PART 36
ပျော်စရာဇာတ်လမ်း"ဘုရားသခင် ငါ့သားလေးမင်္ဂလာဆောင်ရတော့မယ်"
ချန်ယောလ်နဲ့ ဂျောင်ဆူး နမ်းနေရာက အော်သံကြားလိုက်တော့ လန့်ပြီး တစ်ယောက်နှုတ်ခမ်းတစ်ယောက်ကိုက်မိသွားသည်။
"အား"
နှစ်ယောက်လုံး နာသွားပြီး ဓာတ်လှေကား အပြင်ဘက်က အမျိုးသမီးနှစ်ဦးကိုတွေ့သည့်အခါ နှလုံးခုန်ရပ်သွားမလို ခံစားလိုက်ရသည်။
တံခါးပွင့်သွားတာတောင်သတိမထားမိလိုက်ကြဘူး။ ချန်ယောလ်က သူ့အမေကိုတွေ့တော့ တံတွေးမြိုချလိုက်မိတယ်။"ဘုရားသခင် ယုံတောင်မယုံနိုင်ဘူး"
ချန်ယောလ်အမေက ဓာတ်လှေကားထဲဝင်လာပြီး ချန်ယောလ်နဲ့ ဂျောင်ဆူးကို ပွေ့ဖက်လိုက်သည်။ အရပ်ရှည်တဲ့တစ်ယောက်နဲ့ အရပ်ပုတဲ့တစ်ယောက်ကိုဖက်ထားရတာ သိပ်တော့အဆင်မပြေ။
"နောက်ဆုံးတော့ အမေ သားကိုတွေ့ရပြီပေါ့
အမေ့ရဲ့ သမက်လေးက ကမ္ဘာမှာချစ်စရာအကောင်းဆုံးဖြစ်မှာပဲ နာမည်တောင် မသိသေးပေမဲ့ အမေက သားကိုချစ်နေပြီးသားပါ"ချန်ယောလ်အမေက ဂျောင်ဆူးလက်ကိုဆွဲကာ ခုန်ဆွခုန်ဆွလုပ်နေတော့ ဂျောင်ဆူးပါ လိုက်ခုန်နေရသည်။
"အမေ တော်တော့လေ"
"ဆောရီး"
ချန်ယောလ်က အမေ့ကို ထိန်းလိုက်ပြီး ဂျောင်ဆူးလက်တွေကို ပြန်ဆွဲလိုက်သည်။
"အမေက သဘောတူတာလား"
"လာနောက်နေတာလား သဘောတူတာမှ ဟိုဘက်တောင်လွန်နေပြီ"
"ငါကတော့ သဘောမတူဘူး"
ချန်ယောလ် အစ်မက သဘောမတူကြောင်းပြောတော့ အကုန်လုံးလန့်သွားသည်။
"ဘာလို့လဲ အစ်မ"
ချန်ယောလ်က စိတ်ဆိုးနေပုံရတဲ့ အစ်မယူရာနားကို ကပ်သွားသည်။
"နင်ကဘာလို့ငါ့ထက်အရင် မင်္ဂလာဆောင်ရမှာလဲ
ငါကနင့်ထက်အသက်ကြီးတယ်လေ""ဘယ်ယောက်ျားမှ အစ်မကို စိတ်မဝင်စားတာ အစ်မရဲ့ကိစ္စလေ"
"အေးပါ နင့်ရဲ့ချစ်သူလေးကို နင်လက်ထပ်လို့ရတယ်
ဒါပေမဲ့ ငါလက်ထပ်ပြီးမှ နင့်အလှည့်"
VOUS LISEZ
The Day She Forgot to Wear Underwear 👙
Fanfiction👙သူမ အတွင်းခံဝတ်ဖို့ မေ့ခဲ့တဲ့နေ့👙 ချစ်စရာကောင်းတဲ့ ကောင်မလေး ဒိုဂျောင်မီကို ချစ်မိသွားလို့ သူ့ကိုယ်သူ straight လို့ သေချာနေတဲ့ ပတ်ချန်ယောလ်...။ ရုတ်တရက် ဂျောင်မီ့ဘောင်းဘီထဲက ကြီးမားပြီးမူမမှန်တဲ့အရာကို မြင်တဲ့အခါ သူဘာလုပ်မလဲ။ @exofangurl99 ရဲ့ F...