( Zawgyi)
သာယာတဲ့နံနက်ခင်းလေးမှာနေရောင်ခြည်လေးတွေက ကန့်လကာမှဖြတ်ကာ ကောင်လေးနှစ်ယောက်ရဲ့မျက်နှာပေါ်သို့ဖြာကျနေလေသည်။ဝမ်ရိပေါ်မျက်လုံးလေးကိုအသာအယာဖွင့်ကာ ရှေ့မှာအိပ်နေတဲ့ကောရဲ့မျက်နှာကြည်ကြည်လေးကို ကြည့်နေလိုက်သည်။ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ။မှိတ်ထားတဲ့မျက်ခွံလေးတွေကအစလှပသည်။နှုတ်ခမ်းလေးကတော့ သူ့ပယောဂကြောင့် ဖူးယောင်နေလေသည်။ဒါလည်းတစ်မျိုးလေးချစ်ဖို့ကောင်းနေဆဲ။လည်ပင်းတစ်လျောက်နဲ့ ညှပ်ရိုးလေးတွေမှာလည်း သူကိုက်ထားတဲ့ကိုက်ရာတွေအပြည့်။စုပ်ခဲ့တဲ့အမှတ်အသားလေးတွေနဲ့ လှပလွန်းသည်။သူကြည့်နေတုန်းမှာပင် ရှောင်ကျန့် လွန့်လူးလာကာ မျက်လုံးလေးပွင့်လာတော့သည်။
" မောင် ဘယ်တုန်းကနိုးနေတာလဲ "
" အခုလေးတင်ဘဲ ကောကိုကြည့်နေတာ မောင်ရဲ့နံနက်ခင်းတိုင်းကို ကောကိုကြည့်ပြီးနိုးထချင်တယ် "
သူအဲ့လိုပြောလိုက်တော့ ကောလန့်သွားပုံပင် မျက်လုံးလေးပြူးကျယ်သွားကာ
" ဒါပေမယ့် ကောကြောက်တယ်မောင် "
ကောပြောနေတာနားမလည်တော့။သူကကောကို အနုအရွလေးပြောတာကိုကောကဘာလို့ကြောက်ရတာလဲ။နောက်မှသဘောပေါက်တော့ ဝမ်ရိပေါ် ထရယ်မိတော့သည်။မနက်ခင်းမှာအတူနိုးထနိုင်ဖို့ဆို ညကတည်းကအတူရှိနေဖို့လိုတယ်မလား။
" ကောကလည်း ကလေးလည်းမဟုတ် ကြောက်နေတယ် "
" ကလေးဆိုရင်တော့ကြောက်စရာမလိုဘူးပေါ့ "
" ဟုတ်ပါပြီ အခုထကြတော့မလား "
" မထချင်သေးဘူး "
" အဲ့ဆို မနက်ခင်းသွေးပူလေ့ကျင့်ခန်းလေးလုပ်ကြမလား "
သူ့အပေါ်အုပ်မိုးလာကာ လူယုတ်မာပြုံးကြီးဖြင့်ပြောလာတော့ ရှောင်ကျန့်အသည်းအသန်ငြင်းရတော့ သည်။
" ဟင့်အင်း မောင် ... မောင် ..မလုပ်..."
ယုန္ဆိုတာ ျခေင်္သ့ကိုနိုင်ရိုးထုံးစံမှမရှိတာ။သာယာတဲ့မနက်ခင်းလေးမှာမသာနိုင်သူကတော့ ျခေင်္သ့ကြီးစားတာကိုခံနေရတဲ့ယုန်လေးပါဘဲ။
YOU ARE READING
ချစ်ခြင်းရဲ့နောက်ကွယ် ( Complete ) M- Preg
Hayran Kurguအိပ်မက်ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား အိပ္မက္ထဲထိ တမ်းတမ်းတတ ခေါ်မိချင်သူတစ်ခုတည်းသောနာမ်စားလေးကနှလုံးသားမရှိသူ မောင် တဲ့လား Yizhan fanfiction M - Preg