( Zawgyi)
ဝမ်ရိပေါ်တစ်ယောက် တွေ့လိုက်ရတာက ကောနဲ့သူ့ပုံတွေ ။ကျောင်းမှာသာမက အပြင်ကပုံတွေကော ။ဒါတွေကဘယ်လိုလုပ်ပါးဆီမှာရှိနေရတာလဲ။
" ပါး ကျွန်တော့ကိုလိုက်စုံစမ်းနေတာလား "
" မဟုတ်ပါဘူး ပါးကိုတစ်ယောက်ယောက်ကပို့လိုက်တာ "
" ဘယ်သူလဲ "
" အဲ့ဒါတော့ပါးလည်းမသိဘူး ဝမ်လေးကစဉ်းစားတတ်တဲ့လူတစ်ယောက်ဆိုတာ ပါးသိလို့ ဘာမှမပြောလိုဘူး ဒါပေမယ့် သားရဲ့ရွေးချယ်မှုအတွက် လုံးဝနောင်တမရဘူးဆိုတာ သေချာသွားပြီလား "
" ကျွန်တော် ကောရဲ့လက်ကို စတွဲခဲ့ကတည်းက လွှတ်လိုက်ဖို့မဟုတ်တာမို့ နောင်လည်း လွှတ်လိုက်ဖို့အစီအစဉ်မရှိဘူးပါး "
" သားတို့လူငယ်သဘာဝတွေကိုပါးနားလည်ပါတယ် သားက ဒီလိုဖြစ်နေတဲ့အတွက်လည်း ပါးအထင်သေးမှာမဟုတ်ဘူး ဒါပေမယ့် သေချာဆန်းစစ်စေချင်တယ် "
" ပါးဆိုလိုချင်တာက "
" သားတို့ခဏလောက် အဆက်အသွယ်ဖြတ်ပြီး နေလို့ရမလား "
" ချစ်ခြင်းတစ်ခုမှာ ချစ်နေဖို့ဘဲအရေးကြီးတာမဟုတ်ဘူးဝမ်လေး နားလည်မှု ၊ ယုံကြည်မှုရှိဖို့လိုတယ် သားတို့သာတစ်ကယ်ချစ်တယ်ဆိုရင် ဘယ်လိုကြီးမားတဲ့ကိစ္စရှိနေပါစေ အချင်းချင်းယုံကြည်မှုရှိနေကြမှာဘဲလေ "
" ကျွန်တော့ကိုယ်ကျွန်တော် ယုံကြည်သလို ကောကိုလည်းကျွန်တော်ယုံတယ်ပါး "
" ခဏတာချစ်ခြင်းတစ်ခုကို တစ်ဘဝထင်ပြီးရူးမိုက်ခဲ့ကြလို့ အဆုံးသတ်မလှတဲ့ ဇာတ်လမ်းတွေကိုပါးကြုံဖူးခဲ့ပြီးပြီသား သားတို့သာတစ်ယောက်နဲ့တစ်ယောက်တစ်ကယ်မေတ္တာစစ်တယ်ဆိုရင် ပါးလည်းဘာမှကန့်ကွက်စရာမရှိပါဘူး အဲ့တာကပိုကောင်းတယ်လေ ပါးနဲ့ သားမား တွေကို အိမ်ကပေးစားလို့ယူခဲ့ကြတဲ့အတွက် အချစ်မပါတဲ့အိမ်ထောင်ရေးမို့ နှစ်ယောက်စလုံးပျော်ရွှင်မှုမရကြဘူးလေ ပါးဂရုစိုက်မယ်လို့တွေးမိလိုက်တဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပြီ ဒါကြောင့်သားကိုပါး က သားစိတ်ဆန္ဒအတိုင်းလုပ်ပေးဖို့အဆင်သင့်ပါ ဒါပေမယ့် သူကသားရဲ့တစ်ဘဝလုံးစာအတွက် လက်တွဲသင့် မတွဲသင့်ကို ပါးစောင့်ကြည့်ချင်သေးတယ် "
YOU ARE READING
ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- Preg
Fanfictionအိပ်မက်ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား အိပ္မက္ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား Yizhan fanfiction M - Preg