Rilakuma's Memory

319 38 4
                                    

PART 12
Rillakuma's Memory

*Ring Ring Ring*

ဂျောင်ဆူးက ဖုန်းမြည်သံကိုကြားပေမဲ့ မကိုင်ဘဲနေမိသည်။
ဖုန်းမကိုင်ချင်ဘူး။ ဖုန်းဆက်နေတာချန်ယောလ်မှန်း ဂျောင်ဆူးသိသည်။
ဖုန်းကိုပိတ်လည်းမပိတ်လိုက်ဘဲ ဒီအတိုင်းသာပစ်ထားလိုက်သည်။
ကျောင်းသုံးရက်လောက်ပျက်ထားပြီးပြီဆိုတော့ ဖုန်းထဲမှာ ချန်ယောလ်ရဲ့ missed call တွေက အခါ ၂၀၀ လောက်ရှိတော့မည်။
အဲ့ဒီထက်ပိုများကောင်းများနိုင်ပါသေးသည်။
ဂျောင်ဆူးက ဘာကိုမှလုပ်ချင်စိတ်မရှိ။ စာလည်းမလုပ်ချင်၊ သင်ခန်းစာအသစ်တွေလည်းမသင်ယူချင်၊ ချန်ယောလ်ကိုလည်း မတွေ့ချင်။
နေ့တိုင်းအခန်းထဲမှာပဲထိုင်ပြီး သူ့ကံကြမ္မာကိုစဉ်းစားနေတတ်သည်။
ဘာလို့များကံတရားက ကျွန်တော့်ခံစားချက်တွေကို ကစားချင်ရတာလဲ။
ပျော်စရာကောင်းလား။ ကျွန်တော်ခံစားနေရတာ ဟာသတွေလိုပဲလား။
ကျွန်တော်လုံးဝသည်းမခံနိုင်တော့တဲ့စိတ်တစ်ခုသာကြီးစိုးနေသည်။

နောက်ဆုံးတော့ ငိုလည်းထပ်မငိုနိုင်တော့ဘူး။
ငိုရလွန်းလို့ထပ်ထွက်လာစရာမျက်ရည်မရှိလောက်အောင်ကို ကုန်ခမ်းနေပြီ။
အနိုင်ကျင့်ခံရတဲ့အချိန်ကခံစားချက်တွေထက် ချန်ယောလ်နဲ့ပတ်သက်ပြီးခံစားရတာတွေက ကျွန်တော့်ဘဝကို ကြီးမားလေးလံတဲ့ အနာတရတွေဖြစ်ပေါ်စေသည်။
အခုလို ဆုံးရှုံးမှု၊ နောင်တ၊ အချစ်၊ အမုန်းတွေခံစားနေရတာထက်စာရင် ကျွန်တော်က အနိုင်ကျင့်တာကိုပဲ ကျေကျေနပ်နပ်ခံယူလိုက်ချင်ပါသည်။

ခေါင်းအုံးအောက်က အရာတစ်ခုဆီ ဂျောင်ဆူးအကြည့်ရောက်သွားသည်။
အရုပ်လေးပဲ။ Rilakuma အရုပ်လေး။

👙

"ဂျောင်မီ"

"အင်း ချန်နီး"

"ကိုယ် မင်းကိုပေးစရာရှိလို့"

ချန်ယောလ်ကလက်နှစ်ဖက်ကိုကျောဘက်မှာဖွက်ထားရင်းပြောသည်။

"ဘာပေးမလို့လဲ"

ဂျောင်ဆူးက သိချင်စိတ်ဖြင့် ချန်ယောလ်နောက်မှာဖွက်ထားတာကိုကြည့်ဖို့ကြိုးစားသည်။

The Day She Forgot to Wear Underwear 👙Donde viven las historias. Descúbrelo ahora