အစပြုခြင်း

525 42 4
                                    

PART 5
အစပြုခြင်း

နှိုးစက်မလိုဘဲ ချန်ယောလ် ပြုံးရွှင်စွာနိုးထလာခဲ့သည်။
အချစ်ရဲ့အစွမ်းတွေပေါ့။

ရေချိုးရင်းနဲ့သီချင်းဆိုတော့လည်း high note တွေထိ ရောက်အောင်အော်နိုင်ခဲ့သည်။
အချစ်ရဲ့အစွမ်းတွေပေါ့။

ကြက်ဥကြော်တော့လည်း အရင်လို တူးမသွားပဲ လှလှပပလေးထွက်လာခဲ့သည်။
အချစ်ရဲ့အစွမ်းတွေပေါ့။

"အိုကေ ချန်ယောလ် နင်ဘာဖြစ်နေတာလဲ
နင့်ကိုကြည့်ရတာ ငါတောင်တုန်လှုပ်လာပြီ"

ထူးဆန်းပြီးစိတ်ရှုပ်စရာကောင်းနေတဲ့ ချန်ယောလ်ကို ယူရာက အော်ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"

ချန်ယောလ်က စပ်ဖြဲဖြဲနဲ့ပြန်ဖြေလိုက်သည်။

"ဖျားများနေလား"

ချန်ယောလ် ထူးဆန်းနေတာသတိထားမိတဲ့ မေမေကလည်း ဖန်ခွက်ထဲ လိမ္မော်ရည်တွေလောင်းထည့်ရင်း မေးပြန်သည်။

"မဖျားပါဘူး ဘာမှမဖြစ်ပါဘူးဆိုနေ"

ချန်ယောလ်က ဒီတိုင်းပဲ မပြောချင်တဲ့အတွက် လျှို့ဝှက်ထားလိုက်သည်။

မေမေနဲ့ အမယူရာကတော့ သူတို့အချင်းချင်းသာနားလည်တဲ့ မျက်နှာအမူအရာနဲ့ အသံမထွက်ဘဲ စကားပြောနေကြသည်။

"အာ...ဘာဖြစ်နေလဲဆိုတာ ငါသိပြီ"

အခုထိသွားမစိနိုင်အောင် ဖြီးနေတဲ့ချန်ယောလ်ကိုကြည့်ရင်း အမ ယူရာက ပြောလိုက်သည်။

"ဘာလဲ"

ချန်ယောလ်က ချက်ချင်းသိသွားပြီဆိုတဲ့ အမကို မယုံနိုင်သလိုမေးလာသည်။

"နင် ဘဲရသွားတာမလား"

ယူရာက ဒီတိုင်းခန့်မှန်းပြီး ပြောချလိုက်တာဖြစ်သည်။

"ဘာကြီးလဲ မဟုတ်ပါဘူးနော် ကောင်မလေးရသွားတာပါ
ကျွန်တော်ကဘာလို့ ယောက်ျားလေးနဲ့တွဲရမှာလဲ
ထူးဆန်းတဲ့ဟာကြီးကို"

"ဟင် ငါကနင့်ကိုဂေးနေတယ်ထင်တာ"

"ဘာလို့လူတိုင်းက ကျွန်တော့်ကို ဂေးနေတာထင်တာလဲ
ကျွန်တော်က လုံးဝအဖြောင့် ဟုတ်ပြီလား"

The Day She Forgot to Wear Underwear 👙Donde viven las historias. Descúbrelo ahora