Final

569 44 0
                                    

PART 39
Final

ဂျောင်ဆူးက စိတ်လှုပ်ရှားပြီး ခြေထောက်တွေတောင် မခိုင်ချင်တော့ဘူး။ မြင်နေရတာတွေကို ငေးကြည့်ရင်းကို စိတ်ထဲမှာဘာကိုမှ သေချာမတွေးနိုင်တော့ဘူး။ ချန်ယောလ်က လျှောက်လှမ်းရဲ့အဆုံးမှာသူ့ကိုစောင့်နေတယ်ဆိုတာ ဘယ်လောက်ရင်ခုန်စရာကောင်းလိုက်လဲ။

"ဂျောင်ဆူး သွားရအောင်"

ဘတ်ခ်ဟျွန်းက ဂျောင်ဆူးနားရောက်လာပြီး လက်ကိုဆွဲကာ လျှောက်လမ်းအတိုင်းခေါ်သွားသည်။
[ ဘတ်ခ်ဟျွန်းနီးလေးက Fic တိုင်းမှာ တအားချစ်ဖို့ကောင်းနေတော့တာပဲ 😘 ]
တီးလုံးသံလေးထွက်လာပြီးနောက် အားလုံးရဲ့အကြည့်က ဂျောင်ဆူးဆီမှာရှိနေပြီး ဂျောင်ဆူးကလည်း တစ်ချိန်တည်းမှာ ပျော်တာရော စိတ်လှုပ်ရှားတာပါ တစ်ပြိုင်တည်းခံစားနေရသည်။

ချန်ယောလ်က သတို့သားဝတ်စုံနဲ့တအားကို ကြည့်ကောင်းနေပြီး သူ့ဆီကိုလှမ်းလာနေတဲ့ ကောင်လေးကို အကြည့်မလွှဲဘဲ ပြုံးနေသည်။ ဂျောင်ဆူးက လျှောက်လှမ်းအဆုံးကိုရောက်သွားတော့ ဘတ်ခ်ဟျွန်းက လက်ကိုလွှတ်ပေးလိုက်ပြီး ဆယ်ဟွန်းဘေးမှာ သွားထိုင်သည်။ ဂျောင်ဆူးက ချန်ယောလ်ဘက်ကိုလှည့်လိုက်ပြီး မျက်လုံးချင်းဆုံကြည့်လိုက်သည်။ သူတို့အကြည့်တွေထဲမှာ အချစ်တွေ၊ မျှော်လင့်ချက်တွေ၊ ပျော်ရွှင်မှုတွေ ပြည့်လျှံလို့နေသည်။

ချန်ယောလ်က သတို့သားဝတ်စုံနဲ့တအားကို ကြည့်ကောင်းနေပြီး သူ့ဆီကိုလှမ်းလာနေတဲ့ ကောင်လေးကို အကြည့်မလွှဲဘဲ ပြုံးနေသည်။ ဂျောင်ဆူးက လျှောက်လှမ်းအဆုံးကိုရောက်သွားတော့ ဘတ်ခ်ဟျွန်းက လက်ကိုလွှတ်ပေးလိုက်ပြီး ဆယ်ဟွန်းဘေးမှာ သွားထိုင်သည်။ ဂျောင်ဆူးက ချန်ယောလ်ဘက်...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ချန်ယောလ်က အသက်ပြင်းပြင်းရှုလိုက်ပြီး ကတိသစ္စာစကားကို စပြောသည်။

"ကျွန်တော် ပတ်ချန်ယောလ်သည် ခင်ပွန်းသည် ဒိုဂျောင်ဆူးကို ယနေ့မှစ၍ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ သေသည်အထိ သစ္စာစောင့်သိပါမည်"

"ကျွန်တော် ဒိုဂျောင်ဆူးသည် ခင်ပွန်းသည် ပတ်ချန်ယောလ်ကို ယနေ့မှစ၍ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ သေသည်အထိ သစ္စာစောင့်သိပါမည်"

တစ်ယောက်နဲ့တစ်ယောက်မင်္ဂလာလက်စွပ်လဲလိုက်ကြသည်။

"လက်တွဲဖော်ကို အကြင်နာပေးလို့ရပါပြီ"

ချန်ယောလ်က ဂျောင်ဆူးပါးလေးကို လက်နဲ့ပွတ်သပ်နေပြီးမှ မျက်နှာကိုငုံပြီး နှုတ်ခမ်းချင်းထိလိုက်သည်။ ဂျောင်ဆူးကိုယ်တိုင်တောင်မသိလိုက်ဘဲ မျက်ရည်များကျနေမိသည်။ အနမ်းတွေကို ရပ်လိုက်ပြီး ချန်ယောလ်က ဂျောင်ဆူးမျက်ရည်များကို သုတ်ပေးသည်။

"saya cintakan awak"

"ဘာပြောတာလဲ"

"မလေးရှားလို ချစ်တယ်လို့ပြောတာ"

"ငါလည်းမင်းကိုချစ်တယ် ချန်ယောလ် တစ်ဘဝလုံးစာအတွက်"

ဂျောင်ဆူးက စကားပြောပြီးတာနဲ့ ချန်ယောလ်ကို ပွေ့ဖက်လိုက်သည်။ လူအုပ်ကြီးက လက်ခုပ်တီးပြီး ဂုဏ်ပြုပေးကြသည်။ ဂျောင်ဆူးနဲ့ချန်ယောလ်က ခက်ခဲတဲ့မုန်တိုင်းတွေကို ဖြတ်ကျော်ခဲ့ကြပြီး အခုဆိုရင် တစ်သက်တာ
ပျော်ရွှင်ရမည့် သက်တံ့ငယ်လေးကို ရှာတွေ့သွားကြပြီဖြစ်သည်။

This is not a happy ending, because true love never ends

- The End -

အမှတ်ရ Notes လေးလည်း ဖတ်ပေးကြဦးနော်

The Day She Forgot to Wear Underwear 👙Where stories live. Discover now