲ့ Rilakkuma အရုပ်လေးနဲ့ခဏကစားပြီး ရေချိုးဖို့ မနက်စာစားဖို့နဲ့ နေ့တိုင်းလုပ်နေကျအရာတွေလုပ်ဖို့ အိပ်ယာက ထလိုက်သည်။
ချန်ယောလ်ရဲ့အိမ်က ကျောင်းနဲ့နီးလို့ လမ်းလျှောက်သွားရုံနဲ့ရောက်သည်။
ဒါပေမဲ့ သူကတော့ အထူးအကြောင်းပြချက်တစ်ခုနဲ့ ပိုပြီးဝေးဝေးသွားရတဲ့ ဘတ်စ်ကားဂိတ်ကိုသာသွားလေ့ရှိသည်။

အခု ချန်ယောလ်က ဘတ်စ်ကားဂိတ်မှာထိုင်နေတာဖြစ်ပြီး ဘတ်စ်ကားမဟုတ်တဲ့ တစ်စုံတစ်ယောက်ကို စောင့်နေတာဖြစ်သည်။
အဲ့ဒီတစ်စုံတစ်ယောက်ကြောင့်ပဲ ချန်ယောလ်ဒီလောက်အဝေးကြီးကိုလမ်းလျှောက်ခဲ့ရတာ အိပ်ယာစောစောထရတာ နှလုံးခုန်သံတွေမြန်လာရတာဖြစ်သည်။

ချန်ယောလ် လက်ဝါးနှစ်ဖက်လုံးချွေးစေးတွေပျံနေသည်။
အချိန်မရွေးအပြင်ကိုခုန်ထွက်လာမတက် ဝုန်းဒိုင်းကျဲနေသော နှလုံးခုန်သံကိုလည်း သူကိုယ်တိုင်ပြန်ကြားနေရသည်။
ချန်ယောလ် ခြေတံရှည်တွေကလည်း မငြိမ်သက်စွာ လှုပ်ရှားနေမိသည်။
သူ(မ) ဘယ်မှာပါလိမ့်။ ဘုရားသခင် ငါအရမ်းစိတ်လှုပ်ရှားနေပါလား။
ချန်ယော်လ်ဆံပင်ကို ပုံကျအောင် ခဏခဏပြင်နေရင်း တဖြည်းဖြည်းနီးကပ်လာတဲ့ပုံရိပ်လေးကိုမြင်လိုက်ရသည်။
သူ(မ) ရောက်လာပြီပဲ။ သူ(မ) ကတော့ ဘယ်တော့မှ ချန်ယောလ်ကို မကြည့်တတ်ပေမဲ့ ချန်ယောလ်စိတ်မကွက်ပါ။
သူက ကိုယ့်ကိုကြည့်မနေတော့ ကိုယ်ကသူ့ကို လွတ်လွတ်လပ်လပ်ငေးကြည့်နေလို့ရတာပေါ့။

The Day She Forgot to Wear Underwear 👙Where stories live. Discover now